လူတွေက အသက်ကြီးသူမှမဟုတ်ဘဲ ငယ်ရွယ်တဲ့သူတွေကလည်း အမေ့သန်ပြီး နမော်နမဲ့ ဖြစ်တက်ကြပါတယ် ။ မကြာသေးမီက တရုတ်အမျိုးသားတစ်ဦးဟာ ကီလိုမီတာ 200-300 အကွာလောက် မောင်းသွားပြီးနောက် ကားနောက်ခန်းကို ကြည့်လိုက်တဲ့အခါမှာ ဇနီးမပါရှိကြောင်းကို သိခဲ့ရပါတယ် ။ ဒါဟာ တစ်ကယ့်ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလို့ ထင်မိခဲ့ပါတယ် ။ ထိုနောက် ခင်ပွန်းက တရုတ်နိုင်ငံ မြောက်ပိုင်း Hubei ပြည်နယ်ရှိ ရဲစခန်းသို့သွားတိုင်ခဲ့ပြီး အရာရှိတွေကို ဦးနှောက်ရှုပ်စေခဲ့ပါတယ် ။
ဒါပေမဲ့ ယာဉ်ထိန်းရဲတစ်ဦးက ကားပါကင်မှ အဆိုပါခင်ပွန်းရဲ့ “ဇနီး ပျောက်သွားပြီ” ဆိုတဲ့ သတင်းကို လက်ခံရရှိတဲ့အခါ ယာဉ်ထိန်းရဲက အမျိုးသမီးတစ်ဦး Yicheng မြို့က အနားယူတဲ့ မှတ်တိုင်မှာ တွေ့ခဲ့တယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ ထိုအခါမှာ အမျိုးသမီးက “သူမနဲ့အတူ ဆဲလ်ဖုန်းမဆောင်ထားဘူး။ နောက်ပြီး ကျွန်မခင်ပွန်းရဲ့ ဖုန်းနံပါတ်ကိုလည်း မမှတ်မိဘူး။ ကျွန်မလုပ်နိုင်တာက ကားပါကင်မှာ ညအိပ်စောင့်ပြီး ငါ့ယောက်ျားက ကားထဲမှာ မရှိတော့တာကို သတိပြုမိဖို့ ဆုတောင်းခဲ့ရတယ်။” လို့ ဆိုခဲ့ပါတယ် ။
JRose (KB Chimmy One)
Reference : thainewsonline
Zawgyi
JRose (KB Chimmy One)