ၾကားသိရသမွ်

ငါးအပုပ်ရဲ့ ဂက်စ်အနံကြောင့် အဆိပ်သင့်ပြီး ‌‌သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ၃ဦး

ငါးအပုပ်ရဲ့ ဂက်စ်အနံကြောင့် အဆိပ်သင့်ပြီး ‌‌သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ၃ဦး

ဧပြီ ၃၊ ၂၀၂၂

ထိုင်းနိုင်ငံ တောင်ပိုင်း ပါတနီမြို့က ငါးဖမ်းလှေပေါ်က စွန့်ပစ်ငါးသေအပုပ်နံ့ ကြောင့် မြန်မာအလုပ် သမား(၃)ဦး

သေဆုံးခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ MWRN ကနေ သိရပါတယ်။

ပင်လယ်ထဲမှာ(၁၀) ရက် ကျော်ကြာ ငါးဖမ်းပြီးပြန်လာတဲ့ လှေကမ်းအဝင်လမ်းခရီးမှာ ငါးအပုပ်

(စွန့်ပစ်ငါး/ တိရိစ္ဆာန်အစာလုပ်ရန်ငါး) တွေ ထားထားတဲ့အခန်းမှာ ငါးပါကင် သွားတူးရာမှာ ထွက်လာတဲ့

ဂက်စ်နံ့တွေကြောင့် မတ်လ(၃၁)ရက်မှာအဆိပ်သင့် ပြီးသေဆုံးသွားတာဖြစ်ပါတယ်။

“ကမ်းကိုဝင်လာလို့ ကမ်းကိုရောက်ခါနီးမှာ ငါးပါကင်ဆိုတာက သုံးမရတဲ့ငါး တွေ ကြက်စာ ဘဲစာ ငါးစာတွေလုပ်တဲ့ဟာတွေပေါ့

အဲ့လိုငါးပါကင်တူးတဲ့အခါ ငါ့းပါကင်အခန်းက ဂတ်စ်ဖြစ်နေတာသိရတာ။ ဂတ်စ်ဖြစ်ပြီးသေတာ။

၁၀ရက် ၁၅ရက်ကြာလာတဲ့အခါ ငါးပါကင်ကို ရေခဲထည့်တာနည်းတာရယ် ဆားကြမ်း ထည့်တာနည်းတဲ့အခါ ငါးတွေကလူကိုသေစေနိုင်တဲ့ဂတ်စ်ထွက်တယ်။

နောက် တချက်က စက်ဆရာက ထိုင်းလူမျိုး သူကငါးပါကင်ထဲကအပုပ်ရေတွေကို စက်ခန်းထဲကစုတ်မထုတ်ဘူး

သန့်ရှင်းရေးမလုပ်တဲ့အခါ အညစ်အကြေးတွေ က လှေမှာဂတ်စ်တက်သွားတာပေါ့။ အသက်ရှုကြပ်ပြီး လူကိုသေစေနိုင်တဲ့

ဟာမျိုး အဆိပ်သင့်တဲ့ဓါတ်ငွေ့တွေဖြစ်ကုန်တာ။” လို့ သေဆုံးသူ(၃)ဦးနဲ့ ပတ်သက်ပြီး လိုက်လံဆောင်ရွက်ပေးနေတဲ့ MWRN ရဲ့

ဟတ်ယိုင်နယ်မြေ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေအနေနဲ့ လှေမှာရှိတဲ့ ငါးဆရာရဲ့ အတင်းအဓမ္မခိုင်းစေမှု ကို ခံခဲ့ရတာလားဆိုတာ ကိုသံသယဖြစ်မိတဲ့အတွက်လည်း

စုံစမ်းမှုတွေလုပ် နေတယ်လို့ ‌ပြောပါတယ်။ ငါးပါကင်တူးဖို့ လေးဦးဝင်သွားတာဖြစ်ပြီး သုံးဦးသေဆုံးကာ တစ်ဦးကတော့

အချိန်မီဆေးရုံရောက်ရှိ သွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ အသက်(၂၀)ကျော်ကနေ (၃၀)ကျော်အရွယ် တွေဖြစ်ကြတဲ့ မောင်စံလှ(ခ) ငပြက်ချေ၊ ညီညီ နဲ့

ကျော်ဝင်းမောင်တို့ ဖြစ်ကြပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေးညှင်းတောင်ရွာ၊ ဗူးရွက်မညိုးရွာနဲ့ တောဗွေရွာ တွေကဖြစ်ကြပါတယ်။

သေဆုံးသူအလုပ်သမားတွေရဲ့ အသုဘအခမ်းအနားကို ပါတနီမြို့ ဝပ် လမ်(မ်)နို့ခ် ဘုန်းကြီးကျောင်း မှာ ထားထားပြီး

ဒီနေ့ ဧပြီ(၃)ရက်မှာ (၂)ယောက်ကို မီးသဂြိုလ်ပြီး မနက်ဖြန် ဧပြီ(၄)ရက်မှာ ကျန်တစ် ယောက်ကို မီးသဂြိုလ်မှာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့အလုပ်သမားတွေဟာ လူမှုဖူလှုံရေးရန်ပုံငွေထဲ လစဉ်ထည့်ဝင်ထားကြတဲ့အတွက် ဥပဒေအရ လုပ်ငန်းခွင်မတော်တဆ

သေဆုံးမှု နစ်နာကြေးကို လုပ်သက်အလိုက်ရရှိ ကြမှာဖြစ်ပြီး ပျှမ်းမျှ လုပ်အားခ တစ်လကို ဘတ် (၉၀၀၀) နှုန်းနဲ့ လပေါင်း(၁၂၀)

အတွက် တစ်ယောက်ကို နစ်နာ ကြေး ဘတ် (၁ သန်း ၈ သောင်း)ခန့်ရနိုင်မှာဖြစ်တဲ့အတွက် မိဘဆွေမျိုးတွေ လာရောက်

ထုတ်ယူခွင့်ရှိ တယ်လို့ MWRNက သိရပါတယ်။#Bvj

ဓါတ်ပုံ-MWRN

zawgyi,

ငါးအပုပ္ရဲ႕ ဂက္စ္အနံေၾကာင့္ အဆိပ္သင့္ၿပီး ‌‌ေသဆုံးခဲ့ရတဲ့ ျမန္မာႏိုင္ငံသား ၃ဦး

ဧၿပီ ၃၊ ၂၀၂၂

ထိုင္းႏိုင္ငံ ေတာင္ပိုင္း ပါတနီၿမိဳ႕က ငါးဖမ္းေလွေပၚက စြန႔္ပစ္ငါးေသအပုပ္နံ႔ ေၾကာင့္ ျမန္မာအလုပ္ သမား(၃)ဦး

ေသဆုံးခဲ့တယ္လို႔ ေ႐ႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္အဖြဲ႕ MWRN ကေန သိရပါတယ္။

ပင္လယ္ထဲမွာ(၁၀) ရက္ ေက်ာ္ၾကာ ငါးဖမ္းၿပီးျပန္လာတဲ့ ေလွကမ္းအဝင္လမ္းခရီးမွာ ငါးအပုပ္

(စြန႔္ပစ္ငါး/ တိရိစာၦန္အစာလုပ္ရန္ငါး) ေတြ ထားထားတဲ့အခန္းမွာ ငါးပါကင္ သြားတူးရာမွာ ထြက္လာတဲ့

ဂက္စ္နံ႔ေတြေၾကာင့္ မတ္လ(၃၁)ရက္မွာအဆိပ္သင့္ ၿပီးေသဆုံးသြားတာျဖစ္ပါတယ္။

“ကမ္းကိုဝင္လာလို႔ ကမ္းကိုေရာက္ခါနီးမွာ ငါးပါကင္ဆိုတာက သုံးမရတဲ့ငါး ေတြ ၾကက္စာ ဘဲစာ ငါးစာေတြလုပ္တဲ့ဟာေတြေပါ့

အဲ့လိုငါးပါကင္တူးတဲ့အခါ ငါ့းပါကင္အခန္းက ဂတ္စ္ျဖစ္ေနတာသိရတာ။ ဂတ္စ္ျဖစ္ၿပီးေသတာ။

၁၀ရက္ ၁၅ရက္ၾကာလာတဲ့အခါ ငါးပါကင္ကို ေရခဲထည့္တာနည္းတာရယ္ ဆားၾကမ္း ထည့္တာနည္းတဲ့အခါ ငါးေတြကလူကိုေသေစႏိုင္တဲ့ဂတ္စ္ထြက္တယ္။

ေနာက္ တခ်က္က စက္ဆရာက ထိုင္းလူမ်ိဳး သူကငါးပါကင္ထဲကအပုပ္ေရေတြကို စက္ခန္းထဲကစုတ္မထုတ္ဘူး

သန႔္ရွင္းေရးမလုပ္တဲ့အခါ အညစ္အေၾကးေတြ က ေလွမွာဂတ္စ္တက္သြားတာေပါ့။ အသက္ရႈၾကပ္ၿပီး လူကိုေသေစႏိုင္တဲ့

ဟာမ်ိဳး အဆိပ္သင့္တဲ့ဓါတ္ေငြ႕ေတြျဖစ္ကုန္တာ။” လို႔ ေသဆုံးသူ(၃)ဦးနဲ႔ ပတ္သက္ၿပီး လိုက္လံေဆာင္႐ြက္ေပးေနတဲ့ MWRN ရဲ႕

ဟတ္ယိုင္နယ္ေျမ တာဝန္ခံ ဦးဘရီက ေျပာပါတယ္။

ဒါ့အျပင္ ေသဆုံးသူေတြအေနနဲ႔ ေလွမွာရွိတဲ့ ငါးဆရာရဲ႕ အတင္းအဓမၼခိုင္းေစမႈ ကို ခံခဲ့ရတာလားဆိုတာ ကိုသံသယျဖစ္မိတဲ့အတြက္လည္း

စုံစမ္းမႈေတြလုပ္ ေနတယ္လို႔ ‌ေျပာပါတယ္။ ငါးပါကင္တူးဖို႔ ေလးဦးဝင္သြားတာျဖစ္ၿပီး သုံးဦးေသဆုံးကာ တစ္ဦးကေတာ့

အခ်ိန္မီေဆး႐ုံေရာက္ရွိ သြားတယ္လို႔ သိရပါတယ္။

ေသဆုံးသူေတြဟာ အသက္(၂၀)ေက်ာ္ကေန (၃၀)ေက်ာ္အ႐ြယ္ ေတြျဖစ္ၾကတဲ့ ေမာင္စံလွ(ခ) ငျပက္ေခ်၊ ညီညီ နဲ႔

ေက်ာ္ဝင္းေမာင္တို႔ ျဖစ္ၾကၿပီး ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ရွိ ေလးညႇင္းေတာင္႐ြာ၊ ဗူး႐ြက္မညိဳး႐ြာနဲ႔ ေတာေဗြ႐ြာ ေတြကျဖစ္ၾကပါတယ္။

ေသဆုံးသူအလုပ္သမားေတြရဲ႕ အသုဘအခမ္းအနားကို ပါတနီၿမိဳ႕ ဝပ္ လမ္(မ္)ႏို႔ခ္ ဘုန္းႀကီးေက်ာင္း မွာ ထားထားၿပီး

ဒီေန႔ ဧၿပီ(၃)ရက္မွာ (၂)ေယာက္ကို မီးသၿဂိဳလ္ၿပီး မနက္ျဖန္ ဧၿပီ(၄)ရက္မွာ က်န္တစ္ ေယာက္ကို မီးသၿဂိဳလ္မွာ ျဖစ္ပါတယ္။

ေသဆုံးသြားတဲ့အလုပ္သမားေတြဟာ လူမႈဖူလႈံေရးရန္ပုံေငြထဲ လစဥ္ထည့္ဝင္ထားၾကတဲ့အတြက္ ဥပေဒအရ လုပ္ငန္းခြင္မေတာ္တဆ

ေသဆုံးမႈ နစ္နာေၾကးကို လုပ္သက္အလိုက္ရရွိ ၾကမွာျဖစ္ၿပီး ပွ်မ္းမွ် လုပ္အားခ တစ္လကို ဘတ္ (၉၀၀၀) ႏႈန္းနဲ႔ လေပါင္း(၁၂၀)

အတြက္ တစ္ေယာက္ကို နစ္နာ ေၾကး ဘတ္ (၁ သန္း ၈ ေသာင္း)ခန႔္ရႏိုင္မွာျဖစ္တဲ့အတြက္ မိဘေဆြမ်ိဳးေတြ လာေရာက္

ထုတ္ယူခြင့္ရွိ တယ္လို႔ MWRNက သိရပါတယ္။#Bvj

ဓါတ္ပုံ-MWRN

Unicode