အခ်စ္နွင့္ဘဝ

ဆုံးရူံးမှာကြောက်လေ ပိုနာကျင်ရလေပဲ

တစ်ခါတစ်ရံ ဆုံရူံးမှာကြောက်လို့ ဆုပ်ကိုင်ထားမိတတ်တဲ့ တစ်ချို့အရာတွေက ဆုပ်ကိုင်ထားလို့ ရတတ်ပေမယ့် တစ်ချို့အရာတွေကတော့ တင်းတင်းဆုပ်ကိုင်မိလေ ပိုပြီးနာကျင်တတ်လေပါပဲ။

ကိုယ်တန်ဖိုးထားမြတ်နိူးတဲ့ အရာအတွေအပေါ်မှာ
ခုံမင်စိတ် အစွန်းရောက်မိလေ မက်မောတွယ်တာစတ်က တစ်ချိန်ချိန်မှာ ကိုယ့်ကို ဒဏ်ခတ်သွားတတ်ပါတယ်။

မတည်မြဲတတ်တဲ့ လူ့ဘဝမှာ အရာတော်တော်များများကို ကိုယ်က ထားပစ်ခဲ့ရမှာဖြစ်ပြီး ကိုယ်က မစွန့်ခွာချင်လည်းဘဲ သူတို့က တစ်ချိန်ချိန်မှာ ကိုယ့်ကို ချန်ထားခဲ့ကြမှာ သေချာပါတယ်။

ကိုယ်နဲ့မထိုက်တန်တော့တဲ့ ၊ ကိုယ် ထာဝရမပိုင်ဆိုင်နိူင်တဲ့ အရာတွေအပေါ်မှာလိုအပ်သည်ထက်ပိုဆုပ်ကိုင်မိလို့ မခံမရပ်နိူင်အောင် နာကျင်နေမိရင် လွှတ်သာချထားလိုက်ပါ။

အကယ်၍ မလွတ်ချမိခဲ့ရင် “နောင်တ”ဆိုတဲ့ နာကျင်မူှ တစ်ပွေ့တစ်ပိုက် နဲ့ သင် ဆုပ်ကိုင်ထားတဲ့အရာတွေကလည်း သင့် ကိုကျောခိုင်း သွားကြပါလိမ့်မယ်။

ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရူံးခဲ့ရသလို ကိုယ့်စိတ်ကိုလည်း ကိုယ်ကိုယ်တိုင် အကျဉ်းချ နေတတ်ပြီး နာကျင်မူှတွေနဲ့ အဖော်ပြုနေရတတ်ပါတယ်။

မသေချာမရေရာတဲ့ လူ့ဘဝမှာ အရာအားလုံးအပေါ်မှာ လိုတာထက် ပိုတွယ်တာမိရင် ရင့်ကျက်ပါတယ်ဆိုတဲ့ လူသားတွေတောင် ပြစ်ဒဏ်ဆိုတဲ့ နာကျင်ကြေကွဲမှုတွေကို လက်မြှောက်အရူံးပေးရတာ အမှန်တရားပါ။

လေးစားစွာဖြင့် ♥ ♥ ♥

Credit:ဇင်းနစ် မကွေး

Unicode