အသိပညာ
မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ
မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ
မိသားစုကိုချစ်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ။မိမိနိုင်ငံတိုးတက်စေခြင်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ။မိမိမြို့၊ရပ်ရွာ၊မိသားစုအားလုံးကိုပြောင်းလဲခြင်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ။
သူတစ်ပါအပေါ်အပြစ်တင်နေတာတွေရပ်ပါ။သူတစ်ပါးစိတ်ကိုပြုပြင်ပြောင်းလဲခြင်ရင်မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ။နိုင်ငံတစ်နိုင်ငံမတိုးတက်လို့ တစ်ယောက်ကိုတစ်ယောက်အပစ်တင်နေကြရင် မိမိကိုယ်တိုင်ကရော စည်းကမ်းလိုက်နာသူတစ်ယောက်ဖြစ်ပြီလား…?။
နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ တိုင်းပြည်အတွင်းမှာရှိတဲ့လူးသားအားလုံးရဲတာဝန်ပါ။နိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ဆိုတာဝေးပါတယ်။မိမိရဲမိသားစုကိုယ်တောင် တိုးတက်အောင်တာဝန်ထမ်းဆောင်နိုင်ပြီလား…?။
မိမိကိုယ်တိုင်ကရော တိုးတက်အောင်မြင်သူတစ်ယောက်ဖြစ်နေပြီလား…?။အများစုက ပြသနာကိုဖြေရှင်းဖို့ထပ် အပြစ်တင်နေကြတယ်မဟုတ်ပါလား။အဲတာကြောင့် ကမ္ဘာကြီးပြောင်းလဲခြင်ရင် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါ။
လှေကားဆိုတာကျော်တက်လို့မရသလို မိမိနိုင်ငံ၊လူမျိုး၊ရပ်ရွာအတွက်ပြောင်းလဲခြင်ရင် မိမိကိုယ်ကိုယ်ပထမဆုံးပြောင်းလဲပါ။မိမိကိုယ်ကိုယ်ပြောင်းလဲနိုင်ရင် မိမိပတ်ဝန်ကျင်ကိုပြောင်းလဲနိုင်ပါလိမ့်မယ်။
အပြစ်တင်တာတွေရပ်ပါ။အပြစ်တင်တာဟာအဖြေမဟုတ်ပါဘူး။ပြသနာတစ်ခုကိုခေါင်းမရှောင်ပါနဲ ဘယ်နည်းဘယ်ပုံဖြေရှင်းရမယ်ဆိုတာအဖြေရှာပါ။…………
တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှကျန်ရစ်သူထဲသင်မပါစေနဲ။အချိန်ဖြုန်းနေတာတွေရပ်ပါ။အချိန်ကရပ်မနေလို့ပါဘဲ။ပြောင်းလဲသင့်ပါပြီ။တစ်ယောက်ချင်းစီးကိုယ်တာဝန်ကိုယ်ကျေကြရင် ကမ္ဘာကြီးလဲပြောင်းလဲလာပါလိမ့်မယ်။
ကမ္ဘာကြီးကတာဝန်အားလုံးကိုကသင်တစ်ယောက်ထဲတာဝန်းအားလုံးသင်တစ်ယောက်ထဲမထမ်းဆောင်ခိုင်းတဲ့အတွက် ကိုယ်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ရင် ကမ္ဘာကြီးကိုပြောင်းလဲတာနဲအတူတူပါဘဲ။
အဲတာကြောင့် မိမိကိုယ်ကိုယ်အရင်ပြောင်းလဲပါမိတ်ဆွေ။သင့်ကိုယ်သင့်တိုးတက်ပြောင်းလဲနိုင်ရင်သင့်တာဝန်သင်ကျေပါပြီ။မိမိကိူယ်ကိုယ်ပြောင်းလဲကြပါစို့။
Credit-Shwe NyarThar
Zaw Gyi
Credit-Shwe NyarThar