ဗဟုသုတ

ဦးသန့် ဘာကြောင့် တက္ကသိုလ်ဘွဲ့ မရခဲ့သလဲ

အများစုကတော့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို ဘွဲ့ရတယ်လို့ ထင်မိကြမှာပါ။ ဦးသန့် အကြောင်းကို ဖတ်ဖူး လေ့လာဖူးသူတွေကတော့ ဦးသန့်ဘွဲ့မရခဲ့တဲ့ အကြောင်းကို သိပြီးဖြစ်မှာပါ။

ဦးသန့် ဘာကြောင့် ဘွဲ့မရခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်နေတဲ့မိတ်ဆွေများအတွက် ဆရာ တက္ကသိုလ် စိန်တင်ရေးသားခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာဦးသန့် ဆိုတဲ့ စာအုပ်ကနေ ထုတ်နှုတ်မျှဝေလိုက်ပါတယ်။

ကိုသန့်သည် ၁၉၂၆ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကိုအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာသည်။

ကိုသန့်သည် B.A ဝိဇ္ဇာပညာရပ်များကို ယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာသင်ကြားခဲ့သည်။ သူနေသော ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။

တခြားတက္ကသိုလ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌လည်ပတ်ပျော်ပါးနေစဉ်တွင် ကိုသန့်သည်စာအုပ်ပုံထဲ၌သာ ပျော်မွေ့ခဲ့၏။ သူသည်ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက်တက္ကသိုလ်သို့ လာခဲ့သည်မဟုတ် ။ သုံးဖြုန်းရန်လည်း ငွေပိုမပါလာ။ သုံးဖြုန်းရန်လည်း ဆန္ဒမရှိပေ။

ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို ပင်ရင်းဘာသာအဖြစ် သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်း နှင့် သင်္ချာ ၊ လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာအဖြစ် သင်ယူရသည်။

တက္ကသိုလ်နေစဉ် ကိုသန့်သည် အဝတ်အစားကို ပပလွှားလွှားကြွားကြွားမော်မော် ဝတ်လေ့မရှိတတ်ပေ။ သို့သော် အင်္ကျီလုံချည်များကို သေသေသပ်သပ်နှင့် ဖြူဖြူစင်စင် ဝတ်ဆင်လေ့ရှိသူဖြစ်၏။

သူ့အမူအရာမှာ အမြဲတမ်းအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင် သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။

ကိုသန့်၏ အပြောအဆို အမူအရာမှာ အလွန်နူးညံ့သိမ်မွေ့၍ လူကြီးလူကောင်းဆန်လှသည်။ သူသည်ဘယ်တော့မှညစ်ပတ် သော ပြက်လုံးများ ၊ ရယ်စရာများကိုပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်းနားမထောင်တတ်ပေ။

မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများအတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍သူ့ကိုလူတိုင်းကခင်မင်ကြသည်။စာကြိုးစား သည့်ဘက်ကဆိုလျှင်သူသည်အလွန်ဝိရိယရှိသည့်အတိုင်းအတန်းထဲတွင် အလွန်စာတော်သူတစ်ယောက်ဖြစ်သည်။

သို့သော်…မိမိမည်မျှ တော်သည်၊ ထူးချွန်သည်ကိုကိုသန့်သည်ဘယ်တော့မှထုတ်ဖော်၍မပြောတတ်ပါ။ ထင်ပေါ်မှုကိုကိုသန့်သည်အလွန်မုန်း၏။

ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်လာစေရန် အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့် သည် ရန်ကုန်တက္ကသိုလ် ဒဿနိက အသင်းကြီးတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။

ထို့ပြင် စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။ ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ ၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို လွတ်လွတ်လပ်လပ် တင်ပြခဲ့သည်။

၁၉၂၈ ခုနှစ် ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင် အမှတ်ကောင်းစွာဖြင့် ထိပ်ဆုံးမှအောင်မြင်ခဲ့သည်။ ဤသို့ဖြင့် သူသည်အသက် ၁၉နှစ်တွင် ပန်းတနော်သို့ ပြန်လာ၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့လေသည်။

ညီငယ်များအပေါ်တွင် ညှာတာသည့် ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုသန့်၏ အောက် အသက် ၂နှစ်ခန့် ငယ်သော ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။ ကိုသန့်သည် ကိုခန့်ပညာ ဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးကို အနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။

မိမိညီဖြစ်သူ ကိုခန့် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်သင်ကြားသောအခါ မိမိရော ၊ မိမိညီဖြစ်သူပါ နှစ်ယောက်စလုံး ပညာသင်စရိတ်မှာ မနည်းလှသည်ကိုလည်း ကိုသန့် နားလည်သည်။

တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင် စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။

ထို့ကြောင့် ထိုခေတ်က လူအများတန်ဖိုးထားကြသော ဘီအေစာမေးပွဲအောင်ရန် ဆန္ဒကို တပတ်လျှော့လိုက်၏။ အိုင်အေ(ဥပစာတန်း) စာမေးပွဲအောင်သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဆက်လက် မတက်တော့ပဲ ကျောင်းမှထွက်လိုက်ခြင်းဖြစ်သည်။ ထို့သို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန် ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။

“သား…လူ ကလေး မောင်သန့်ရယ် …၊ နောက် ၂နှစ်သာ ကျန်တော့တာပဲ ၊ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက် ပါဦးကွယ် ၊ အမတို့ စီးပွားရေးလဲ ဒီလောက်ချို့တဲ့နေတာမှ မဟုတ်ဘဲ” မိခင်ကြီးဒေါ်နန်းသောင်က သားကြီးကို ဤသို့ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သအား မိမိရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။

“အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမဲ့… ကောလိပ် ကျောင်းသားနှစ်ယောက်ရဲ့ စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော် ၊ အမ သိပ်ပင်ပန်းမယ် ၊ ကျွန်တော် အလုပ်ထွက်လုပ်ချင်နေပါပြီ ၊ ညီလေးမောင်ခန့်ပြီးရင် နောက်အဆင့်ဆင့် တက်လာမဲ့ ညီတွေရဲ့ တာဝန်က ရှိသေးတယ်၊ ကျွန်တော်ကျောင်းထွက်ပြီး အမကိုလဲ သားလုပ်စာ နဲ့ ကန်တော့ပါရစေဦး အမရယ်”

ကိုသန့်သည် ကျိုးကြောင်းမျှတသောစကားကို မိခင်ဖြစ်သူမှာ လက်ခံရတော့သည်။ သားကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက “အေးကွယ် … သားကလဲ အမ စိတ်ချမ်းသာစေချင်လို့ ဒီလိုလုပ်ရတယ်ဆိုရင်လုပ်ပေါ့ ၊ သား ညီငယ်တွေရဲ့ တက်လမ်းကိုလဲ သား ကြည့်သေးတာကိုး…” ဟုသာ ပြောရတော့သည်။

ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှ ထွက်ခဲ့၏။ ကိုသန့်ကျောင်းထွက်ခြင်းကိုသူငယ်ချင်းအပေါင်းအသင်းများက ကောင်းစွာ မကျေနပ်ကြပေ ။ လှေပြေးတုန်းတက်ကျိုးဆိုသလိုဖြစ်နေ၍စိတ်မကောင်းဖြစ်ကြသည်။ သို့သော်…ကိုသန့်မှာကား မိမိစိတ်ကူးနှင့် မိမိဆုံးဖြတ်ပြုဆောင်ရသည်ဖြစ်သောကြောင့်ကျေနပ်နေသည်။

မိခင်ကြီးကို လုပ်ကျွေးသမူပြုရတော့မည်ဖြစ်သောကြောင့်ကိုသန့်မှာများစွာဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်ပံ့ခံ အမျိုးသား အထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ် ပြန်လည် အမူထမ်းခဲ့သည်။

တက္ကသိုလ်မှ ဘွဲ့မရခဲ့သောကိုသန့်သည်နောင်တွင်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့အရေး အခင်းပေါင်းများစွာကိုအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီးကမ္ဘာ့နိုင်ငံအသီးသီးမှ ပေးအပ်ခဲ့သော ဘွဲ့ ၊ ဆုတံဆိပ်ပေါင်းများစွာကိုရရှိခဲ့ သည့်အပြင် နိုင်ငံတချို့တွင်သူ၏နာမည်ကို လမ်း ၊ ခန်းမ ၊ ကျွန်းအမည်များပေးကာမှတ်တမ်းတင်ဂုဏ်ပြုခြင်းကိုခံခဲ့ရလေသည်။

Credit : crd,

အမ်ားစုကေတာ့ ကမၻာ့ကုလသမဂၢအတြင္းေရးမႉးအျဖစ္ထမ္းေဆာင္ခဲ့တဲ့ ဦးသန႔္ကို ဘြဲ႕ရတယ္လို႔ ထင္မိၾကမွာပါ။ ဦးသန႔္ အေၾကာင္းကို ဖတ္ဖူး ေလ့လာဖူးသူေတြကေတာ့ ဦးသန႔္ဘြဲ႕မရခဲ့တဲ့ အေၾကာင္းကို သိၿပီးျဖစ္မွာပါ။

ဦးသန႔္ ဘာေၾကာင့္ ဘြဲ႕မရခဲ့သလဲ ဆိုတဲ့အေၾကာင္းကို သိခ်င္ေနတဲ့မိတ္ေဆြမ်ားအတြက္ ဆရာ တကၠသိုလ္ စိန္တင္ေရးသားခဲ့တဲ့ ကမၻာၿငိမ္းခ်မ္းေရး ဗိသုကာဦးသန႔္ ဆိုတဲ့ စာအုပ္ကေန ထုတ္ႏႈတ္မၽွေဝလိုက္ပါတယ္။

ကိုသန႔္သည္ ၁၉၂၆ခုႏွစ္တြင္ ပန္းတေနာ္အမ်ိဳးသားအထက္တန္းေက်ာင္းမွ ဆယ္တန္းစာေမးပြဲကိုေအာင္ၿပီး ရန္ကုန္တကၠသိုလ္သို႔ ဆက္လက္တက္ေရာက္၍ အထက္တန္းပညာရပ္မ်ားကို ဆည္းပူးေလ့လာသည္။

ကိုသန႔္သည္ B.A ဝိဇၨာပညာရပ္မ်ားကို ယူၿပီး ရန္ကုန္တကၠသိုလ္တြင္ ေက်ာင္းအိပ္ေက်ာင္းစားေန၍ ပညာသင္ၾကားခဲ့သည္။ သူေနေသာ ပထမဆုံးေက်ာင္းေဆာင္မွာ ရန္ကုန္တကၠသိုလ္ရိပ္သာ ျပည္လမ္းေပၚတြင္ရွိေသာ တေကာင္းေက်ာင္းေဆာင္ျဖစ္သည္။

တျခားတကၠသိုလ္ေက်ာင္းသားႀကီးမ်ားသည္ တ႐ုတ္ေပ်ာ္ပြဲစား႐ုံမ်ား၌လည္ပတ္ေပ်ာ္ပါးေနစဥ္တြင္ ကိုသန႔္သည္စာအုပ္ပုံထဲ၌သာ ေပ်ာ္ေမြ႕ခဲ့၏။ သူသည္ထိုဟိုတယ္မ်ားကို တက္ေရာက္ေပ်ာ္ပါးရန္အတြက္တကၠသိုလ္သို႔ လာခဲ့သည္မဟုတ္ ။ သုံးျဖဳန္းရန္လည္း ေငြပိုမပါလာ။ သုံးျဖဳန္းရန္လည္း ဆႏၵမရွိေပ။

ကိုသန႔္သည္ ရန္ကုန္တကၠသိုလ္တြင္ အဂၤလိပ္ဘာသာႏွင့္ ျမန္မာဘာသာတို႔ကို ပင္ရင္းဘာသာအျဖစ္ သင္ၾကားရ၏။ ထို႔ျပင္ ျမန္မာအႏု စာေပသမိုင္း ႏွင့္ သခၤ်ာ ၊ ေလာဂ်စ္ဘာသာတို႔ကိုလည္း အပိုဘာသာအျဖစ္ သင္ယူရသည္။

တကၠသိုလ္ေနစဥ္ ကိုသန႔္သည္ အဝတ္အစားကို ပပလႊားလႊားႂကြားႂကြားေမာ္ေမာ္ ဝတ္ေလ့မရွိတတ္ေပ။ သို႔ေသာ္ အကၤ်ီလုံခ်ည္မ်ားကို ေသေသသပ္သပ္ႏွင့္ ျဖဴျဖဴစင္စင္ ဝတ္ဆင္ေလ့ရွိသူျဖစ္၏။

သူ႔အမူအရာမွာ အျမဲတမ္းေအးေအးေဆးေဆးျဖစ္သည္။ ထို႔ျပင္ သူသည္ အျမဲလန္းလန္းဆန္းဆန္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူလည္း ျဖစ္ေလသည္။

ကိုသန႔္၏ အေျပာအဆို အမူအရာမွာ အလြန္ႏူးညံ့သိမ္ေမြ႕၍ လူႀကီးလူေကာင္းဆန္လွသည္။ သူသည္ဘယ္ေတာ့မွညစ္ပတ္ ေသာ ျပက္လုံးမ်ား ၊ ရယ္စရာမ်ားကိုေျပာေလ့မရွိ။ အျခားသူမ်ားေျပာလၽွင္လည္းနားမေထာင္တတ္ေပ။

မည္သူႏွင့္မၽွလည္း ရန္မျဖစ္တတ္။ သူမ်ားအတင္းအဖ်င္းကိုလည္း ေျပာဆိုေလ့မရွိ၍သူ႔ကိုလူတိုင္းကခင္မင္ၾကသည္။စာႀကိဳးစား သည့္ဘက္ကဆိုလၽွင္သူသည္အလြန္ဝိရိယရွိသည့္အတိုင္းအတန္းထဲတြင္ အလြန္စာေတာ္သူတစ္ေယာက္ျဖစ္သည္။

သို႔ေသာ္…မိမိမည္မၽွ ေတာ္သည္၊ ထူးခၽြန္သည္ကိုကိုသန႔္သည္ဘယ္ေတာ့မွထုတ္ေဖာ္၍မေျပာတတ္ပါ။ ထင္ေပၚမႈကိုကိုသန႔္သည္အလြန္မုန္း၏။

ကိုသန႔္၏ အရည္အခ်င္း ထူးခၽြန္မႈမ်ားသည္ သူ႔ကိုထင္ေပၚလာေစရန္ အေထာက္အကူျဖစ္ေနသည္။ ထင္ေပၚမႈကို မလိုလားေသာ ကိုသန႔္ သည္ ရန္ကုန္တကၠသိုလ္ ဒႆနိက အသင္းႀကီးတြင္ တြဲဖက္အတြင္းေရးမႉးအျဖစ္ ေရြးေကာက္တင္ေျမႇာက္ျခင္း ခံရေလသည္။

ထို႔ျပင္ စကားရည္လုပြဲအသင္းႀကီး၏ အေထြေထြအတြင္းေရးမႉးလည္း ျဖစ္လာသည္။ ကိုသန႔္သည္ သတင္းစာမ်ားသို႔ အယ္ဒီတာထံ ေပးစာမ်ား ၊ ေဆာင္းပါးမ်ား ေရးသားေပးပို႔ျခင္းျဖင့္ တကၠသိုလ္တြင္ ရွိစဥ္ကပင္ မိမိဆႏၵသေဘာထားမ်ားကို လြတ္လြတ္လပ္လပ္ တင္ျပခဲ့သည္။

၁၉၂၈ ခုႏွစ္ ကိုသန႔္ ဥပစာတန္းစာေမးပြဲကို ေအာင္ျမင္ေသာအခါတြင္ အမွတ္ေကာင္းစြာျဖင့္ ထိပ္ဆုံးမွေအာင္ျမင္ခဲ့သည္။ ဤသို႔ျဖင့္ သူသည္အသက္ ၁၉ႏွစ္တြင္ ပန္းတေနာ္သို႔ ျပန္လာ၍ အထက္တန္းျပဆရာအျဖစ္ျဖင့္ အမ်ိဳးသားအထက္တန္းေက်ာင္းတြင္ ေဆာင္ရြက္ခဲ့ေလသည္။

ညီငယ္မ်ားအေပၚတြင္ ညႇာတာသည့္ ကိုသန႔္၏စိတ္ထားကို အထူးသိသာနိုင္သည္။ ၁၉၂၈ ခုႏွစ္တြင္ ကိုသန႔္၏ ေအာက္ အသက္ ၂ႏွစ္ခန႔္ ငယ္ေသာ ကိုခန႔္သည္ ဆယ္တန္းစာေမးပြဲကို ေအာင္ျမင္လာသည္။ ကိုသန႔္သည္ ကိုခန႔္ပညာ ဆက္လက္သင္ၾကားေရးအတြက္ မိမိကိုယ္က်ိဳးကို အနစ္နာခံၿပီး ထိုႏွစ္တြင္ တကၠသိုလ္ေက်ာင္းမွ ထြက္ခဲ့ေလသည္။

မိမိညီျဖစ္သူ ကိုခန႔္ ရန္ကုန္တကၠသိုလ္သို႔ တက္ေရာက္၍ ပညာဆက္လက္သင္ၾကားေသာအခါ မိမိေရာ ၊ မိမိညီျဖစ္သူပါ ႏွစ္ေယာက္စလုံး ပညာသင္စရိတ္မွာ မနည္းလွသည္ကိုလည္း ကိုသန႔္ နားလည္သည္။

တကၠသိုလ္ေက်ာင္းသားႏွစ္ေယာက္၏ ပညာသင္ စရိတ္ကို မိခင္ႀကီးေဒၚနန္းေသာင္က ေထာက္ပံ့ရန္ မ်ားစြာပင္ပန္းေနမည္ကိုလည္း ကိုသန႔္ခန႔္မွန္းမိသည္။

ထို႔ေၾကာင့္ ထိုေခတ္က လူအမ်ားတန္ဖိုးထားၾကေသာ ဘီေအစာေမးပြဲေအာင္ရန္ ဆႏၵကို တပတ္ေလၽွာ့လိုက္၏။ အိုင္ေအ(ဥပစာတန္း) စာေမးပြဲေအာင္ေသာအခ်ိန္တြင္ ကိုသန႔္သည္ ရန္ကုန္တကၠသိုလ္ ဆက္လက္ မတက္ေတာ့ပဲ ေက်ာင္းမွထြက္လိုက္ျခင္းျဖစ္သည္။ ထို႔သို႔ ကိုသန႔္က ရန္ကုန္တကၠသိုလ္မွ ထြက္လိုက္ရန္ ဆုံးျဖတ္သည္ကို မိခင္ႀကီးက သေဘာသိပ္မတူ။

“သား…လူ ကေလး ေမာင္သန႔္ရယ္ …၊ ေနာက္ ၂ႏွစ္သာ က်န္ေတာ့တာပဲ ၊ တကၠသိုလ္ဆက္တက္ၿပီး ဘြဲ႕ရတဲ့အထိ ပညာသင္လိုက္ ပါဦးကြယ္ ၊ အမတို႔ စီးပြားေရးလဲ ဒီေလာက္ခ်ိဳ႕တဲ့ေနတာမွ မဟုတ္ဘဲ” မိခင္ႀကီးေဒၚနန္းေသာင္က သားႀကီးကို ဤသို႔ယုယၾကင္နာစြာ ေျပာခဲ့သည္။ ကိုသန႔္က မိခင္ျဖစ္သအား မိမိရည္ရြယ္ခ်က္ကို ဤသို႔ ရွင္းျပခဲ့သည္။

“အမ ေျပာတာလဲ မွန္ပါတယ္၊ ဒါေပမဲ့… ေကာလိပ္ ေက်ာင္းသားႏွစ္ေယာက္ရဲ့ စရိတ္ဆိုတာ နည္းတာမဟုတ္ဘူးေနာ္ ၊ အမ သိပ္ပင္ပန္းမယ္ ၊ ကၽြန္ေတာ္ အလုပ္ထြက္လုပ္ခ်င္ေနပါၿပီ ၊ ညီေလးေမာင္ခန႔္ၿပီးရင္ ေနာက္အဆင့္ဆင့္ တက္လာမဲ့ ညီေတြရဲ့ တာဝန္က ရွိေသးတယ္၊ ကၽြန္ေတာ္ေက်ာင္းထြက္ၿပီး အမကိုလဲ သားလုပ္စာ နဲ႔ ကန္ေတာ့ပါရေစဦး အမရယ္”

ကိုသန႔္သည္ က်ိဳးေၾကာင္းမၽွတေသာစကားကို မိခင္ျဖစ္သူမွာ လက္ခံရေတာ့သည္။ သားႀကီးစိတ္မေကာင္းမည္ကိုလည္း စိုးရိမ္သျဖင့္ မိခင္ႀကီးက “ေအးကြယ္ … သားကလဲ အမ စိတ္ခ်မ္းသာေစခ်င္လို႔ ဒီလိုလုပ္ရတယ္ဆိုရင္လုပ္ေပါ့ ၊ သား ညီငယ္ေတြရဲ့ တက္လမ္းကိုလဲ သား ၾကည့္ေသးတာကိုး…” ဟုသာ ေျပာရေတာ့သည္။

ဤသို႔ျဖင့္ ကိုသန႔္သည္ ႐ုတ္တရက္ေက်ာင္းမွ ထြက္ခဲ့၏။ ကိုသန႔္ေက်ာင္းထြက္ျခင္းကိုသူငယ္ခ်င္းအေပါင္းအသင္းမ်ားက ေကာင္းစြာ မေက်နပ္ၾကေပ ။ ေလွေျပးတုန္းတက္က်ိဳးဆိုသလိုျဖစ္ေန၍စိတ္မေကာင္းျဖစ္ၾကသည္။ သို႔ေသာ္…ကိုသန႔္မွာကား မိမိစိတ္ကူးႏွင့္ မိမိဆုံးျဖတ္ျပဳေဆာင္ရသည္ျဖစ္ေသာေၾကာင့္ေက်နပ္ေနသည္။

မိခင္ႀကီးကို လုပ္ေကၽြးသမူျပဳရေတာ့မည္ျဖစ္ေသာေၾကာင့္ကိုသန႔္မွာမ်ားစြာဝမ္းေျမာက္ဝမ္းသာျဖစ္လ်က္ရွိေပသည္။ ကိုသန႔္သည္ ပန္းတေနာ္ၿမိဳ႕ အစိုးရအေထာက္ပံ့ခံ အမ်ိဳးသား အထက္တန္းေက်ာင္းတြင္ ၁၉၂၈ ခုႏွစ္မွစ၍ အထက္တန္းျပဆရာအျဖစ္ ျပန္လည္ အမူထမ္းခဲ့သည္။

တကၠသိုလ္မွ ဘြဲ႕မရခဲ့ေသာကိုသန႔္သည္ေနာင္တြင္ကမၻာ့ကုလသမဂၢအဖြဲ႕ႀကီး၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ကမၻာ့အေရး အခင္းေပါင္းမ်ားစြာကိုေအာင္ျမင္စြာ ေျဖရွင္းနိုင္ခဲ့ၿပီးကမၻာ့နိုင္ငံအသီးသီးမွ ေပးအပ္ခဲ့ေသာ ဘြဲ႕ ၊ ဆုတံဆိပ္ေပါင္းမ်ားစြာကိုရရွိခဲ့ သည့္အျပင္ နိုင္ငံတခ်ိဳ႕တြင္သူ၏နာမည္ကို လမ္း ၊ ခန္းမ ၊ ကၽြန္းအမည္မ်ားေပးကာမွတ္တမ္းတင္ဂုဏ္ျပဳျခင္းကိုခံခဲ့ရေလသည္။

Credit : crd,