ၾကားသိရသမွ်

ကမ္ဘာကြီးအားမက်ဆေ့ပေးလိုက်သော အမေ့ရဲ့ ရဲရဲတောက်စကားများ










ကမ္ဘာကြီးအားမက်ဆေ့ပေးလိုက်သော အမေ့ရဲ့ ရဲရဲတောက်စကားများ

ဘယ်လိုဥပဒေဘဲဖြစ်ဖြစ် ကျမတို့လိုက်နာကြရမယ်၊ရှင်တို့ ကျမကို မတရားတဲ့ ဥပဒေတွေနဲ့တရားစွဲ ‌စီရင်ချက်တွေ အမျိုးမျိုးချခဲ့သမျှ ကျမဘယ်တုန်းက ငြင်းဆန်ခဲ့ဖူးသလဲကျမ ဘယ်လိုတုံ့ပြန်ခဲ့ဖူးသလဲ။

နိုင်ငံသားကြီးသားပီသစွာ ဥပဒေကို လေးစား လိုက်နာရမယ်ဆိုတဲ့အကြောင်း ကျမ နိုင်ငံသားတွေကို စံပြပေးရင်း ရှင်တို့ အပြစ်ဒဏ်ချသမျှ ကျမရင်ဆိုင် ခံယူပြခဲ့တယ်လေ။

ခုလည်း ကမ္ဘာကြီးက ဥပဒေအရ ကျမနဲ့ ရှင်တို့ကို တရားဥပဒေအရ စွဲချက်တင်တာ ကျမတို့ရင်ဆိုင်ရမှာဘဲ။

ဒီနေရာမှာလည်း ကမ္ဘာကြီးရဲ့ ဥပဒေ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေကျမတို့ ခုခံကာကွယ်လျှောက်လဲရင်း စီရင်ချက်ကို ကျမတို့ စံပြအဖြစ် လိုက်နာသွားကြဖို့ ကျမကိုယ်ကျမဆုံးဖြတ်ထားတယ်။

ဥပေဒဆိုတာ လေးစားလိုက်နာရတဲ့အကြောင်း ကျမကိုယ်ကိုအရင်းတည်ပြီး စံပြအဖြစ် ခံယူသွားမယ်၊ ဥပဒေကို ချိုးဖောက်ရင် ဥပဒေရဲ့ စီရင်ခြင်းကိုခံရမှာ ဓမ္မတာပါဘဲ။

ကျမရဲ့ ကြောက်ရွံ့ခြင်းမှကင်းဝေးရာဆိုတဲ့စာအုပ် အလကားရေးထုတ်ခဲ့တာမဟုတ်ဘူး။ကျမရဲ့ ယုံကြည်ရာ ကမ္ဘာကြီးကို စံနမူနာပြဖို့ ကျမကိုယ်နဲ့ရင်း ရေးထိုးပြခဲ့တာ။

ရှင်တို့လည်း ကျမလို သတ္တိရှိဖို့ ပြင်ဆင်ခဲ့ကြ…

ဒေါ်အောင်ဆန်းစုကြည်….Credit:::