ၾကားသိရသမွ်

ဝတ်ရုံကိုယ်ထည်တွေနဲ့ အလှဆင်ပြီး ရိုးရာဓလေ့ပွဲတစ်ခုကို ချီတက်နေရသေးတဲ့ သနားစရာ ဆင်အိုကြီးတစ်ကောင်

Save Elephant Foundation က အသက် (၇၀) အရွယ်အမျိုးသမီးဆင် Tikiri ကို (၁၀) ညဆက်တိုက် အလုပ်ခိုင်းစေခဲ့တဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ် ။ Tikiri ဟာ ရောင်စုံဝတ်စုံများဖြင့် Buddha Tooth Relic Parade မှာ လူတွေကောင်းချီးခံစားရဖို့ ညတိုင်းကီလိုမီတာများစွာ လမ်းလျှောက်ပါဝင်ခဲ့ပါတယ် ။

ဒါပေမယ့် ဆင်ဟာ အားနည်းလာပြီး မျက်ရည်များစီးကျလာခဲ့တာကို ဆင်ရဲ့ မျက်နှာမှာ အဝတ်နဲ့ အလှဆင်ထားတာကြောင့် လူတွေက မသိခဲ့ပါဘူး။ ညဘက်ပွဲတော်အတွင်းဆူညံသံများ၊ မီးရှူးမီးပန်းများနဲ့ မီးခိုးများကြားမှသူ့ခြေထောက်မှာ သော့တိုကို ဝတ်ထားပြီးဖြည်းဖြည်းချင်း လမ်းလျှောက်နေရပါတယ် ။ သို့သော် Buddha Tooth Relic Temple ရဲ့ ကိုယ်စားလှယ်များပွဲစီစဉ်သူက တိရိစ္ဆာန်ဆရာဝန်က ဘုရားကျောင်းက တိရိစ္ဆာန်ပုံမှန်ဂရုစိုက်နေပြီး မကြာခဏ စစ်ဆေးခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : khaosod

Zawgyi



JRose (KB Chimmy One)