ၾကားသိရသမွ်






နေတိုး၊ ယုန်လေး၊ ခန့်စည်သူ နှင့် လွင်မိုး အပါအဝင် အနုပညာရှင် (၄၈)ဦးကို စစ်အာဏာရှင်က လူမှုထူးချွန်ဆုပေး

အာဏာသိမ်းစစ်ခေါင်းဆောင်က ယနေ့ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်သည့် တပ်မတော်နေ့(တော်လှန်ရေးနေ့)အထိမ်းအမှတ်အဖြစ်

အနုပညာရှင်များဖြစ်သည့် နေတိုး၊ ယုန်လေး၊ ခန့်စည်သူ၊ ကျော်ရဲအောင်၊ ရဲအောင်၊ နေအောင်၊ ထွန်းအိန္ဒြဗိုလ် အပါအဝင်

အနုပညာရှင် (၄၈)ဦးကို လူမှုထူးချွန်တံဆိပ် ပထမ၊ ဒုတိယ နှင့် တတိယအဆင့်များ ပေးအပ်ချီးမြှင့်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာကနေ ဖော်ပြလာသည်ကို တွေ့ရသည်။

အဆိုပါ ဆုများချီးမြှင့်ခံရသည့် အနုပညာရှင်များတွင် ကွယ်လွန်သွားကြပြီးသူများ ပါဝင်နေသလို သက်ရှိသူများလည်း ပါဝင်ပြီး စစ်အာဏာရှင်ကို မဆန့်ကျင်သူ အများဆုံး ပါဝင်သည်ကို တွေ့ရသည်။