အသိပညာ

အိမ်ရဲ့ချုပ်ချယ်ခြင်းကိုအမြဲတမ်းခံနေရတဲ့ မိန်းကလေးများအတွက် အကြံပေးစကား

အိမ်ရဲ့ချုပ်ချယ်ခြင်းကိုအမြဲတမ်းခံနေရတဲ့ မိန်းကလေးများအတွက် အကြံပေးစကား

အများအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ပြဿနာမျိုးပေါ့။ မိန်းကလေးဆိုပြီး တစ်ဆင့်နိမ့်ချင်ကြတာ။ မိန်းကလေးဖြစ်လို့ ဟိုမသွားရ၊ ဒီမသွားရ၊ ဟိုလိုမနေနဲ့၊ ဒီလိုနေ၊ ဘာတဲ့ ကိုယ်တွေပတ်ဝန်းကျင်မှာ ကြားနေရတာက မိန်းကလေးဆိုတာမျိုးက ကျောင်းဆရာမ လိုအလုပ်မျိုးနဲ့မှ သင့်တော်တာ စသဖြင့် ယောကျ်ားလေးနဲ့ မိန်းကလေးကို အရမ်းကြီးခွဲခြားတတ်ကြပါတယ်။ ဒီလိုမျိုး ဘောင်ထဲပိတ်မိနေနေရင်တော့ ဒီအချက်လေးတွေကို အသုံးချကြည့်သင့်ပါတယ်နော်။

၁) မိဘတွေကို နားလည်အောင် ပြောပြပါ

 

တချို့သော မိန်းကလေးတွေဆို အသက်အရွယ်တစ်ခု ရောက်သည့်တိုင် အိမ်က ချုပ်ချယ်တာ ခံနေရတုန်းပါ။ ညဘက်ဆို အပြင်လုံးဝမထွက်ရတာနဲ့၊ ယောကျ်ားလေး သူငယ်ချင်းတွေပါရင် ဘယ်မှမသွားရတာနဲ့၊ အပြင်သွားရင်လည်း မကြာရတာနဲ့ စသဖြင့် ချုပ်ချယ်လွန်းအား ကြီးတတ်ပါတယ်။ အထူသဖြင့် အစ်ကိုတွေရှိတဲ့ သူတွေဆို ပိုဆိုးပါတယ်နော်။ ဒီလိုမျိုး ချုပ်ချယ်ခံနေရရင်တော့ မိဘတွေကို နားလည်လက်ခံလာအောင် ပြောပြသင့်ပါတယ်။ ဒီလိုမျိုး ချုပ်ချယ်တာ မကောင်းဘူဆိုတဲ့ အကြောင်း၊ ချုပ်ချယ်လွန်းအားကြီးရင် ဖောက်ထွက်တတ်ကြတယ်ဆိုတာ မျိုးပေါ့။ အေးအေးဆေးဆေး သေချာရှာ ရှင်းပြသင့်ပါတယ်နော်။

၂) ယုံကြည်အောင် နေပြမယ်

လစ်ရင်လစ်သလို ရည်းစားနဲ့ ခိုးတွေ့၊ မဟုတ်တာတွေ လျှောက်လုပ်နေရင်တော့ ဘယ်မိဘကမှ မယုံကြည်ပဲ ဘယ်သွားသွား စိတ်မချတတ်ကြတော့ပါဘူးနော်။ ဒီလိုမျိုး မဖြစ်အောင် ကိုယ်လည်းလွတ်လွတ်လပ်လပ် သွားလို့ရအောင်၊ သူတို့တွေလည်း စိတ်ချလက်ချ လွတ်နိုင်အောင် သူတို့ယုံကြည်အောင် နေပြဖို့လိုပါတယ်။ ကိုယ်ဟာ မိဖတွေကွယ်ရာမှာတောင် မဟုတ်တာမလုပ်တတ်တဲ့ သူမျိုးဆိုတာကို သူတို့ ယုံကြည်ထားဖို့လိုပါတယ်။

(၃) ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်

ကိုယ်မလုပ်ချင်တဲ့ အလုပ်အကိုင်မျိုး ဥပမာ-သူတို့လုပ်စေချင်တာက ကျောင်းဆရာမ၊ ကိုယ်ဖြစ်ချင်တာ Super Model ဆိုတော့ ဒါကိုမှ အတင်း ကျောင်းဆရာ လုပ်ခိုင်းနေလို့ မိဘတွေကို မလွန်ဆန်နိုင်ပဲ လုပ်လိုက်ရတာမျိုးက လုံးဝမမိုက်ဘူးနော်။ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်မနှစ်သက်တဲ့ အလုပ်အကိုင်မျိုးကိုတော့ မရွေးချယ်သင့်ပါဘူး။ ပြတ်ပြတ်သားသား ငြင်းဖို့ လိုအပ်ပါတယ်။

၄) လွတ်လပ်ရေးကို တိုက်ယူမယ်

ဒါကတော့ နောက်ဆုံးလက်နှက်ပါ မိဘတွေကို သွားမတိုင်ရဘူးနော်။ အရမ်းကြီး ချုပ်ချယ်လွန်းနေရင်လည်း ဘယ်ပျော်စရာ ကောင်းပါ့မလဲနော့်။ ဒါကြောင့် မိဘတွေကို သေချာပြောပြရှင်းပြပါ။ တကယ်လို့ ပြောပြလို့လည်း မရဘူးဆိုရင်တော့ ကိုယ်သွားချင်တာ သွားပြီး ပြန်လာရင်တော့ အဆူခံလိုက်ပေါ့။ နောက်ဆို ဘယ်လောက်ဆူဆူ ကိုယ်လုပ်ချင်တာ လုပ်တတ်တဲ့ သင့်ကို လက်လန်သွားပြီး ဆူတော့မှာ မဟုတ်တော့ပါဘူး ဟီး..။

 

အိမ္ရဲ႕ခ်ဳပ္ခ်ယ္ျခင္းကိုအၿမဲတမ္းခံေနရတဲ့ မိန္းကေလးမ်ားအတြက္ အႀကံေပးစကား

အမ်ားအားျဖင့္ ျမန္မာႏိုင္ငံမွာ ျဖစ္တတ္တဲ့ ျပႆနာမ်ိဳးေပါ့။ မိန္းကေလးဆိုၿပီး တစ္ဆင့္နိမ့္ခ်င္ၾကတာ။ မိန္းကေလးျဖစ္လို႔ ဟိုမသြားရ၊ ဒီမသြားရ၊ ဟိုလိုမေနနဲ႔၊ ဒီလိုေန၊ ဘာတဲ့ ကိုယ္ေတြပတ္ဝန္းက်င္မွာ ၾကားေနရတာက မိန္းကေလးဆိုတာမ်ိဳးက ေက်ာင္းဆရာမ လိုအလုပ္မ်ိဳးနဲ႔မွ သင့္ေတာ္တာ စသျဖင့္ ေယာက်္ားေလးနဲ႔ မိန္းကေလးကို အရမ္းႀကီးခြဲျခားတတ္ၾကပါတယ္။ ဒီလိုမ်ိဳး ေဘာင္ထဲပိတ္မိေနေနရင္ေတာ့ ဒီအခ်က္ေလးေတြကို အသုံးခ်ၾကည့္သင့္ပါတယ္ေနာ္။

၁) မိဘေတြကို နားလည္ေအာင္ ေျပာျပပါ

တခ်ိဳ႕ေသာ မိန္းကေလးေတြဆို အသက္အ႐ြယ္တစ္ခု ေရာက္သည့္တိုင္ အိမ္က ခ်ဳပ္ခ်ယ္တာ ခံေနရတုန္းပါ။ ညဘက္ဆို အျပင္လုံးဝမထြက္ရတာနဲ႔၊ ေယာက်္ားေလး သူငယ္ခ်င္းေတြပါရင္ ဘယ္မွမသြားရတာနဲ႔၊ အျပင္သြားရင္လည္း မၾကာရတာနဲ႔ စသျဖင့္ ခ်ဳပ္ခ်ယ္လြန္းအား ႀကီးတတ္ပါတယ္။ အထူသျဖင့္ အစ္ကိုေတြရွိတဲ့ သူေတြဆို ပိုဆိုးပါတယ္ေနာ္။ ဒီလိုမ်ိဳး ခ်ဳပ္ခ်ယ္ခံေနရရင္ေတာ့ မိဘေတြကို နားလည္လက္ခံလာေအာင္ ေျပာျပသင့္ပါတယ္။ ဒီလိုမ်ိဳး ခ်ဳပ္ခ်ယ္တာ မေကာင္းဘူဆိုတဲ့ အေၾကာင္း၊ ခ်ဳပ္ခ်ယ္လြန္းအားႀကီးရင္ ေဖာက္ထြက္တတ္ၾကတယ္ဆိုတာ မ်ိဳးေပါ့။ ေအးေအးေဆးေဆး ေသခ်ာရွာ ရွင္းျပသင့္ပါတယ္ေနာ္။

၂) ယုံၾကည္ေအာင္ ေနျပမယ္

လစ္ရင္လစ္သလို ရည္းစားနဲ႔ ခိုးေတြ႕၊ မဟုတ္တာေတြ ေလွ်ာက္လုပ္ေနရင္ေတာ့ ဘယ္မိဘကမွ မယုံၾကည္ပဲ ဘယ္သြားသြား စိတ္မခ်တတ္ၾကေတာ့ပါဘူးေနာ္။ ဒီလိုမ်ိဳး မျဖစ္ေအာင္ ကိုယ္လည္းလြတ္လြတ္လပ္လပ္ သြားလို႔ရေအာင္၊ သူတို႔ေတြလည္း စိတ္ခ်လက္ခ် လြတ္ႏိုင္ေအာင္ သူတို႔ယုံၾကည္ေအာင္ ေနျပဖို႔လိုပါတယ္။ ကိုယ္ဟာ မိဖေတြကြယ္ရာမွာေတာင္ မဟုတ္တာမလုပ္တတ္တဲ့ သူမ်ိဳးဆိုတာကို သူတို႔ ယုံၾကည္ထားဖို႔လိုပါတယ္။

(၃) ကိုယ္ျဖစ္ခ်င္တာကို ပြင့္ပြင့္လင္းလင္း ေျပာျပမယ္

ကိုယ္မလုပ္ခ်င္တဲ့ အလုပ္အကိုင္မ်ိဳး ဥပမာ-သူတို႔လုပ္ေစခ်င္တာက ေက်ာင္းဆရာမ၊ ကိုယ္ျဖစ္ခ်င္တာ Super Model ဆိုေတာ့ ဒါကိုမွ အတင္း ေက်ာင္းဆရာ လုပ္ခိုင္းေနလို႔ မိဘေတြကို မလြန္ဆန္ႏိုင္ပဲ လုပ္လိုက္ရတာမ်ိဳးက လုံးဝမမိုက္ဘူးေနာ္။ ကိုယ့္အသက္ေမြးဝမ္းေက်ာင္းအတြက္ ကိုယ္မႏွစ္သက္တဲ့ အလုပ္အကိုင္မ်ိဳးကိုေတာ့ မေ႐ြးခ်ယ္သင့္ပါဘူး။ ျပတ္ျပတ္သားသား ျငင္းဖို႔ လိုအပ္ပါတယ္။

၄) လြတ္လပ္ေရးကို တိုက္ယူမယ္

ဒါကေတာ့ ေနာက္ဆုံးလက္ႏွက္ပါ မိဘေတြကို သြားမတိုင္ရဘူးေနာ္။ အရမ္းႀကီး ခ်ဳပ္ခ်ယ္လြန္းေနရင္လည္း ဘယ္ေပ်ာ္စရာ ေကာင္းပါ့မလဲေနာ့္။ ဒါေၾကာင့္ မိဘေတြကို ေသခ်ာေျပာျပရွင္းျပပါ။ တကယ္လို႔ ေျပာျပလို႔လည္း မရဘူးဆိုရင္ေတာ့ ကိုယ္သြားခ်င္တာ သြားၿပီး ျပန္လာရင္ေတာ့ အဆူခံလိုက္ေပါ့။ ေနာက္ဆို ဘယ္ေလာက္ဆူဆူ ကိုယ္လုပ္ခ်င္တာ လုပ္တတ္တဲ့ သင့္ကို လက္လန္သြားၿပီး ဆူေတာ့မွာ မဟုတ္ေတာ့ပါဘူး ဟီး..။