ဆြမ္းခံႂကြရင္း မိုင္းထိၿပီး ေျခေထာက္က်ိဳးသြားရတဲ့ ကိုရင္ေလးက လမ္းေလွ်ာက္ခ်င္တယ္ဆိုၿပီး ငိုေနတဲ့႐ုပ္သံ (စိတ္မေကာင္းလိုက္တာဗ်ာ)😭
*မိဘေတြ ဘယ္ေလာက္မ်ား ခံစားေနရမလဲဗ်ာ*
စိတ္မေကာင္းလိုက္တာ ကိုရင္တို႔ရယ္ လုပ္ခဲ့တဲ့ လမ္းေၾကာင္းမ်ားစြာထဲ က ဒီေန႔စိတ္မေကာင္းဆုံး လမ္းေၾကာင္းပါ
21–4–2022 ကူညီေတာင္းမႈအရ စစ္ကိုင္းေဆး႐ုံ ရင္ခြဲ႐ုံမွ ကိုရင္ ႏွစ္ပါး ျဖစ္ေသာ ရွင္ေသာနႏၵ (၁၀) ႏွစ္ ရွင္ဓမၼနႏၵ
(၁၀) ႏွစ္ တို႔ ႏွစ္ပါး အား အိုးဘိုRescue မွ ေနရပ္ ဆားေတာင္ၿမိဳ႕နယ္ သိမ္ေခ်ာင္း ေက်း႐ြာ ရန္ကင္းစႏၵမုနိ ေက်ာင္းတိုက္ သို႔
ျပန္လည္ပို႔ေဆာင္ကုသိုလ္ယူခဲ့ပါသည္ ျဖစ္စဥ္ အက်ဥ္း အုန္းဆို အသံၾကား၍ ထြက္ၾကည့္ရာ ပုံပါအတိုင္း ဆြမ္းခံ ကိုရင္သုံးပါး အား အနီးနားလူမ်ား ေျပးၾကည့္ကူညီေတာင္း ဝိုင္းဝန္းျပဳစုရင္း မန္းေလးသြားေသာ
ၾကက္ေျခနီ ညီငယ္ပိုင္ေသာ ကိုယ္ပိုင္ကားျဖင့္ စစ္ကိုင္းေဆး႐ုံ သို႔ ပို႔ေဆာင္ရာ
ႏွစ္ပါး ပ်ံလြန္ေတာ္မူ တပါး မန္းေလး ေဆး႐ုံသို႔ သုခကာရီ အသင္းျဖင့္ပို႔ေဆာင္
ေအာ္ ေရွးလူႀကီးေတြ ေျပာတဲ့ ဆြမ္းခံရင္ ငွတ္သင့္ခဲ့တာ မဟုတ္ဘူး ဆြမ္းခံရင္း
မိုင္းထိခဲ့ေသာ ကိုရင္ေလးတို႔ရယ္ မိသားစုႏွင့္အတူ ထပ္တူဝမ္းနည္း ေၾကကြဲရပါတယ္ဘုရား
ဆြမ္းခံႂကြရင္း မိုင္းထိၿပီး ေျခေထာက္က်ိဳးသြားရတဲ့ သာသနာ့ႏြယ္ဝင္ ရွင္ကိုရင္ေလးက လမ္းေလွ်ာက္ခ်င္တယ္…
အျပင္သြားခ်င္တယ္တဲ့
စိတ္ထိခိုက္ရျပန္ၿပီ 😭
Unicode
ဆွမ်းခံကြွရင်း မိုင်းထိပြီး ခြေထောက်ကျိုးသွားရတဲ့ ကိုရင်လေးက လမ်းလျှောက်ချင်တယ်ဆိုပြီး ငိုနေတဲ့ရုပ်သံ (စိတ်မကောင်းလိုက်တာဗျာ)😭
*မိဘတွေ ဘယ်လောက်များ ခံစားနေရမလဲဗျာ*
စိတ်မကောင်းလိုက်တာ ကိုရင်တို့ရယ် လုပ်ခဲ့တဲ့ လမ်းကြောင်းများစွာထဲ က ဒီနေ့စိတ်မကောင်းဆုံး လမ်းကြောင်းပါ
21–4–2022 ကူညီတောင်းမှုအရ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံမှ ကိုရင် နှစ်ပါး ဖြစ်သော ရှင်သောနန္ဒ (၁၀) နှစ် ရှင်ဓမ္မနန္ဒ
(၁၀) နှစ် တို့ နှစ်ပါး အား အိုးဘိုRescue မှ နေရပ် ဆားတောင်မြို့နယ် သိမ်ချောင်း ကျေးရွာ ရန်ကင်းစန္ဒမုနိ ကျောင်းတိုက် သို့
ပြန်လည်ပို့ဆောင်ကုသိုလ်ယူခဲ့ပါသည် ဖြစ်စဉ် အကျဉ်း အုန်းဆို အသံကြား၍ ထွက်ကြည့်ရာ ပုံပါအတိုင်း ဆွမ်းခံ ကိုရင်သုံးပါး အား အနီးနားလူများ ပြေးကြည့်ကူညီတောင်း ဝိုင်းဝန်းပြုစုရင်း မန်းလေးသွားသော
ကြက်ခြေနီ ညီငယ်ပိုင်သော ကိုယ်ပိုင်ကားဖြင့် စစ်ကိုင်းဆေးရုံ သို့ ပို့ဆောင်ရာ
နှစ်ပါး ပျံလွန်တော်မူ တပါး မန်းလေး ဆေးရုံသို့ သုခကာရီ အသင်းဖြင့်ပို့ဆောင်
အော် ရှေးလူကြီးတွေ ပြောတဲ့ ဆွမ်းခံရင် ငှတ်သင့်ခဲ့တာ မဟုတ်ဘူး ဆွမ်းခံရင်း
မိုင်းထိခဲ့သော ကိုရင်လေးတို့ရယ် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရပါတယ်ဘုရား
ဆွမ်းခံကြွရင်း မိုင်းထိပြီး ခြေထောက်ကျိုးသွားရတဲ့ သာသနာ့နွယ်ဝင် ရှင်ကိုရင်လေးက လမ်းလျှောက်ချင်တယ်…
အပြင်သွားချင်တယ်တဲ့
စိတ်ထိခိုက်ရပြန်ပြီ 😭



