ၾကားသိရသမွ်

“အသက္ ၅၄ ႏွစ္အ႐ြယ္ရွိေသာ မိခင္ျဖစ္သူအား ဒလံလို႔ဆိုၿပီး -တ္ျဖတ္သြားျခင္းအေပၚ သားျဖစ္သူ ဥဴးဇင္းတစ္ပါး ေရးတဲ့စာ”

“အသက္ ၅၄ ႏွစ္အ႐ြယ္ရွိေသာ မိခင္ျဖစ္သူအား ဒလံလို႔ဆိုၿပီး -တ္ျဖတ္သြားျခင္းအေပၚ သားျဖစ္သူ ဥဴးဇင္းတစ္ပါး ေရးတဲ့စာ”

ဒလံဆိုတာ ၇၀% ၈၀% ေလာက္ေသခ်ာမွ လုပ္တယ္ဆိုရင္ ဦးဇင္းမယ္ေတာ္ႀကီးကို … ၾကက္ကေလးငွတ္ကေလးလို လမ္းေဘးမွာ (အိမ္ေရွ႕ေဘးေလးမွာ)…ရက္ရက္စက္စက္ -တ္သြားတဲ့ လူေတြကပဲ…. မယ္ေတာ္ႀကီးရဲ႕ ဒလံလုပ္ငန္းစဥ္ ၇၀%၈၀%ေလာက္ တစ္တိုင္း ျပည္လုံးသိေအာင္….ခ်ျပေပးပါလို႔ ဦးဇင္း ေတာင္းဆိုလိုက္ပါတယ္…

၁။ ၇၀% ၈၀% သက္ေသႏွင့္တစ္ကြ ခ်ျပႏိုင္ၿပီးလွ်င္ ဦးဇင္းကိုလည္း ဦးဇင္းရဲ႕မယ္ေတာ္ႀကီးကို -တ္သကဲ့သို႔ နံေဘး လည္ဇလုပ္အနီး ေအာက္ေမးေစ့ နဖူးတို႔ကို မယ္ေတာ္ႀကီးကို လုပ္ႀကံသတ္ျဖတ္သကဲ့သို႔… ထိုအရသာကို ထပ္တူခံစားလိုပါေၾကာင္း။

ဦးဇင္းကို လာေရာက္ သတ္ျဖတ္ႏိုင္ပါေၾကာင္း သီတင္းေကာင္းပါးအပ္ပါသည္…

၂။ ခိုင္မာတဲ့သက္ေသ မခ်ျပႏိုင္ပါက ဦးဇင္းရဲ႕ အရမ္းခ်စ္ရေသာ….. တန္ဖိုးမျဖတ္ႏိုင္တဲ့ နိဗၺာန္သြားရာ ထြက္ရပ္ေပါက္ျဖစ္ေသာ ငါ၏ခႏၲာကိုယ္ကို အသက္နဲ႔ရင္းအနာက်ဥ္ခံၿပီး ေမြးေပးခဲ့တဲ့…. မာတာမိခင္ ေက်းဇူးရွင္ႀကီးအတြက္… ဘယ္သူေတြက… ဘယ္လို တာဝန္ျပန္ယူေပးၾကမွာလဲ?

( ဒလံေတာ့ဒလံ ဒါေပမယ့္ ”ထင္”တစ္လုံးနဲ႔ ”ထင္ဒလံ” လုပ္ၿပီး (ျပည္သူအခ်င္းခ်င္း) လူမႈ႕ေရးမေၾကနပ္ခ်က္ေတြ (သို႔) ပုဂၢိဳလ္ေရးမုန္းတီးမႈ႕ေတြအတြက္
ႏိုင္ငံေရးကို ခုတုံးလုပ္ (လူအခ်င္းခ်င္း လွည့္ပတ္ၿပီး ေခ်ာက္ခ် အေသဆိုးနဲ႔ ေပးမေသလိုက္ၾကပါနဲ႔လို႔ ဦးဇင္း ဒီကေန ေမတၱာရပ္ခံအပ္ပါသည္။

ျမန္မာျပည္ႀကီး အျမန္ၿငိမ္းခ်မ္းပါေစ လူ-တ္ဝါဒ အားလုံး က်ဆုံးပါေစ ဘယ္သူေသေသ အားလုံးဟာ ျပည္သူေတြပါ

Crd. Forest Man

Unicode

“အသက် ၅၄ နှစ်အရွယ်ရှိသော မိခင်ဖြစ်သူအား ဒလံလို့ဆိုပြီး -တ်ဖြတ်သွားခြင်းအပေါ် သားဖြစ်သူ ဥူးဇင်းတစ်ပါး ရေးတဲ့စာ”

ဒလံဆိုတာ ၇၀% ၈၀% လောက်သေချာမှ လုပ်တယ်ဆိုရင် ဦးဇင်းမယ်တော်ကြီးကို … ကြက်ကလေးငှတ်ကလေးလို လမ်းဘေးမှာ (အိမ်ရှေ့ဘေးလေးမှာ)…ရက်ရက်စက်စက် -တ်သွားတဲ့ လူတွေကပဲ…. မယ်တော်ကြီးရဲ့ ဒလံလုပ်ငန်းစဥ် ၇၀%၈၀%လောက် တစ်တိုင်း ပြည်လုံးသိအောင်….ချပြပေးပါလို့ ဦးဇင်း တောင်းဆိုလိုက်ပါတယ်…

၁။ ၇၀% ၈၀% သက်သေနှင့်တစ်ကွ ချပြနိုင်ပြီးလျှင် ဦးဇင်းကိုလည်း ဦးဇင်းရဲ့မယ်တော်ကြီးကို -တ်သကဲ့သို့ နံဘေး လည်ဇလုပ်အနီး အောက်မေးစေ့ နဖူးတို့ကို မယ်တော်ကြီးကို လုပ်ကြံသတ်ဖြတ်သကဲ့သို့… ထိုအရသာကို ထပ်တူခံစားလိုပါကြောင်း။

ဦးဇင်းကို လာရောက် သတ်ဖြတ်နိုင်ပါကြောင်း သီတင်းကောင်းပါးအပ်ပါသည်…

၂။ ခိုင်မာတဲ့သက်သေ မချပြနိုင်ပါက ဦးဇင်းရဲ့ အရမ်းချစ်ရသော….. တန်ဖိုးမဖြတ်နိုင်တဲ့ နိဗ္ဗာန်သွားရာ ထွက်ရပ်ပေါက်ဖြစ်သော ငါ၏ခန္တာကိုယ်ကို အသက်နဲ့ရင်းအနာကျဥ်ခံပြီး မွေးပေးခဲ့တဲ့…. မာတာမိခင် ကျေးဇူးရှင်ကြီးအတွက်… ဘယ်သူတွေက… ဘယ်လို တာဝန်ပြန်ယူပေးကြမှာလဲ?

( ဒလံတော့ဒလံ ဒါပေမယ့် ”ထင်”တစ်လုံးနဲ့ ”ထင်ဒလံ” လုပ်ပြီး (ပြည်သူအချင်းချင်း) လူမှု့ရေးမကြေနပ်ချက်တွေ (သို့) ပုဂ္ဂိုလ်ရေးမုန်းတီးမှု့တွေအတွက် နိုင်ငံရေးကို ခုတုံးလုပ် (လူအချင်းချင်း လှည့်ပတ်ပြီး ချောက်ချ အသေဆိုးနဲ့ ပေးမသေလိုက်ကြပါနဲ့လို့ ဦးဇင်း ဒီကနေ မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ လူ-တ်ဝါဒ အားလုံး ကျဆုံးပါစေ ဘယ်သူသေသေ အားလုံးဟာ ပြည်သူတွေပါ

Crd. Forest Man