လူရွှင်တော်မိုးစက်ကတော့ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းမှုတွေမကြာခဏပြုလုပ်နေသူ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုပါ တတ်နိုင်သလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။

သူရဲ့ အလှူလေးတွေကိုလည်း အများသူငါ မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ် ။ အခုလည်း ဦးမိုးဒီနဲ့ အတူ မေမြို့ ရောက်တုန်း လေလွင့်ခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ နေရာလေးမှာ အလှူငွေများ လှူဒါန်းဖြစ်ခဲ့ကြောင်း ဝေမျှလာပါတယ် ။

အလှူပုံတွေနဲ့ အတူ ” မေမြို့ရောက်ရင် သူတို့လေးတွေဆီ ရောက်အောင်သွားပေးပါနော် ။❤️ကလေးတွေ အကောင်(၄၀၀)ကျော် ကို အဒေါ်ကြီးတစ်ယောက်ထဲက ပြုစုစောင့်ရှောက်ထားရတာ မလွယ်ပါဘူးဗျာ။

ဒီထဲမှာ ရောဂါဖြစ်နေတဲ့ ကလေးတွေ ဒါဏ်ရာရနေတဲ့ ကလေးတွေ အများကြီးပါဘဲ။ ကလေးတွေရှိတဲ့ နေရာကို လိုက်ပို့ပေးတဲ့ ကိုဟန်ကြီး ကိုလဲ ကျေးဇူးတင်ပါတယ်။🙏

မေမြို့ရောက်တုန်းရောက်ခိုက် ဖေကြီးဦးမိုးဒီနဲ့ ကျွန်တော်လဲ အနုပညာကြေး တစ်သိန်းကျပ် ကို ကလေးတွေရဲ့ အာဟာရဒါနအတွက်လှူဒါန်းပေးခဲ့ပါတယ်ဗျာ ။🙏🙏🙏” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit – Yaungchi
Photo – Moe Sat
Zawgyi
လူ႐ႊင္ေတာ္မိုးစက္ကေတာ့ လိုအပ္တဲ့ ေနရာေတြမွာ လႉဒါန္းမႈေတြမၾကာခဏျပဳလုပ္ေနသူ ျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အိုအႏုပညာ႐ွင္ေတြကို လႉဒါန္းေနတဲ့အျပင္ စားဝတ္ေနေရးခက္ခဲကာ ဒုကၡေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ေနရတဲ့ ျပည္သူေတြရဲ႕ အခက္အခဲေတြကိုပါ တတ္ႏိုင္သေလာက္ ကူညီေပးေနသူလည္း ျဖစ္ပါတယ္။
သူရဲ႕ အလႉေလးေတြကိုလည္း အမ်ားသူငါ ျမင္ေတြ႕ၿပီး ပီတိျဖစ္ရေအာင္လည္း အၿမဲလိုလို ေဝမွ်ေပးေလ့႐ွိပါတယ္ ။ အခုလည္း ဦးမိုးဒီနဲ႔ အတူ ေမၿမိဳ႕ ေရာက္တုန္း ေလလြင့္ေခြးေလးေတြကို ေကြၽးေမြးေစာင့္ေ႐ွာက္ထားတဲ့ ေနရာေလးမွာ အလႉေငြမ်ား လႉဒါန္းျဖစ္ခဲ့ေၾကာင္း ေဝမွ်လာပါတယ္ ။
အလႉပုံေတြနဲ႔ အတူ ” ေမၿမိဳ႕ေရာက္ရင္ သူတို႔ေလးေတြဆီ ေရာက္ေအာင္သြားေပးပါေနာ္ ။❤️ကေလးေတြ အေကာင္(၄၀၀)ေက်ာ္ ကို အေဒၚႀကီးတစ္ေယာက္ထဲက ျပဳစုေစာင့္ေ႐ွာက္ထားရတာ မလြယ္ပါဘူးဗ်ာ။
ဒီထဲမွာ ေရာဂါျဖစ္ေနတဲ့ ကေလးေတြ ဒါဏ္ရာရေနတဲ့ ကေလးေတြ အမ်ားႀကီးပါဘဲ။ ကေလးေတြ႐ွိတဲ့ ေနရာကို လိုက္ပို႔ေပးတဲ့ ကိုဟန္ႀကီး ကိုလဲ ေက်းဇူးတင္ပါတယ္။🙏
ေမၿမိဳ႕ေရာက္တုန္းေရာက္ခိုက္ ေဖႀကီးဦးမိုးဒီနဲ႔ ကြၽန္ေတာ္လဲ အႏုပညာေၾကး တစ္သိန္းက်ပ္ ကို ကေလးေတြရဲ႕ အာဟာရဒါနအတြက္လႉဒါန္းေပးခဲ့ပါတယ္ဗ်ာ ။🙏🙏🙏” ေရးသားေဖာ္ျပထားရာ ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ ။
Credit – Yaungchi
Photo – Moe Sat



