အသက်(၄၀)အရွယ် Single Mother တစ်ဦး၏ ပြီးပြည့်စုံသော ဘဝ
အသက် ၄၀ ကျော်မှ ကလေးယူခြင်းဟာ ကလေး၏ဉာဏ်ရည်အပေါ် ထိခိုက်နိုင်ကြောင်း ၊ Down Syndrome ဖြစ်စေနိုင်ကြောင်း ဆရာဝန်များက အကြံပြုကြပါတယ်။ သို့သော် အသက်(၄၀)ကျော် Single အမျိုးသမီးတစ်ဦးဖြစ်သူ Michele Elizaga ကတော့ ကလေးယူရန် ရွေးချယ်ခဲ့ပြီး အခက်အခဲများကြားမှပင် သားငယ် Matthew ဟာ သူမအတွက် ကံကြမ္မာက ပေးသောလက်ဆောင်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။
Single mother တစ်ယောက်ဘဝဖြင့် Down syndrome သားငယ်လေးကိုပြုစုပျိုးထောင်ပေးနေသူ Michele Elizaga ၏ ဘဝဖြတ်သန်းပုံများကို စိတ်အားတက်ဖွယ် တင်ပြပေးလိုပါတယ်။
(၁) အသက် ၄၀ ပြည့်ခြင်းဟာ Michele အတွက်တော့ ကံကောင်းသည့်အခိုက်အတန့်ဖြစ်ပါတယ်
သူမဟာအိမ်ထောင်မပြုဖူးသေးဘဲ တစ်ကိုယ်တည်းနေခဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်လာဖို့ရာအတွက် အချိန်လိုအပ်နေခဲ့ပါတယ်။ ထို့ကြောင့် အသက်(၄၀) ကျော်နှင့်ပြီးဖြစ်သူ သူမက သူငယ်ချင်းတစ်ဦးနှင့် တိုင်ပင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အကြံဉာဏ်များကြောင့်ပင် မိခင်တစ်ဦးဖြစ်လိုစိတ်များ ပိုမိုခိုင်မာလာခဲ့ပါတယ်။
(၂) စိန်ခေါ်မှုများနှင့် မိခင်တစ်ဦးစတင်ဖြစ်လာခဲ့ပုံ
သူမဟာ IUI ဟုခေါ်သော မျိုးကောင်လေးများကို သားအိမ်အတွင်း တိုက်ရိုက်ထည့်သွင်း ပေးသည့် နည်းပညာများဖြင့် အောင်မြင်စွာ သန္ဓေရယူနိုင်ခဲ့ပြီး Matthew ဟုအမည်ရသော ကလေးငယ်ကို ပိုင်ဆိုင်ခဲ့ပါတော့တယ်။
Matthew ဟာ Down Syndrome ရောဂါဖြင့်မွေးဖွားလာခဲ့ခြင်းဖြစ်ပေမယ့်လည်း သူမကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်လာရန်သာ အာရုံစိုက်ခဲ့ပါတယ်။
(၃) ကိုယ်ဝန်အပေါ် မိဘများရဲ့ တုံ့ပြန်မှု
သူမ ကိုယ်ဝန်ယူရန် ကြိုးစားနေခဲ့ခြင်းများကို မိဘများမသိရှိခဲ့တာကြောင့် အမှန်တကယ် ကိုယ်ဝန်ရယူနိုင်ချိန်မှာတော့ ဖွင့်ပြောဖို့ရာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး တုံ့ပြန်မှုအတွက်လည်း ကြောက်ရွံ့ခဲ့ရပါတယ်။
အစပိုင်းမှာတော့ မိဘများအား အလွန်အံ့အားသင့်ခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမရွေးချယ်မှုနဲ့ အောင်မြင်မှုတို့အတွက် ဝမ်းသာပေးခဲ့ကြပါတယ်။ထို့ကြောင့် သူမအတွက် ယုံကြည်ချက်များ တိုးပွားလာခဲ့ရပြီး ညီအစ်များ၊ သူငယ်ချင်းများကိုပါ ဆက်လက်ပြောပြခဲ့ပါတယ်။
စိတ်မကောင်းစွာပင် Matthew ကို အလွန်ချစ်သည့် သူမ၏ဖခင်ဖြစ်သူကိုတော့ မကြာမှီကပင် ဆုံးရှူံးခဲ့ရပါတယ်။
(၄)အခက်အခဲများစွာက Michele ကို မတားဆီးနိုင်ခဲ့ပါဘူး
အခုဆိုရင် Matthew ဟာ (၅)လသား အရွယ်ဖြစ်နေပြီ ဖြစ်ပြီး Michele ဟာလည်း ပုံမှန်အလုပ်ခွင်ပြန်ဝင်နေပြီ ဖြစ်သည့် အပြင် သူမအတွက် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ များအတွက် စိတ်ခွန်အားများစွာ ပိုမိုတိုးတက်လာကြောင်း Michele ကထုတ်ဖော်ပြောပြခဲ့ပါတယ်။
သူမဟာ တောင်တက်ခြင်းကို နှစ်ခြိုက်သူတစ်ဦးဖြစ်သော်လည်း ကလေးမွေးဖွားပြီးစဉ်မှစ၍ မအားလပ်တော့သောကြောင့် တောင်မတက်ရတာကြာနေပြီ ဖြစ်ပါတယ်ယ ထို့ကြောင့် သူမက Matthew ကိုပါခေါ်ပြီး တောင်တက်နိုင်ရန် စီစဉ်နေပါတယ်။ ထို့အပြင် သူမ၏ညီမငယ်ထံမှကြီးမားသောအကူအညီများ ရရှိခဲ့ပြီး သူမအား အမြဲတက်ကြွနေစေရန် အားပေးကူညီသူတစ်ဦးလဲဖြစ်ပါတယ်။
(၅) အမျိုးသမီးများအတွက် အတုယူဖွယ် Michele
Single mom ဘဝဖြင့် အတက်အကျများစွာကို ကျော်ဖြတ်နေရသော သူမဟာ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်တွေးခေါ်လေ့ရှိပါတယ်။တစ်ကိုယ်တော် မိခင်တစ်ဦး အနေဖြင့် ငွေကြေး ၀န်ထုပ်ဝန်ပိုးများနှင့် ကြီးမားသောဆုံးဖြတ်ချက်များအားလုံးဟာ သူမပုခုံးပေါ်တွင်သာ ရှိပါတယ်။ သူမဟာ စာရေးခြင်းကိုနှစ်သက်ပြီး Instagram တွင် ပို့စ်များကို မကြာခဏ ဝေမျှလေ့ရှိပြီး ဒါဟာ သူမအတွက် အကောင်းဆုံးကုထုံးတစ်ခု လည်းဖြစ်ပါတယ်။
Single Mom အဖြစ် နေထိုင်ရခြင်းဖြင့် ကြုံတွေ့ရမည့် အခက်အခဲများအပေါ် သင့်ထင်မြင်ချက်များကို ဝေဖန်ရေးသားခဲ့ နိုင်ပါတယ်။ CREDIT