ၾကားသိရသမွ်

ရုပ်ရည် နဲ့ မသက်ဆိုင်ဘဲ စန်းပွင့်စေနိုင်မယ့် နည်းလမ်းများ

အချိုု့သော ပုဂ္ဂိုလ်တွေဟာ ရုပ်ရည် ရူပကာယ သာမာန်သာရှိပေမယ့် လူမှုရေး နဲ့ အချစ်ရေး နယ်ပယ်မှာ အောင်မြင် ကြပါတာကို တွေ့ရမှာပါ။

အဲဒီလူတွေမှာ ဘာအရည်အချည်းတွေ ရှိသလဲလို့ လေ့လာလိုက်တဲ့ အခါမှာ အောက်ပါ အချက်အလက်တွေကို သွားတွေ့ ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ

လူမှုရေးနဲ့ အချစ်ရေးမှာ စန်းပွင့်ချင်တယ်ဆိုရင်တော့ အရင်ဆုံးရှိထားရမယ့် အရည်အချင်း က ကိုယ့်ကိုယ်ကို ယုံကြည်မှုပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ အခြားလုပ်ငန်းဆောင်တာတွေကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ မိမိကိုယ်ကို ယုံကြည်မှုမရှိဘူး ဆိုရင်တော့ အရာရာမှာ နိမ့် ကျနေရဦးမှာပါ။ အောင်မြင်မှုတွေလည်း နှေးကွေးနေဦးမှာပါ။

(၂) ပွင့်လင်းရိုးသားမှုရှိပါ

ဒုတိယ အရေးကြီးတဲ့အချက်ကတော့ ပွင့်လင်းတဲ့သူတွေဟာ လူမှုရေး နဲ့ အချစ်ရေး မှာ ပိုပြီးအောင်မြင် ထွန်းပေါက်တတ်ပါတယ်။ ဒီအရည်အချင်းကို ရိုးသားမှုပါ ထပ်ပြီးပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ။

(၃) ဟာသ အမြင်ရှိပါစေ

ဟာသအမြင်၊ ဟာသဆန်ဆန် အသုံးအနှုန်းတွေ ကြွယ်ဝစွာ သုံးနိုင်တယ်ဆိုရင်လည်း စန်းပွင့်တတ်ပါတယ်။ ဟာသအမြင်ရှိသူရဲ့ စကားကို နားထောင်ရသူမှာ အပျော်တွေကူးစက်ပြီး၊ ခင်မင်ရင်းနီးစိတ်၊ ချစ်ခင်မြတ်နိုး စိတ်တွေ ဖြစ်ပါတယ်။

(၄) တိက်ျပတ္သားမႈရွိပါ

လုပ်စရာရှိရင်လည်း တိကျပါ၊ ဆုံးဖြတ်စရာရှိရင်လည်း ပြတ်သားပါ။ ဒါဟာ ဦးဆောင်ကောင်းသူတွေမှာသာရှိတဲ့ အရည်အချင်းပါ။ ဒီအရည်အချင်းမျိုး ရှိထားပြီဆိုရင်လည်း နယ်ပယ်အသီးသီးမှာ ပေါက်မြောက် အောင်မြင်ပြီး စန်းလာဘ်ပွင့်တတ်ပါတယ်။

(၅) ၾကင္နာမွဳရွိပါ

ခြင်္သေ့အနားကို သားကောင်တွေ မကပ်ကြပါဘူး၊ ဒါဟာ သူ့ရဲ့ ရက်စက်ခြင်းကြောင့်ပါ။ ရက်စက် ကြမ်းကြုပ်တဲ့ သူတွေအနားကိုလည်း ဒီလိုပဲ ဘယ်သူမှ မကပ်ကြပါဘူး။ အချစ်ရေးဘက်မှာ ဆိုရင်လည်း ရက် စက်သူတွေ၊ ရိုင်းစိုင်းသူတွေကို ဖူးစားဖက်တွေ ရှောင်ကြဉ်ကြပါတယ်။

ဒီအရာနဲ့ ဆန့်ကျင်ဘက်အဖြစ် အများသူငါအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံတတ် သူဟာ ရောက်လေရာမှာ စန်းပွင့်ပြီး လူချစ်လူခင်ပေါများပါတယ်။

Credit

Unicode

(၄) တိကျပြတ်သားမှုရှိပါ

လုပ်စရာရှိရင်လည်း တိကျပါ၊ ဆုံးဖြတ်စရာရှိရင်လည်း ပြတ်သားပါ။ ဒါဟာ ဦးဆောင်ကောင်းသူတွေမှာသာရှိတဲ့ အရည်အချင်းပါ။ ဒီအရည်အချင်းမျိုး ရှိထားပြီဆိုရင်လည်း နယ်ပယ်အသီးသီးမှာ ပေါက်မြောက် အောင်မြင်ပြီး စန်းလာဘ်ပွင့်တတ်ပါတယ်။

(၅) ကြင်နာမှုရှိပါ

ခြင်္သေ့အနားကို သားကောင်တွေ မကပ်ကြပါဘူး၊ ဒါဟာ သူ့ရဲ့ ရက်စက်ခြင်းကြောင့်ပါ။ ရက်စက် ကြမ်းကြုပ်တဲ့ သူတွေအနားကိုလည်း ဒီလိုပဲ ဘယ်သူမှ မကပ်ကြပါဘူး။ အချစ်ရေးဘက်မှာ ဆိုရင်လည်း ရက် စက်သူတွေ၊ ရိုင်းစိုင်းသူတွေကို ဖူးစားဖက်တွေ ရှောင်ကြဉ်ကြပါတယ်။

ဒီအရာနဲ့ ဆန့်ကျင်ဘက်အဖြစ် အများသူငါအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံတတ် သူဟာ ရောက်လေရာမှာ စန်းပွင့်ပြီး လူချစ်လူခင်ပေါများပါတယ်။

Credit-original writer