ၾကားသိရသမွ်

ဇွဲကပင်တောင်မှ ပျောက်ဆုံးနေတဲ့ ကောင်မလေးကို အဓိကရှာဖွေပေးခဲ့သူ

ဇွဲကပင်တောင်မှ ပျောက်ဆုံးနေတဲ့ ကောင်မလေးကို အဓိက ရှာဖွေပေးခဲ့သူ နှစ်ဦး

ဇွဲကပင်တောင်မှ ကောင်မလေး DB အားရှာပေးခဲ့သူ နှစ်ဦး.. သစ်ရွက်တွေနဲ့ ဖုံးအုပ်ထားလို့ တော်ရုံရှာမတွေ့နိုင်ပေမဲ့ သူတို့လေးတွေ လျှာနဲ့လျက်ပြီး ဖော်ထုတ်ထားလို့ တွေ့ရှိခဲ့တာလို့ သိရတယ်။ အရမ်းလိမ္မာတဲ့ ကလေးတွေ တောင်ပေါ်တက်ရင် တောက်လျှောက်လိုက်တာပါ။

1.4.2022 နံနက် (8:30) အချိန်ခန့် ဇွဲကပင်တောင်ပေါ်မှ ပျောက်ဆုံးနေတဲ့ ကလေးမလေးကို အထက်ရေတံခွန် ဘုန်းကြီးကျောင်း နားမှာ ပြန်လည်တွေ့ရှိပါပြီ.. ကောင်မလေး DB ကို မရမ်းပင်အောက်တွင် တွေ့ရှိခဲ့ပြီး ရှာဖွေတွေ့ရှိချိန်တွင် သစ်ရွက်သစ်ခက်များဖြင့်ဖုံးအုပ် ထားကြောင်းနှင့် ဦးခေါင်း

ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရှိရပါသည်။ ကောင်မလေး ရုပ်အလောင်းဟာ ၃ ရက် နီးပါး ကြာပြီဖြစ်လို့ အနံ့လည်း အနည်းငယ် ထွက်စပြုနေပါပြီ။ ကလေးမလေး နဲ့ တောင်အတူတက်တဲ့ အမျိုးသားကိုပဲ အတော်ရက်စက်တဲ့ နှလုံးသားပိုင်ရှင်လို့ ကျွန်တော့် စိတ်ထဲ မှတ်ချက်ပြုမိပါတယ်။‌

ကလေးမလေးဟာ အသက် ၂၀ အရွယ်ရှိ သင်္ချာဒုတိယနှစ်ကျောင်းသူ မဇာခြည်လှိုင်ဖြစ်ပြီး ဘားကပ်ကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ကနေ သိရပါတယ်။ ထို့ပြင် ကလေးမလေးဟာ ရုပ်ရည်ချောမောပြီး ငွေကြေးပြည့်စုံသူတဦးလို့ သိကြားမိပါတယ်။

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သွားသည့် အဆိုပါ ‌ကလေးမလေးသည် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအချိန်ကစတင်ပြီး အနောက်ဘက်ခြမ်းတောင်တက်လမ်းမှာ ဆိုင်ကယ်အပ်ဌာနထံ ဆိုင်ကယ်အပ်နှံခဲ့ပြီးနောက် တစ်ရက်ကျော်ကြာ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ် အမှတ်အသား ဖြစ်သလို သန့်ရှင်းတဲ့ သာသနာ့နယ်မြေ ဖြစ်လို့ မည်သို့သော ညစ်ညမ်းတဲ့ ကိစ္စမဆို ဒီတောင် ဒီမြေမှာ လာရောက် မကျူးလွန်စေချင်တော့ပါ။ လူတွေအပြောများနေတဲ့ ကျိန်စာသင့် နယ်မြေအဖြစ်မှ ကင်းဝေးပါစေတော့..။ (ကိုဇင်မိုး)