စစ်ကောင်စီအနေဖြင့် အင်တာနက်အသုံးပြုမှုအား Whitelist ဖြင့်သာခွင့်ပြုမည်ဟူသောသတင်းများ မကြာမီကထွက်ပေါ်လာခဲ့ပြီး
အသုံးပြုခွင့်ပေးသော App များတွင် Facebook၊ ပါဝင်ခဲ့ခြင်းမရှိသည်ကို အားလုံးသိရှိပြီးဖြစ်သည်
လတ်တလောတွင်လည်း Facebook အသုံးပြု၍မရသည်အထိပိတ်ပင်လာနိုင်ကြောင်းသတင်းများထွက်ပေါ်လျှက်ရှိသည်
Whitelist သဘောတရားနှင့်ပတ်သက်၍နည်းပညာကျွမ်းကျင်သူများက အခုလိုပြောပြလာသည်“Whitelist ကတော့ ပွင့်စေချင်တာကိုရွေးရတာပါ
ဥပမာပွင့်ချင်တဲ့MilitaryWebsite တွေကိုပဲ ရွေးဖွင့်ထားပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးကဟာတွေ အကုန်ပိတ်သွားမှာပါ
ဒါက ဆိုးလားဆိုတော့ တော်တော်ကိုဆိုးပါတယ်။ ကျနော်တို့ Blacklist သည် သာမာန်နည်းနဲ့ကျော်လို့ရနိုင်ပါတယ်
ဘာလို့ဆို Blacklist သည် အရာအားလုံးကို လိုက်မပိတ်နိုင်ပါဘူး။ ဥပမာ VPN Software တစ်ခု၊
အစက သုံးလို့ရပြီး နောက်ကျမရတော့တာကို ကြုံဖူးကြမှာပါ။ဒါသည် Blacklist နဲ့ လိုက်ပိတ်နေလို့ဖြစ်ပါတယ်
အစပိုင်းမှာ မပိတ်ထားပေမဲ့ နောက်ကျ လိုအပ်သလို၊ အဲ့ VPN ကို Blacklist ထဲ ထည့်ပြီး ပိတ်လိုက်တာဖြစ်ပါတယ်
Whitelist နဲ့ ဆိုရင်တော့ အပေါ်မှာပြောခဲ့သလိုပဲ ပွင့်စေချင်တာ သီးသန့်ကိုပဲ၊ ဖွင့်ထားတာဆိုတော့ VPN ကျော်လို့လည်း
မရတော့ပါဘူး။”အမှန်တကယ် Whitelist အသုံးပြု၍ပိတ်ပင်မည်ဆိုပါက Facebook အသုံးပြုခွင့်ရတော့မည်မဟုတ်ပေ
Credit Ma
Unicode Version
Credit Ma



