ကမာၻႀကီးကို ခ်ဳံ႕ပစ္မဲ့ စူပါျမန္ႏႈန္းျမင့္ အင္တာနက္ ဆက္သြယ္ေရး ဂ်ပန္မွာ စၿပီ။
ဂ်ပန္က သုေတသီေတြက အခ်က္အလက္ပို႔လႊတ္မႈႏႈန္း လက္ရွိထက္ အဆ (၁၀၀,၀၀၀) ပိုၿပီး ျမန္တဲ့ ႏႈန္းႏွင့္ ေဒတာပို႔ႏိုင္မယ့္ စံခ်ိန္သစ္တင္ စနစ္တခု စမ္းသပ္ေအာင္ျမင္သြားပါၿပီ။
ဂ်ပန္ရဲ႕ (NICT) ဆိုတဲ့ အင္တာနက္ ကြန္ယက္ သုေတသန ဌာနက multi-core fiber(MCF) စနစ္သုံးၿပီး ျမန္ႏႈန္း တစကၠန႔္ကို (1.02) petabit ႏွင့္ ေဒတာပို႔လႊတ္ႏိုင္ေၾကာင္းကို လြန္ခဲတဲ့ ေမလ(၃၀)ရက္ေန႔က ေအာင္ျမင္စြာ လက္ေတြ႕ သ႐ုပ္ျပခဲ့ပါတယ္။
1 Petabit (PB) ဟာ 100,000 Gigabytes (GB)ႏွင့္ ညီမွ်ပါတယ္။ အခုလက္ရွိ အျမန္ဆုံး အိမ္သုံး အင္တာနက္ ျမန္ႏႈန္း ထက္ အဆေပါင္း (100,000)ပိုၿပီးျမန္တဲ့ ႏႈန္းႏွင့္ ေနအိမ္သုံး စနစ္ အျဖစ္ တပ္ဆင္ေပးႏိုင္ဖို႔ ေဈးကြက္ထဲ ဝင္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။
ဒီတစကၠန႔္ကို (1.02) petabit ႏႈန္းႏွင့္ ဆိုရင္၊ တစကၠန႔္ကို ခ်ယ္နယ္လ္ေပါင္း(10) သန္းရွိတဲ့ (8)K broadcasting ျပကြက္ေတြကို လႊင့္ထုတ္ႏိုင္မွာ ျဖစ္ၿပီး၊ တကမာၻတဝွမ္းလုံး ဘယ္ေနရာက မဆို တခ်ိန္တည္း အခ်ိန္ မဆိုင္းပဲ လြယ္လင့္တကူ ဆက္သြယ္ႏိုင္မွာ ျဖစ္ပါတယ္။
(1.02) petabit ႏွင့္ တစကၠန႔္ကို (၃၂)မိုင္ႏႈန္းႏွင့္ သြားမွာ ျဖစ္လို႔၊ တစကၠန႔္ကို (127,500) GB ပို႔လႊတ္ႏိုင္မွာ ျဖစ္ပါတယ္။😲
ယခုလက္ရွိ ဂ်ပန္မွာ ျမန္ႏႈန္း အျမင့္ဆုံးက တစကၠန႔္ကို (1) GBပဲ ရွိပါတယ္။
Thakhin Thakhin
Unicode
ကမ္ဘာကြီးကို ချုံ့ပစ်မဲ့ စူပါမြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်ရေး ဂျပန်မှာ စပြီ။
ဂျပန်က သုတေသီတွေက အချက်အလက်ပို့လွှတ်မှုနှုန်း လက်ရှိထက် အဆ (၁၀၀,၀၀၀) ပိုပြီး မြန်တဲ့ နှုန်းနှင့် ဒေတာပို့နိုင်မယ့် စံချိန်သစ်တင် စနစ်တခု စမ်းသပ်အောင်မြင်သွားပါပြီ။
ဂျပန်ရဲ့ (NICT) ဆိုတဲ့ အင်တာနက် ကွန်ယက် သုတေသန ဌာနက multi-core fiber(MCF) စနစ်သုံးပြီး မြန်နှုန်း တစက္ကန့်ကို (1.02) petabit နှင့် ဒေတာပို့လွှတ်နိုင်ကြောင်းကို လွန်ခဲတဲ့ မေလ(၃၀)ရက်နေ့က အောင်မြင်စွာ လက်တွေ့ သရုပ်ပြခဲ့ပါတယ်။
1 Petabit (PB) ဟာ 100,000 Gigabytes (GB)နှင့် ညီမျှပါတယ်။ အခုလက်ရှိ အမြန်ဆုံး အိမ်သုံး အင်တာနက် မြန်နှုန်း ထက် အဆပေါင်း (100,000)ပိုပြီးမြန်တဲ့ နှုန်းနှင့် နေအိမ်သုံး စနစ် အဖြစ် တပ်ဆင်ပေးနိုင်ဖို့ ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီတစက္ကန့်ကို (1.02) petabit နှုန်းနှင့် ဆိုရင်၊ တစက္ကန့်ကို ချယ်နယ်လ်ပေါင်း(10) သန်းရှိတဲ့ (8)K broadcasting ပြကွက်တွေကို လွှင့်ထုတ်နိုင်မှာ ဖြစ်ပြီး၊ တကမ္ဘာတဝှမ်းလုံး ဘယ်နေရာက မဆို တချိန်တည်း အချိန် မဆိုင်းပဲ လွယ်လင့်တကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
(1.02) petabit နှင့် တစက္ကန့်ကို (၃၂)မိုင်နှုန်းနှင့် သွားမှာ ဖြစ်လို့၊ တစက္ကန့်ကို (127,500) GB ပို့လွှတ်နိုင်မှာ ဖြစ်ပါတယ်။😲
ယခုလက်ရှိ ဂျပန်မှာ မြန်နှုန်း အမြင့်ဆုံးက တစက္ကန့်ကို (1) GBပဲ ရှိပါတယ်။
Thakhin Thakhin