ၾကားသိရသမွ်

လေယာဥ်ပျံငှားပြီး အချိန်ပြည့်မစီးသည့် အမှု အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးတရားဆွဲဖို့ပြင်ဆင်နေ

လက်ရှိ အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု ၃ မှုတိုးဖို့ စစ်ကောင်စီဘက် က ပြင်ဆင်နေတယ်လို့ VOA သတင်းမှာဖော်ပြထားပါတယ်။

အမှုဖွင့် တရားစွဲနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေတာမှာ ကနဦးစစ်ဆေး ချက်ယူဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“အမှု စွဲဖို့ပေါ့။ ပထမ အဂတိက စုံစမ်းတယ်ဗျ။ အမှု မစွဲခင်မှာလေ၊ အမှု တခုတည်း မဟုတ်ဘူး၊ ၃ မှုဗျ။ ဆင့်စာ အဲဒီဘက်ကခေါ်တာဗျ။ ၃ မှုခေါ်တာဗျ။ ကျနော် တို့လည်းကောင်းကောင်းမသိဘူး။

သူကလည်းပဲ ရှေ့နေတွေ…ကျနော်တို့ကို မလွှတ်ဘူး၊ သူ့ကိုမေးချင်လာမေးလို့ ရတာပဲ။

သူဘယ်မှရှောင်လွှဲလို့ ရတာလည်းမဟုတ်ဘဲတဲ့- အဲလိုပြောပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လွှတ်ရမယ် ပြောတာကို။ လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။

လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါတယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။”

စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းနေတဲ့ အကြောင်းအချက် အသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မသိရသေးပါဘူး။

Zawgyi/

လက်ရှိ အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု ၃ မှုတိုးဖို့ စစ်ကောင်စီဘက် က ပြင်ဆင်နေတယ်လို့ VOA သတင်းမှာဖော်ပြထားပါတယ်။

အမှုဖွင့် တရားစွဲနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေတာမှာ ကနဦးစစ်ဆေး ချက်ယူဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“အမှု စွဲဖို့ပေါ့။ ပထမ အဂတိက စုံစမ်းတယ်ဗျ။ အမှု မစွဲခင်မှာလေ၊ အမှု တခုတည်း မဟုတ်ဘူး၊ ၃ မှုဗျ။ ဆင့်စာ အဲဒီဘက်ကခေါ်တာဗျ။ ၃ မှုခေါ်တာဗျ။ ကျနော် တို့လည်းကောင်းကောင်းမသိဘူး။ သူကလည်းပဲ ရှေ့နေတွေ…

ကျနော်တို့ကို မလွှတ်ဘူး၊ သူ့ကိုမေးချင်လာမေးလို့ ရတာပဲ။ သူဘယ်မှရှောင်လွှဲလို့ ရတာလည်းမဟုတ်ဘဲတဲ့- အဲလိုပြောပါတယ်။

ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လွှတ်ရမယ် ပြောတာကို။ လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။ လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါတယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။”

စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းနေတဲ့ အကြောင်းအချက် အသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မသိရသေးပါဘူး။