ၾကားသိရသမွ်

ပဋိပကၡမ်ားကို ေျဖရွင္းေနရျခင္းေၾကာင့္ ႏိုင္ငံ့ဖြံ႕ၿဖိဳးမႈကို ေနာက္က်ေစခဲ့တယ္လို႔ စစ္ေကာင္စီဥကၠ႒ေျပာ

Zawgyi

ပဋိပကၡမ်ားကို ေျဖရွင္းေနရျခင္းေၾကာင့္ ႏိုင္ငံ့ဖြံ႕ၿဖိဳးမႈကို ေနာက္က်ေစခဲ့တယ္လို႔ စစ္ေကာင္စီဥကၠ႒ေျပာ

ဒီဇင္ဘာ ၁၅

ပဋိပကၡမ်ားကို ေျဖရွင္းေနရျခင္းေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ပါက ေနာက္က်ေစခဲ့တယ္လို႔ စစ္ေကာင္စီဥကၠ႒က ေျပာဆိုလိုက္ပါတယ္။

ယေန႔ ဒီဇင္ဘာလ ၁၅ရက္ေန႔မွာက်ေရာက္သည့္ ၄၇ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔မွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေပးပို႔သည့္သဝဏ္လႊာမွာ ေျပာဆိုထားတာျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီးခ်ိန္ကစၿပီး ႀကဳံေတြ႕ခဲ့ရေသာ ႏိုင္ငံေရးပဋိပကၡမ်ားကို အေျခခံသည့္ ႐ိုက္ခတ္မႈေၾကာင့္ တိုင္းရင္းသားအခ်င္းခ်င္းအၾကား ႏိုင္ငံေရးဝါဒမတူညီမႈ၊

အယူအဆမတူညီမႈမ်ားနဲ႔ သံသယမ်ားတိုးပြားေစၿပီး လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ေပၚေစခဲ့တယ္လို႔ ဆိုပါတယ္။

ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္ရန္ ျပည္ေထာင္စုႀကီးအတြင္းရွိ တိုင္းရင္းသားမ်ားအားလုံး အတူတကြ ယွဥ္တြဲေနထိုင္ရင္း အျပန္အလွန္ ေလးစားမႈ၊ နားလည္မႈ၊ ယုံၾကည္မႈမ်ားျဖင့္ တည္ေဆာက္ေပးရမယ္လို႔ ထပ္မံေျပာပါတယ္။

ရခိုင္ျပည္နယ္သည္ လမ္းပန္းဆက္သြယ္ေရး တိုးတက္လာမႈနဲ႔အတူ လွ်ပ္စစ္မီးရရွိေရး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ပညာေရး၊ က်န္းမာေရး၊

လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးတို႔သည္လည္း ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိတယ္လို႔ စစ္ေကာင္စီဥကၠ႒က ထည့္သြင္းေျပာဆိုထားတာျဖစ္ပါတယ္။ TMA

Unicode

ပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံ့ဖွံ့ဖြိုးမှုကို နောက်ကျစေခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော

ဒီဇင်ဘာ ၁၅

ပဋိပက္ခများကို ဖြေရှင်းနေရခြင်းကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပါက နောက်ကျစေခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာကျရောက်သည့် ၄၇နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့်သဝဏ်လွှာမှာ ပြောဆိုထားတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး ကြုံတွေ့ခဲ့ရသော နိုင်ငံရေးပဋိပက္ခများကို အခြေခံသည့် ရိုက်ခတ်မှုကြောင့် တိုင်းရင်းသားအချင်းချင်းအကြား နိုင်ငံရေးဝါဒမတူညီမှု၊

အယူအဆမတူညီမှုများနဲ့ သံသယများတိုးပွားစေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံး အတူတကွ ယှဉ်တွဲနေထိုင်ရင်း အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးရမယ်လို့ ထပ်မံပြောပါတယ်။

ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာမှုနဲ့အတူ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့သည်လည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။ TMA