နောက်အိမ်ထောင် ပြု တဲ့ ဖခင် ၊မိခင်တိုင်း လိုလို အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး …။
ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ ကို အသနားပိုပြီး သားသမီး များက ပို ချစ်ကြတယ် …။
အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်ကကြည်ညိုလို့ မရတဲ့ ဖခင်၊မိခင် ဖြစ်နေတာပါ …။
အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှမရှိသလောက် ဖြစ်နေတော့တာပါ …။
အသက် အရွယ် ကြီး လာတာနဲ့ အမျှ သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး …။
ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်း က ပြန်ကုစား လို့ မရ နိုင်တော့ လို့ပါ …။
” အဖေ အမေ မှားပါပြီ ” လို့ မျက်ရည် ကျ ပြ လည်း သားသမီး များ က ဒီ မျက်ရည် ကို ခံစား ပေးနိုင်မှာ မဟုတ်ပါဘူး …။
နောက် အိမ်ထောင်ပြု တဲ့ ဖခင် ၊မိခင် တိုင်း လိုလို အများစု အိုဇာတာ မကောင်း တတ်ကြပါဘူး …။
ဖခင် မိခင် ဆိုတဲ့ ဂုဏ်ထူး ဟာ လူ မှန် နေရာ မှန် တာဝန် ကျေခဲ့ရင်အိမ်ဦးနတ် ဘဝ နဲ့ အိမ်ဦးခန်း မှာ ကျက်သရေ ရှိရှိတစ်သက်တာ တင့်တယ် နေတော့မှာပါ …။
အိမ်ထောင်ရေး ဖောက်ပြန် တတ် တဲ့ ဖခင် မိခင် တိုင်း အတွက် တော့ကံကြမ္မာ ရဲ့ တန်ရာ တန်ကြေး သစ္စာမဲ့မှု့ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာပါပဲ …။
စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် မိခင် တိုင်းဟာစိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လှူရှု့ မှု့ အောက်မှာ မရှု့မလှ ကျဆုံး ရတော့မှာပါ …။
မျက်ရည် များရဲ့ ဝဋ် ကို လည်း အချိန် ရ လာတာနဲ့ အမျှ —အရှိန် ရ လာတာ နဲ့ အမျှ —ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့ ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ …။
ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာကိုယ်ထားခဲ့တဲ့ ဇနီး က ကိုယ်တာဝန် မကျေခဲ့တဲ့ သားသမီးများ ဝန်းရံလျက်သာယာတဲ့
ဘဝ လေး ကို ပိုင်ဆိုင် နေတဲ့ အချိန် ရောက်ရှိနေပါပြီ …။ဘဝ မှာ လမ်း မ မှန် တဲ့နည်း နဲ့ အပျော် ရှာ နေတဲ့သူငယ်ချင်း ရေ … !
မင်း ရော မင်း ဖန်တီး ခဲ့တဲ့ မိသားစု ရော မျက်ရည် ကျ မယ့် အရာ အားလုံး ရပ်လိုက်ပါ …။ဆန္ဒ သစ် ရဲ့ နောက်အိမ်ထောင် ဆိုတာ ကို ကျောခိုင်း လိုက်ပါ …။
မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှု ကြီး ကို စွန့်လွှတ် လိုက်ပါ …။
ကိုယ့် မိသားစု ကို ပြန်လည် မျက်နှာမူဖို့ ၊ တစ်ဖန် လည်ပြန် နွေးထွေး ပေးဖို့ ကို တိုက်တွန်းစကား ဆို လိုက်ရပါတယ် သူငယ်ချင်း …။
မေတ္တာဖြင့် သာရေးသားသည် …။ ။
လေးစားစွာဖြင့် – သိန်းမောင်မောင်
Zawgyi
အမႀကီး တစ္ေယာက္ရဲ့ ေတာင္းဆိုခ်က္အရ တင္ေပးလိုက္ပါၿပီ…
ေနာက္အိမ္ေထာင္ ျပဳ တဲ့ ဖခင္ ၊မိခင္တိုင္း လိုလို အမ်ားစု ဘဝဇာတ္သိမ္း မေကာင္းၾကပါဘူး …။
က်န္ရစ္ခဲ့တဲ့ အေမ့ အေဖ့ ကို အသနားပိုၿပီး သားသမီး မ်ားက ပို ခ်စ္ၾကတယ္ …။
အသိစိတ္က အေဖ အေမ ဆိုေပမယ့္ မသိစိတ္ကၾကည္ညိဳလို႔ မရတဲ့ ဖခင္၊မိခင္ ျဖစ္ေနတာပါ …။
အသိစိတ္က ေသြးသား ေတာ္စပ္ေပမယ့္ မသိစိတ္က သူစိမ္းတစ္ေယာက္ လိုဘာ ခံစားခ်က္မွမရွိသေလာက္ ျဖစ္ေနေတာ့တာပါ …။
အသက္ အရြယ္ ႀကီး လာတာနဲ႔ အမၽွ သား ရင္း သမီး ရင္း ဆိုတာ အနား မွာ ကပ္ၾကမွာ မဟုတ္ေတာ့ပါဘူး …။
ကိုယ့္ကိုပစ္ထားခဲ့တဲ့ နာၾကည္းခ်က္ အနာေဟာင္း က ျပန္ကုစား လို႔ မရ နိုင္ေတာ့ လို႔ပါ …။
” အေဖ အေမ မွားပါၿပီ ” လို႔ မ်က္ရည္ က် ၿပ လည္း သားသမီး မ်ား က ဒီ မ်က္ရည္ ကို ခံစား ေပးနိုင္မွာ မဟုတ္ပါဘူး …။
ေနာက္ အိမ္ေထာင္ျပဳ တဲ့ ဖခင္ ၊မိခင္ တိုင္း လိုလို အမ်ားစု အိုဇာတာ မေကာင္း တတ္ၾကပါဘူး …။
ဖခင္ မိခင္ ဆိုတဲ့ ဂုဏ္ထူး ဟာ လူ မွန္ ေနရာ မွန္ တာဝန္ ေက်ခဲ့ရင္အိမ္ဦးနတ္ ဘဝ နဲ႔ အိမ္ဦးခန္း မွာ က်က္သေရ ရွိရွိတစ္သက္တာ တင့္တယ္ ေနေတာ့မွာပါ …။
အိမ္ေထာင္ေရး ေဖာက္ျပန္ တတ္ တဲ့ ဖခင္ မိခင္ တိုင္း အတြက္ ေတာ့ကံၾကမၼာ ရဲ့ တန္ရာ တန္ေၾကး သစၥာမဲ့မႈ႔ဒဏ္ေတာ့ အနည္း နဲ႔ အမ်ား ခံစား ရမွာပါပဲ …။
စိတ္ဆႏၵ ကို ဦးစားေပး ခဲ့တဲ့ ဖခင္ မိခင္ တိုင္းဟာစိတ္ဒဏ္ရာ ရ သြားတဲ့ သားသမီး မ်ားရဲ့ လ်စ္လႉရႈ႔ မႈ႔ ေအာက္မွာ မရႈ႔မလွ က်ဆုံး ရေတာ့မွာပါ …။
မ်က္ရည္ မ်ားရဲ့ ဝဋ္ ကို လည္း အခ်ိန္ ရ လာတာနဲ႔ အမၽွ —အရွိန္ ရ လာတာ နဲ႔ အမၽွ —ကိုယ္တိုင္ ရွိုက္ႀကီး တငင္ ငိုေႂကြး ဖို႔ ကာလ ဟာ နီးနီး ကပ္ကပ္ ရွိလာေတာ့မွာပါ …။
ကိုယ္ကိုယ္တိုင္ အားကိုးရာ မဲ့ တဲ့ ဘဝ ေရာက္ခ်ိန္မွာကိုယ္ထားခဲ့တဲ့ ဇနီး က ကိုယ္တာဝန္ မေက်ခဲ့တဲ့ သားသမီးမ်ား ဝန္းရံလ်က္သာယာတဲ့
ဘဝ ေလး ကို ပိုင္ဆိုင္ ေနတဲ့ အခ်ိန္ ေရာက္ရွိေနပါၿပီ …။ဘဝ မွာ လမ္း မ မွန္ တဲ့နည္း နဲ႔ အေပ်ာ္ ရွာ ေနတဲ့သူငယ္ခ်င္း ေရ … !
မင္း ေရာ မင္း ဖန္တီး ခဲ့တဲ့ မိသားစု ေရာ မ်က္ရည္ က် မယ့္ အရာ အားလုံး ရပ္လိုက္ပါ …။ဆႏၵ သစ္ ရဲ့ ေနာက္အိမ္ေထာင္ ဆိုတာ ကို ေက်ာခိုင္း လိုက္ပါ …။
မိသားစု ဂုဏ္သေရ ညႇိုးႏြမ္းေစမယ့္ ေဖာက္ျပန္မႈ ႀကီး ကို စြန႔္လႊတ္ လိုက္ပါ …။
ကိုယ့္ မိသားစု ကို ျပန္လည္ မ်က္ႏွာမူဖို႔ ၊ တစ္ဖန္ လည္ျပန္ ေႏြးေထြး ေပးဖို႔ ကို တိုက္တြန္းစကား ဆို လိုက္ရပါတယ္ သူငယ္ခ်င္း …။
ေမတၱာျဖင့္ သာေရးသားသည္ …။ ။
ေလးစားစြာျဖင့္ – သိန္းေမာင္ေမာင္