Life Style

အပျိုကြီးဖြစ်မယ့်သူတွေမှာ တွေ့ရတဲ့ ဇီဇာကြောင်တဲ့ အကျင့်(၅)မျိုး

အပျိုကြီးဆိုတာ လိုတာမရ ရတာမလိုခြင်းကြောင့်လည်းဖြစ်နိုင်သလို၊ တခြားအကြောင်းရင်းအများကြီးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းတွေအများကြီးထဲကမှ ဇီဇာကြောင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ခုဖော်ပြပေးမှာကတော့ အပျိုကြီးဖြစ်လာတော့မယ့်သူတွေမှာ တွေ့ရတဲ့ ဇီဇယကြောင်တဲ့အကျင့် (၅)မျိုးပဲဖြစ်ပါတယ်။

(၁) မှားနေရင်ပြင်ပေးလိုက်ရမှ

အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ကိုယ့်အရှေ့မှာ အမြင်မတော်တာရှိရင် မပါပဲမနေနိုင်တဲ့သူတွေပါ။ ကိုယ်နဲ့ သိသိ၊ မသိသိကိုယ့်အရှေ့မှာ တလွဲတွေလာလုပ်နေတယ်ဆိုရင်တော့ လုံးဝလက်ပိုက်ကြည့်မနေပဲ ကူညီတတ်တဲ့သူတွေပါ။ ကူညီခံရတဲ့သူက ကျေးဇူးတင်နေသလောက် အမှားထောက်ခံရတဲ့သူကတော့ အံတကြိတ်ကြိတ်ဖြစ်နေတတ်ပါတယ်။

(၂) ပြန်လုပ်လိုက်ရမှ

အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ ကိုယ့်ကိုလာကျောရင် နည်းနည်းလေးမှ ငြိမ်ခံမနေတတ်တဲ့သူတွေပါ။ ကိုယ့်ကိုတစ်ချက်လာလုပ်ရင် ကိုယ်ကလည်း တစ်ချက်ပြန်လုပ်လိုက်ရမှ၊ ကိုယ့်ကိုစောင်းပြောရင် ကိုယ်က ဒဲ့ပြန်ပြောလိုက်ရမှ ကျေနပ်တဲ့သူတွေပါ။ နည်းနည်းလေးမှ သည်းညီးမခံတဲ့သူတွေပေ့ါ။

(၃) ဟန်မဆောင်ဘူး

 

အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ နည်းနည်းလေးမှ ဟန်မဆောင်တဲ့သူတွေပါ။ ဟန်မဆောင်တတ်တာရော၊ ဟန်မဆောင်ချင်တာရောကြောင့်ပါ။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်ရမှ၊ လုပ်လိုက်ရမှ ကျေနပ်တဲ့သူတွေဖြစ်ပါတယ်။ ပွင့်လင်းလွန်းအားကြီးတာကြောင့် တစ်ခါတလေ တစ်ဖက်လူရဲ့ရင်ထဲ အောင့်သွားတတ်ပါတယ်။ တိတ်တိတ်လေးကြိတ်ပြီး စိတ်နာနေတဲ့သူတွေလည်း တအားများပေမယ့် သူတို့ကတော့ ခေါင်းထဲမထည့်ပါဘူး။

(၄) တည့်စရာမလိုဘူး

အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ တည့်အောင်ပေါင်းမယ်ဆိုတဲ့ အတွေးမျိုးမရှိကြတဲ့သူတွေပါ။ ကိုယ့်ဘဝနဲ့ကိုယ် အဆင်ပြေအောင် နေမယ့်သူတွေပါ။ ကိုယ်ကြည့်လို့မရတဲ့သူကို အနစ်နာခံပြီးပေါင်းနေမယ့်အစား ခပ်စိမ်းစိမ်းပဲနေမယ့်သူတွေပါ။ သူပေးမှစားရမယ်ဆိုလည်း အငတ်သာခံမယ် တည့်စရာမလိုဘူးဆိုတဲ့သူတွေပါ။

(၅) တစ်ယောက်တည်းလည်းအေးဆေး

အပျိုကြီးဖြစ်မယ့်သူတွေရဲ့ အားသာချက်တစ်ခုကတော့ တစ်ယောက်တည်းလည်း အေးအေးဆေးဆေးနေနိုင်တာပါပဲ။ လက်တွဲဖော်ဆိုတာ သူတို့အတွက် မရှိမဖြစ်မဟုတ်တာကြောင့် ကိုယ့်ဆီမှာ မနေချင်တဲ့သူကိုပဲဖြစ်ဖြစ်၊ သူ့ဆီမှာ မနေချင်တော့ရင်ပဲဖြစ်ဖြစ် အနှောင်အဖွဲ့ကင်းကင်းနဲ့ ထားခဲ့နိုင်တဲ့သူတွေပါ။ တစ်ယောက်တည်းလည်း အထီးကျန်သလိုမခံစားရတာကြောင့် အေးအေးဆေးဆေးပါပဲ။

Source AuntyMay