ဗဟုသုတ

စုန်း ၇‌ေယာက်အ‌ေကြာင်း (သို့) ရွာတရွာဖြစ်ပေါ်ဖို့ စုန်း(၇)ယောက် ရှိဖို့လိုတယ်ဆိုတာဘာလဲ

ရွာတရွာဖြစ်ပေါ်ဖို့ စုန်း (၇) ယောက်ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ။

” ယောဒေသမှာ ရွာသစ်တရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် ” တဲ့လားငယ်စဉ်က ကြားဖူးနားဝစကားလေးပါ။

စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။

တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငငဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။

မိမိလက်လှမ်းမီသလောက် ရှာဖွေကြည်တော့ ရွာတရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က

စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ ( စုန္နောတိဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး ) ဋီကာကျမ်း ထိုခုနှစ်ဦးမှာ

( ၁ )မြေပညာရှင်
ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ

(၂)ရေပညာရှင်
သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ ရမရကို သိရှိကျွမ်းကျင်သူ

(၃)လေပညာရှင်
လေကြောင်းသင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ

(၄) စီးပွါးရေးပညာရှင်

(၅)ပညာရေး စီမံနိုင်သူ

(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ


ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

ယခုစာကိုဖတ်မိသူအနေနဲ့ မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။
Source : အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )

Zawgyi

႐ြာတ႐ြာျဖစ္ေပၚဖို႔ စုန္း (၇) ေယာက္ရွိဖို႔လိုတယ္လို႔ တလြဲအေတြးေတြနဲ႔ ၾကားဖူးနားဝရွိခဲ့တာကို ဗဟုသုတအေနနဲ႔ တင္ပါရေစ။

” ေယာေဒသမွာ ႐ြာသစ္တ႐ြာတည္ဖို႔ စုန္း( ၇ )ေယာက္လိုတယ္ ” တဲ့လားငယ္စဥ္က ၾကားဖူးနားဝစကားေလးပါ။

စုန္းအေၾကာင္းေတြက အိပ္ယာဝင္ပုံျပင္ေတြလို အထူးထူး အျခားျခား အမ်ားမ်ားအျပားျပား။

တကယ္ေတြ႕ဖူးသည္ဆိုသည့္ပုဂၢိဳလ္ထံ ေမးျမန္းျပန္ေတာ့လည္း ေစ့ေစ့ငငေျဖႏိုင္သူဟူ၍ မေတြ႕ရေသးပါ။

မိမိလက္လွမ္းမီသေလာက္ ရွာေဖြၾကည္ေတာ့ ႐ြာတ႐ြာတည္ဖို႔လိုအပ္တဲ့ စုန္း (၇) ေယာက္က

စုန္း=> စုေႏၷာ=>ေျဖာင့္မွန္ေသာသူ ( စုေႏၷာတိဥဇုကေတာ-ေျဖာင့္မတ္မွန္ကန္သည့္ ပညာရွင္ခုႏွစ္ဦး ) ဋီကာက်မ္း ထိုခုႏွစ္ဦးမွာ

( ၁ )ေျမပညာရွင္
႐ြာသစ္တည္မည့္ေနရာသည္ ေျမအေနအထားသင့္မသင့္ ေျမဆီေျမလႊာကို သိရွိကြၽမ္းက်င္သူ

(၂)ေရပညာရွင္
ေသာက္သုံးေရ/ေရခ်ိဳ/စိုက္ပ်ိဳးေရးလုပ္ငန္းသုံးေရ ရမရကို သိရွိကြၽမ္းက်င္သူ

(၃)ေလပညာရွင္
ေလေၾကာင္းသင့္မသင့္ ေလၿငိမ္အရပ္ ဟုတ္/ မဟုတ္ စသည့္ ေလသေဘာသဘာဝကို ကြၽမ္းက်င္ပါးနပ္သူ

(၄) စီးပြါးေရးပညာရွင္

(၅)ပညာေရး စီမံႏိုင္သူ

(၆)က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္သူ

(၇)ဆက္သြယ္ေရး ကြၽမ္းက်င္သူ
႐ြာတည္မည့္ေနရာသည္ ႐ြာ၏လိုအပ္ခ်က္မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူအစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။

ယခုစာကိုဖတ္မိသူအေနနဲ႔ မွတ္သားမိသမွ်ေလးေတြ ျပန္ေဝမွ်တာပါခင္ဗ်။

Source : အရွင္စႏၵကုမာရ ( ေ႐ႊႀတိဂံ )