အမရပူရမြို့နယ်က တောင်သမန်အင်းတွင် ရေဆင်းကူးသည့် လူငယ် ရေနစ်သေဆုံး
မန္တလေးတိုင်း၊ အမရပူရမြို့နယ်က တောင်သမန်အင်းအတွင်း ရေဆင်းကူးသည့် ဆယ်ကျော်သက်လူငယ်တစ်ဦး ယနေ့ မတ်လ ၂၉ရက် နေ့လယ် ၁၁နာရီက ရေနစ်သေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

“သူငယ်ချင်းတွေနဲ့ ရေဆင်းဆော့တာကနေ အဲဒီကလေးက ရေနစ်သေတာပါ။ အသက်ငယ်ငယ်လေးရှိသေးတယ်။ တောင်မြို့(အမရပူရမြို့နယ်)တရုတ်တန်း လေးရပ်ကလို့ ပြောတာပဲ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသွားသူသည် အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် ခုနစ်တန်းကျောင်းသား မောင်နေမျိုးသူဖြစ်ပြီး တောင်သမန်အင်း ဦးပိန်တံတားအနီးက ကမ်မချီးချောင်းအတွင်းရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
၎င်း၏ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)နှင့် လူငယ့်အားမာန် လူမှုကူညီရေးအသင်းတို့က ရှာဖွေကာဆယ်ယူပေးပြီး အမရပူရတိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၂၀၂၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)
Mizzima
မန္တလေးမြို့
တောင်သမန်အင်း
ရေနစ်သေဆုံး
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး). .လေးစားလျှက်..crd. Credit.
Zawgyi
အမရပူရၿမိဳ႕နယ္က ေတာင္သမန္အင္းတြင္ ေရဆင္းကူးသည့္ လူငယ္ ေရနစ္ေသဆုံး
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္က ေတာင္သမန္အင္းအတြင္း ေရဆင္းကူးသည့္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦး ယေန႔ မတ္လ ၂၉ရက္ ေန႔လယ္ ၁၁နာရီက ေရနစ္ေသဆုံးမႈ ျဖစ္ပြါးခဲ့ေၾကာင္း သိရသည္။

“သူငယ္ခ်င္းေတြနဲ႔ ေရဆင္းေဆာ့တာကေန အဲဒီကေလးက ေရနစ္ေသတာပါ။ အသက္ငယ္ငယ္ေလးရွိေသးတယ္။ ေတာင္ၿမိဳ႕(အမရပူရၿမိဳ႕နယ္)တ႐ုတ္တန္း ေလးရပ္ကလို႔ ေျပာတာပဲ” ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာသည္။
ေသဆုံးသြားသူသည္ အမရပူရၿမိဳ႕နယ္ ေ႐ႊဂြမ္းထုပ္ရပ္ကြက္မွ အသက္ ၁၅ ႏွစ္အ႐ြယ္ ခုနစ္တန္းေက်ာင္းသား ေမာင္ေနမ်ိဳးသူျဖစ္ၿပီး ေတာင္သမန္အင္း ဦးပိန္တံတားအနီးက ကမ္မခ်ီးေခ်ာင္းအတြင္းေရဆင္းကူးရာမွ ေရနစ္ေသဆုံးျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
၄င္း၏႐ုပ္အေလာင္းအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး)ႏွင့္ လူငယ့္အားမာန္ လူမႈကူညီေရးအသင္းတို႔က ရွာေဖြကာဆယ္ယူေပးၿပီး အမရပူရတိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ေရနစ္ေသဆုံးမႈႏွင့္ပတ္သက္၍ အမရပူရၿမိဳ႕နယ္ရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၂၂ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ထားေၾကာင္းလည္း သိရသည္။
ဓာတ္ပုံ – ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး)
Mizzima
မႏၲေလးၿမိဳ႕
ေတာင္သမန္အင္း
ေရနစ္ေသဆုံး
ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး). .ေလးစားလွ်က္..crd. Credit.



