ၾကားသိရသမွ်

ချစ်မှားမိသူ ဒိုင်းခင်ခင်နှင့် နန်းတွင်းလျှို့ဝှက် ဇာတ်လမ်း

သီပေါမင်းသည် စုဖုရားလတ် တစ်လင် တစ်မယားစနစ်၏ ပြင်းထန်သော အပြစ်ပေးမှုများအားသိရှိပါသော်လည်းအသက် ၁၇ နှစ်အရွယ်ရှိမိန်းမချောလေး ဒိုင်းခင်ခင်အား ချစ်ခင်စုံမက်ပါသောကြောင့် မြောက်နန်းစံမိဖုရားအဖြစ်တင်မြောက်လိုသည်ဟု ဆိုလာသည်

သို့သော် ဒိုင်းခင်ခင် ၏မိ ဘများသည် စုဖုရားလတ်၏ အန္တရာယ်ကို ကြောက်လှပါကြောင်း လျှောက်တင်သည့်အခါ …. သီပေါမင်းသည် မိမိတာ၀န်ယူကြောင်း စုဖုရားလတ်အား တဖြည်းဖြည်း ပြော၍အသိပေး သွားမည်ဖြစ်ကြောင်းနှင့် အကယ်၍ ဒိုင်းခင်ခင် အပေါ်၌စုဖုရားမှ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်စေခဲ့ပါမူ … မိမိသည် ထီးနန်းအား လက်လွှတ် ဆုံးရှုံးစေပြီး တိုင်းပြည် ပျက်ပါစေကြောင်း ကတိသစ္စာ ကျိန်ဆိုခဲ့ပါသည်

စုဖုရားလတ်တွင် ဒုတိယသမီးတော်ဖွားမြင်ပြီး နောက်ပိုင်းမှာ သီပေါမင်းမှ ဒိုင်းခင်ခင်အား ချစ်ခင်စုံမက်ကြောင်း မြောက်နန်းစံ ထားလိုကြောင်း စုဖုရားအား ဖွင့်ပြောလိုက်စဉ် အမြတ်တော်ရှသော်လည်း ချက်ချင်းထိန်းကာ အခြေနေအား စောင့်ကြည့်ရင်း သီပေါမင်းတိုင်းပြည်ရေး အနည်းငယ် စိတ်ထွေနေချိန်တွင် စုဖုရားသည် ဒိုင်းခင်ခင်အား ကွက်မျက်စေခဲ့သည်

ဒိုင်းခင်ခင်အား နန်း၀တ်နန်းစားများအား ချွတ်စေပြီး မြေပြင်တွင်ဒူးထောက်ကာ လက်ပြန်ကြိုးတုတ် ဦးခေါင်းအားမော့စေပြီး ဝါးစိမ်းဒုတ်ဖြင့် လည်မြိုအားရိုက်ကာ ကွက်မျက်မိန့်ချခဲ့သည်။

ထိုချိန်တွင်ဒိုင်းခင်ခင်၏နောက်ဆုံးဆန္ဒအား ပြောခွင့်ပေးရာတွင် သီပေါဘုရင် မျက်နှာတော်အား တကြိမ်မျှဖူးခွင့် တောင်းခံခဲ့သည်…။ သို့သော် သီပေါမင်းမှ လာရောက်ဖူးမျှော်ခွင့်မပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်

မိမိ ကျိန်ဆိုခဲ့သည် များကိုလဲ ဥပက္ခာပြုခဲ့သည်။ ဒိုင်းခင်ခင်မှ မိဘများခြေနေမေးမြန်းခဲ့ရာတွင် အဆင်ပြေကြကြောင်းသတင်းစကားရရှိပါသော်လည်း…ထိုအချိန်တွင် ဒိုင်းခင်ခင်၏ မိဘများအား စုဖုရားလတ်အမိန့်တော် နှင့်ကွပ်မျက်ခဲ့ပြီး ဖြစ်သည်။ ဒိုင်းခင်ခင် သိမသွားခဲ့ရှာပေ

ဒိုင်းခင်ခင်မှ မိမိသည် သီပေါမင်း၏ ကိုယ်၀န်အားဆောင်ထားချိန် ဖြစ်ပါသောကြောင့် ရင့်မာနေသော ကိုယ်၀န်အား မီးရှူးသန့်စင်မွေးပြီးပါမှ ကွပ်မျက်ပါရန် တောင်ဆိုခဲ့ပါသည်။

တိုင်တားမင်းကြီးမှလည်း ဘုရင့်သွေးသားတော် အား ကွပ်မျက်ခဲ့သော် တိုင်းပြည်ပျက်တတ် သောအယူရှိကြောင်း သံတော်ဦးတင် လျှောက်ထားပါသော်လည်း စုဘုရား၏ အမိန့်အာဏာအားမလွန်ဆန်နိုင်သော သီပေါမင်းမှာ တားဆီးခဲ့ခြင်းမရှိပေ

(ထိုစဉ် နန်းတွင်းပုရောဟိတ်များမှ ဒိုင်းခင်ခင်သည် သီပေါမင်းအား သားတော်လေး ဖွားမြင်ပေးမည်ဖြစ်ပြီး ထိုသားတော်လေးသည် ထီးမွေနန်းမွေဆက်ခံ မည်ဖြစ်ပြီး တိုင်းပြည်သာယာ၀ပြောစည်ပင်တိုးတတ်အံ့ဟု နိမိတ် ဖတ်ခဲ့သည်။)

ထိုနိမိတ်ကြောင့် သမီးတော်များသာ မွေးထားသောစုဖုရားသည် မိမိနေရာအာဏာ မရတော့သည်များအား စိုးရိမ်ကြီးကာ တိုင်တားမင်းကြီး တားနေသည့်ကြားမှ ဒိုင်းခင်ခင်အား အမြန်ကွက်မျက်စေခဲ့သည်

ဒိုင်းခင်ခင်မှ ကံတော်မကုန်ခင်အချိန်တွင်းတွင် မိမိအားသစ္စာကျိန်ဆိုသိမ်းပိုက်ခဲ့သော မိမိချစ်မြတ်နိုးရပါသော သီပေါဘုရင်အား ရည်မှန်းဦးချခဲ့ပြီး သစ္စာများမစူးရှပါစေရန် မျက်ရည်များဖြင့်ဆုတောင်းခဲ့သည်

၁၈၈၅ ခုနှစ် နို၀င်ဘာလ ၂၇ ရက်နေ့ညတွင် ကုန်းဘောင်မင်းဆက် အဆုံးသတ်ခဲ့သည်။ ထူးခြားဖြစ်စဉ်များမှာ မုန်းတိုင်းကျရောက်ခဲ့ပြီး တစ်ညလုံးနီးပါးကောင်းကင်ယံမှ ကြယ်များတဖြုတ်ဖြုတ်ကြွေခဲ့သည်။

သဘာ၀တရားကြီးကပင်လျှင် ကုန်းဘောင်မင်းဆက် မလှမပ အဆုံးသတ်ခြင်းကို ငိုကြွေးနေသယောင် ထင်ရသည်။၁၈၈၅ ခုနှစ် နိုင်၀င်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မြန်မာဘုရင်အရှင်နှစ်ပါးအား အိန္ဒိယနိုင်ငံသို့ သူရိ ယသဘောင်္ဖြင့် ပင့်ဆောင်ခေါ်ယူလာခဲ့ပြီး မြန်မာကုန်းဘောင် ဘုရင်စနစ် ပြတ်တောက်ခဲ့သည်

လွန်ခဲ့သော ၂၀၁၆ နို၀င်ဘာ ၂၉ ရက်… သီပေါမင်းနှင့်စုဖုရား ပါတော်မူခဲ့သည့်နေ့မှ နှစ်ပေါင်း ( ၁၃၁ ) တိတိတိုင်ခဲ့ပါပြီ..။

ကိုးကား ။ ။ The King In Exile (ဘာသာပြန် ) နှင့် ချစ်မိမှားသူ ဒိုင်းခင်ခင်နှင့် နန်းတွင်း လျှို့ဝှက်ဇာတ်လမ်းများ …”Min Naung”
Credit: Zay Yar San

Zawgyi

သီေပါမင္းသည္ စုဖုရားလတ္ တစ္လင္ တစ္မယားစနစ္၏ ျပင္းထန္ေသာ အျပစ္ေပးမႈမ်ားအားသိရွိပါေသာ္လည္းအသက္ ၁၇ ႏွစ္အ႐ြယ္ရွိမိန္းမေခ်ာေလး ဒိုင္းခင္ခင္အား ခ်စ္ခင္စုံမက္ပါေသာေၾကာင့္ ေျမာက္နန္းစံမိဖုရားအျဖစ္တင္ေျမာက္လိုသည္ဟု ဆိုလာသည္

သို႔ေသာ္ ဒိုင္းခင္ခင္ ၏မိ ဘမ်ားသည္ စုဖုရားလတ္၏ အႏၲရာယ္ကို ေၾကာက္လွပါေၾကာင္း ေလွ်ာက္တင္သည့္အခါ …. သီေပါမင္းသည္ မိမိတာ၀န္ယူေၾကာင္း စုဖုရားလတ္အား တျဖည္းျဖည္း ေျပာ၍အသိေပး သြားမည္ျဖစ္ေၾကာင္းႏွင့္ အကယ္၍ ဒိုင္းခင္ခင္ အေပၚ၌စုဖုရားမွ အႏၲရာယ္တစ္စုံတစ္ရာ က်ေရာက္ေစခဲ့ပါမူ … မိမိသည္ ထီးနန္းအား လက္လႊတ္ ဆုံးရႈံးေစၿပီး တိုင္းျပည္ ပ်က္ပါေစေၾကာင္း ကတိသစၥာ က်ိန္ဆိုခဲ့ပါသည္

စုဖုရားလတ္တြင္ ဒုတိယသမီးေတာ္ဖြားျမင္ၿပီး ေနာက္ပိုင္းမွာ သီေပါမင္းမွ ဒိုင္းခင္ခင္အား ခ်စ္ခင္စုံမက္ေၾကာင္း ေျမာက္နန္းစံ ထားလိုေၾကာင္း စုဖုရားအား ဖြင့္ေျပာလိုက္စဥ္ အျမတ္ေတာ္ရွေသာ္လည္း ခ်က္ခ်င္းထိန္းကာ အေျခေနအား ေစာင့္ၾကည့္ရင္း သီေပါမင္းတိုင္းျပည္ေရး အနည္းငယ္ စိတ္ေထြေနခ်ိန္တြင္ စုဖုရားသည္ ဒိုင္းခင္ခင္အား ကြက္မ်က္ေစခဲ့သည္

ဒိုင္းခင္ခင္အား နန္း၀တ္နန္းစားမ်ားအား ခြၽတ္ေစၿပီး ေျမျပင္တြင္ဒူးေထာက္ကာ လက္ျပန္ႀကိဳးတုတ္ ဦးေခါင္းအားေမာ့ေစၿပီး ဝါးစိမ္းဒုတ္ျဖင့္ လည္ၿမိဳအား႐ိုက္ကာ ကြက္မ်က္မိန္႔ခ်ခဲ့သည္။

ထိုခ်ိန္တြင္ဒိုင္းခင္ခင္၏ေနာက္ဆုံးဆႏၵအား ေျပာခြင့္ေပးရာတြင္ သီေပါဘုရင္ မ်က္ႏွာေတာ္အား တႀကိမ္မွ်ဖူးခြင့္ ေတာင္းခံခဲ့သည္…။ သို႔ေသာ္ သီေပါမင္းမွ လာေရာက္ဖူးေမွ်ာ္ခြင့္မေပးႏိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့သည္

မိမိ က်ိန္ဆိုခဲ့သည္ မ်ားကိုလဲ ဥပကၡာျပဳခဲ့သည္။ ဒိုင္းခင္ခင္မွ မိဘမ်ားေျခေနေမးျမန္းခဲ့ရာတြင္ အဆင္ေျပၾကေၾကာင္းသတင္းစကားရရွိပါေသာ္လည္း…ထိုအခ်ိန္တြင္ ဒိုင္းခင္ခင္၏ မိဘမ်ားအား စုဖုရားလတ္အမိန္႔ေတာ္ ႏွင့္ကြပ္မ်က္ခဲ့ၿပီး ျဖစ္သည္။ ဒိုင္းခင္ခင္ သိမသြားခဲ့ရွာေပ

ဒိုင္းခင္ခင္မွ မိမိသည္ သီေပါမင္း၏ ကိုယ္၀န္အားေဆာင္ထားခ်ိန္ ျဖစ္ပါေသာေၾကာင့္ ရင့္မာေနေသာ ကိုယ္၀န္အား မီးရႉးသန္႔စင္ေမြးၿပီးပါမွ ကြပ္မ်က္ပါရန္ ေတာင္ဆိုခဲ့ပါသည္။

တိုင္တားမင္းႀကီးမွလည္း ဘုရင့္ေသြးသားေတာ္ အား ကြပ္မ်က္ခဲ့ေသာ္ တိုင္းျပည္ပ်က္တတ္ ေသာအယူရွိေၾကာင္း သံေတာ္ဦးတင္ ေလွ်ာက္ထားပါေသာ္လည္း စုဘုရား၏ အမိန္႔အာဏာအားမလြန္ဆန္ႏိုင္ေသာ သီေပါမင္းမွာ တားဆီးခဲ့ျခင္းမရွိေပ

(ထိုစဥ္ နန္းတြင္းပုေရာဟိတ္မ်ားမွ ဒိုင္းခင္ခင္သည္ သီေပါမင္းအား သားေတာ္ေလး ဖြားျမင္ေပးမည္ျဖစ္ၿပီး ထိုသားေတာ္ေလးသည္ ထီးေမြနန္းေမြဆက္ခံ မည္ျဖစ္ၿပီး တိုင္းျပည္သာယာ၀ေျပာစည္ပင္တိုးတတ္အံ့ဟု နိမိတ္ ဖတ္ခဲ့သည္။)

ထိုနိမိတ္ေၾကာင့္ သမီးေတာ္မ်ားသာ ေမြးထားေသာစုဖုရားသည္ မိမိေနရာအာဏာ မရေတာ့သည္မ်ားအား စိုးရိမ္ႀကီးကာ တိုင္တားမင္းႀကီး တားေနသည့္ၾကားမွ ဒိုင္းခင္ခင္အား အျမန္ကြက္မ်က္ေစခဲ့သည္

ဒိုင္းခင္ခင္မွ ကံေတာ္မကုန္ခင္အခ်ိန္တြင္းတြင္ မိမိအားသစၥာက်ိန္ဆိုသိမ္းပိုက္ခဲ့ေသာ မိမိခ်စ္ျမတ္ႏိုးရပါေသာ သီေပါဘုရင္အား ရည္မွန္းဦးခ်ခဲ့ၿပီး သစၥာမ်ားမစူးရွပါေစရန္ မ်က္ရည္မ်ားျဖင့္ဆုေတာင္းခဲ့သည္

၁၈၈၅ ခုႏွစ္ ႏို၀င္ဘာလ ၂၇ ရက္ေန႔ညတြင္ ကုန္းေဘာင္မင္းဆက္ အဆုံးသတ္ခဲ့သည္။ ထူးျခားျဖစ္စဥ္မ်ားမွာ မုန္းတိုင္းက်ေရာက္ခဲ့ၿပီး တစ္ညလုံးနီးပါးေကာင္းကင္ယံမွ ၾကယ္မ်ားတျဖဳတ္ျဖဳတ္ေႂကြခဲ့သည္။

သဘာ၀တရားႀကီးကပင္လွ်င္ ကုန္းေဘာင္မင္းဆက္ မလွမပ အဆုံးသတ္ျခင္းကို ငိုေႂကြးေနသေယာင္ ထင္ရသည္။၁၈၈၅ ခုႏွစ္ ႏိုင္၀င္ဘာလ ၂၉ ရက္ေန႔ ညေနပိုင္းတြင္ ျမန္မာဘုရင္အရွင္ႏွစ္ပါးအား အိႏၵိယႏိုင္ငံသို႔ သူရိ ယသေဘာျဖၤင့္ ပင့္ေဆာင္ေခၚယူလာခဲ့ၿပီး ျမန္မာကုန္းေဘာင္ ဘုရင္စနစ္ ျပတ္ေတာက္ခဲ့သည္

လြန္ခဲ့ေသာ ၂၀၁၆ ႏို၀င္ဘာ ၂၉ ရက္… သီေပါမင္းႏွင့္စုဖုရား ပါေတာ္မူခဲ့သည့္ေန႔မွ ႏွစ္ေပါင္း ( ၁၃၁ ) တိတိတိုင္ခဲ့ပါၿပီ..။

ကိုးကား ။ ။ The King In Exile (ဘာသာျပန္ ) ႏွင့္ ခ်စ္မိမွားသူ ဒိုင္းခင္ခင္ႏွင့္ နန္းတြင္း လွ်ိဳ႕ဝွက္ဇာတ္လမ္းမ်ား …”Min Naung”
Credit: Zay Yar San