အမျိုးသားသည် အခြားသူများလို ဈေးကြီးတန် အစားအစာကို ဝယ်စားနိုင်ပြီး သုံးဖြုန်းနိုင်သော်လည်း သူ့လစာလေးကို သူ့ရဲ့မိသားစုမှ တင်နေသောအကြွေးတွေအား ဆပ်ပေးချင်တာကြောင့် ချွေတာခဲ့ရခြင်းဖြစ်ကြောင်းကိုတော့ မည်သူကမျှ မသိရှိခဲ့ကြပေ။
Rain (For Ialinks)
Unicode
ရှစ်နှစ်ကြာသည်ထိ ထမင်းစားချိန်တိုင်း ကြက်ဥကြော်နဲ့ ငါးကြော်လေးကို ဟင်းလုပ်ပြီး စားခဲ့၍ မည်သူကမှ အပေါင်းအသင်းမလုပ်ချင်ပဲ ဖြစ်နေသော အမျိုးသားတစ်ဦး
ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၇နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဒေသရှိ စက်ရုံတစ်ခုတွင် အလုပ်သမားဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။
ထိုသို့ လုပ်ကိုင်ရင်း အမျိုးသားသည် ထမင်းစားရာ၌ နေ့စဥ် ကြက်ဥကြော်နှင့် ငါးခြောက်ကြော်လေးကိုသာ စားသုံးနေ၍ စက်ရုံထဲရှိ အခြားသောဝန်ထမ်းများမှ အမျိုးသားအား အပေါင်းအသင်းမလုပ်ချင်ကြပဲရှိရာ တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။
အမျိုးသားသည် အခြားသူများလို စျေးကြီးတန် အစားအစာကို ဝယ်စားနိုင်ပြီး သုံးဖြုန်းနိုင်သော်လည်း သူ့လစာလေးကို သူ့ရဲ့မိသားစုမှ တင်နေသောအကြွေးတွေအား ဆပ်ပေးချင်တာကြောင့် ချွေတာခဲ့ရခြင်းဖြစ်ကြောင်းကိုတော့ မည်သူကမျှ မသိရှိခဲ့ကြပေ။
တစ်နေ့တွင် စက်ရုံထဲ၌ ကြီးကြပ်ရေးမှူးသစ်တစ်ယောက်ကို ဝန်ထမ်းများအား မိတ်ဆက်ပေးခဲ့ရာတွင် ကြက်ဥကြော်နှင့် ငါးခြောက်ကြော်ကိုသာ စားခဲ့၍ နေ့စဥ် လှောင်ပြောင်ခဲ့ကြသော အမျိုးသားဖြစ်နေတာကြောင့် အကုန်လုံးမှ အံ့အားသင့်ခဲ့ကြရသည်။
အမျိုးသားသည် မိသားစုရဲ့အကြွေးတွေကို ကျေအောင်ဆပ်ပေးပြီးနောက် ရာထူးတိုးဖို့ရာအတွက် သင်တန်းတစ်ခုသို့ တက်ရောက်ခဲ့ခြင်းဖြင့် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာသည့်အတွက် ဝန်ထမ်းတွေမှ အရင်ကပြောဆိုခဲ့သမျှကို အားနာနေမိကာ အမြင်အားလုံးပြောင်းကာ ချီးမွမ်းခဲ့ကြသည်။
Rain (For Ialinks)