ၾကားသိရသမွ်

ဒီအချက်တွေနဲ့ ငြိနေရင် မော်လမြိုင်ကို မလာပါနဲ့… ( လုံးဝ မလာပါနဲ့.. )

ဒီအချက်တွေနဲ့ ငြိနေရင် မော်လမြိုင်ကို မလာပါနဲ့… ( လုံးဝ မလာပါနဲ့.. )

မီးပျက်တာကို မီးသေတာလို့ ပြောမတတ်ရင် မော်လမြိုင်ကို မလာပါနဲ့။ မီးပြန်လာရင် ဟေးးးလို့ ထမအော်နိုင်ရင် မော်လမြိုင်ကို မလာပါနဲ့။ EPC ကလေးတွေ လက်ဆော့တဲ့ဒဏ် ဂဂျီဂဂျောင်ကျတဲ့ဒဏ် မခံနိုင်ရင် မော်လမြိုင်ကို မလာပါနဲ့။ ကမ်းနားလမ်းမှာ ဖင်အနှိုက်မခံချင်ရင် မော်လမြိုင်ကို မလာပါနဲ့။ (သကြန်ကာလကို ပြောတာ) ကမ်းနားလမ်းနဲ့ တောင်ပေါ်တန်းမှာ တောင်းစားတဲ့ကလေးတွေ ဂဂျီဂဂျောင်နဲ့ လာတောင်းစားတာမခံနိုင်ရင် မော်လမြိုင်မလာပါနဲ့။ (ဓားနဲ့မထောက်တာကံကောင်း)

ဒူးရင်းသီးနံ့ မခံနိုင်ရင် မော်လမြိုင်ကို မလာပါနဲ့။ လမ်းလျှောက်ရင် ပုခုံးချင်းတိုက်မိလို့ မတောင်းပန်မိရင် မျက်ခွက်ခြောက်ချက် အထိုးမခံနိုင်ရင် မော်လမြိုင်မလာပါနဲ့။ (ပွဲတော်ကာလတွေမှာ) ရာဘာချေးနံ့ မခံနိုင်ရင် မော်လမြိုင်ကိုမလာပါနဲ့။ (မုဒုံသွားတဲ့လမ်းမှာပါ) ပူစီနံရွက်ကို ဇီယာလို့ ခေါ်မတတ်ရင် မော်လမြိုင် မလာပါနဲ့။မုန့်ဟင်းခါးကို မုန့်တီလို့ မခေါ်တတ်ရင် မော်လမြိုင်ကို မလာပါနဲ့။ မုန့်ဟင်းခါးစားပြီးလို့ ဟင်းခါးရည်အစစ် မတောင်းတတ်ရင် မော်လမြိုင်မလာပါနဲ့။ မီးပွိုင့်မီးမစိမ်းခင် ဆိုင်ကယ်ဖြတ်မောင်းတာ မတွေ့ချင်ရင် မော်လမြိုင်မလာပါနဲ့။ တစ်ယောက်တည်း ဆိုင်ကယ်မမောင်းတတ်ရင် မော်လမြိုင်ကို မလာပါနဲ့။ ဆိုင်ကယ်ရှိရင်လည်း ဆိုင်ကယ် ခဏခဏပျောက်တာ မခံနိုင်ရင် မော်လမြိုင်ကိုမလာပါနဲ့။ ကိုယ့်မိသားစုအရေးထက် တခြားသူ မိသားစုအရေးကို စိတ်ဝင်စားပြီး စောက်တင်းချတာ မခံနိုင်ရင် မော်လမြိုင်ကိုမလာပါနဲ့။

ယောကျာ်းလေးပေါတယ်ထင်ရင် မော်လမြိုင်မလာပါနဲ့။ (အချောတွေ များလို့ပါ) မော်လမြိုင်သူတွေ ချောသလောက် အစားနဲ့အဆဲကို မခံနိုင်ရင် မော်လမြိုင်မလာပါနဲ့။ လမ်းလျှောက်နေရင်း ကွမ်းတံတွေးတွေကို မရှောင်ချင်ရင် မော်လမြိုင်ကို မလာပါနဲ့။ အကြွားသက်သက်ဆို မော်လမြိုင်ကိုမလာပါနဲ့။ (အကြွားနဲ့မကြို အစားနဲ့ကြိုတဲ့ မြို့ပါ) သူများကိုပဲ အားကျပီး စိတ်ကူးတေနဲ့ မလာပါနဲ့။ သေချာစဉ်းစားပါ။ သူများမြို့နော် ကိုယ့်မြို့မဟုတ်ဘူး။ ကိုယ့်မြို့မှာတောင် သီးခံပီးလုပ်ရတာ။ မော်လမြိုင်မှာဆိုရင် အဲ့ထက်ဆိုးတာတွေကြုံရမှာ။ အာ့ကြောင့် စိတ်မလောပါနဲ့။ ရောက်ခါစ (၆) လလောက် မနက်မိုးလင်းကျီးကန်းသံ မကြားနိုင်ရင် မော်လမြိုင်မလာပါနဲ့။ လာပြီးကာမှ စိတ်ဓာတ်တွေ ကျပြီး မော်လမြိုင်မကောင်းကြောင်း ပြောနေတာတွေ မကြားချင်လို့ပါ။ တချို့မိဘ မိတ်ဆွေများ စိတ်မလောနဲ့နော်။ ရောက်ပြီးမှ Express ကားခကုန်တာဘဲ အဖတ်တင်မယ်။ ကျန်ရှိသေးရင် နောက်ထပ် အချက်များ ထပ်မံ ဖြည့်စွက်ပေးပါဦးနော်။ Crd