မြန်မာပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။
အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့ ကမ်ပိန်းတစ်ခုကို အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ လုပ်ချင်ပါတယ်။
အောက်တိုဘာ ၁၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ် တင်၊ တော်လှန်ရေး သင်္ကေတ လက်၃ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်
ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာထောက်ထား အားပေး ကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ်သက်ရာ caption နဲ့
#OnlyTogether
#DRRDay2021Myanmar
#StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားလေးတွေကို တွဲတင်ပေးပြီး ဒီကမ်းပိန်းမှာ အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်
Only together, Can we save the planet!
Only together, Can we win the democracy!
unicode
#OnlyTogether
#DRRDay2021Myanmar
Only together, Can we save the planet!
Only together, Can we win the democracy!