သနားစရာ အေမအိုျကီးတေယာက္ရဲ့ ရင္နာစရာအျဖစ္
အခ်ိန္မရလဲ (၁)မိနစ္စာေလာက္ ခဏဝင္၍ ဖတ္ၾကည့္ေပးေစခ်င္တယ္။
မနက္ ၁၁ : ၃၀ အခ်ိန္ေလာက္ ရွိေနၿပီ လမ္းေဘးက ေကာ္ဖီဆိုင္ရဲ႕ေျမတလင္းျပင္ေလးမွာ ( ၇၅ ) ႏွစ္ အ႐ြယ္၊ အေမအို တစ္ေယာက္နဲ႔ ေတြ႕ေတာ့
စကားမစပ္ ေမးမိပါတယ္ “အေမ” ဒီမွာ ဘာထိုင္ လုပ္ေနတာလဲ လို႔ေပါ့ ခ်ိ႕နဲ႔နဲ႔ အားအင္ေလးနဲ႔ ထကာ ကတုန္ကယင္ အသံေလးေတြနဲ႔ အမအို ေျပာပုံက
“သားနဲ႔ / သမီး လႊဲလိုက္တဲ့ ပိုက္ဆံ လာထုပ္တာပါ ဘဏ္႐ုံး မဖြင့္ေသးလို႔ ခန ထိုင္ေစာင့္ ေနတာပါတဲ့”
အေမ ဘာစားၿပီးၿပီလဲ ေမးေတာ့ “ဘာမွ မစားရ ေသးပါဘူး သားရယ္ မနက္ကတည္းက ႐ုံးဖြင္မယ့္ အခ်ိန္ကို ေစာင့္ေနတာ”
လာပါ အေမ ဆိုၿပီး မုန႔္ဟင္းခါး ဆိုင္ေဘးနားက ထမင္းဆိုင္ေလးမွာ အေမအို အတြက္ ထမင္းပြဲေလး မွာၿပီး စီစဥ္ ေပးလိုက္တယ္။
ဗိုက္ဆာေနလို႔လား မသိပါဘူး အေမအို စားလိုက္တာ ဇြတ္ေရာ တင္းေရာပဲ ကြၽန္ေတာ္ျဖင့္ သနားလိုက္တာ၊ မ်က္ရည္ေတာင္ ဝဲမိတယ္။
ေန႔လယ္ အခ်ိန္ ေရာက္လာေတာ့ ႐ုံးက မဖြင့္ေသးဘူး ဒီေန႔ ႐ုံးပိတ္ရက္ မ်ားလား မသိဘူး ေသခ်ာေအာင္ အေမ့ သားသမီးေတြဆီ ဖုန္းဆက္ၾကည့္ပါ့လား၊
ဖုန္းပါလား ေမးလိုက္ေတာ့ “ပါတယ္ ပါပါတယ္ သားရယ္” ေျပာကာ အိတ္ထဲက ဖုန္းေလးကို မမ္ိတမိ ဆြဲကာ ကြၽန္ေတာ္ကို လွမ္းၾကည့္ေနတယ္၊ ဖုန္းနံပါတ္ သိလား အေမ
“ဒါပဲ သား ဒီ ဖုန္းနံပါတ္ပဲ ဆိုၿပီး ေျပာရင္းဆိုရင္း အေမအိုက ဖုန္းကို ဖြင့္ကာ နံပါတ္ေတြအား ႏွိပ္ေတာ့တယ္၊ လက္ေတြ တုန္ေနတာမို႔ နွိပ္၍ မရေပ။
ကြၽန္ေတာ္လည္း ဖုန္းနံပါတ္ကို အတိအက် ႏွိပ့္ၿပီး ဖုန္းေခၚၾကည့္ေတာ့ ဖုန္းဝင္သြားတယ္ဗ်႕
“( ဟဲလို ) အကိုဒီမွာ အကိုရဲ႕ ” အေမ ” ဘဏ္႐ုံးမွာ လႊဲေပးတဲ့ အကို့ ပိုက္ဆံအခ်ိဳ႕ကို လာၿပီး ထုပ္တယ္၊ အကို လြဲေပးလိုက္ၿပီလား ”
လြဲမေပးပါဘူး ပိုက္ဆံရွာရတာ လြယ္တာ မဟုတ္ဘူးကြ “အိမ္လည္း ျပန္လာ မအားဘူး ” အလုပ္႐ူပ္ေနတယ္…
ကြၽန္ေတာ္ အဖြားအိုဘက္ တစ္ခ်က္ လွည့္ၾကည့္ေတာ့ ” ၿပဳံးစိစိနဲ႔ အဖြားက လုပ္ေနတယ္။
ငါ့သားေလးက ငါ့ကို လြမ္းေနတဲ့ အေၾကာင္းေတြ ေျပာေနတာ ျဖစ္မယ္ ဆိုၿပီး အဖြားက ၿပဳံးၿပဳံးေလးနဲ႔ ေျပာျပေနတယ္။
( ဟဲလို ) အကို ေအးပိုက္ဆံ လြဲမေပးေတာ့ဘူးလို႔ ေျပာလိုက္ အဲ့အဖြားႀကီးကို ” ၿပီးေတာ့ ငါက ဒီမွာ မိသားစု ရွိေနၿပီ” ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ေနပါရေစကြာ၊
လာျပီး မေႏွာက္ယွက္ပါနဲ႔လို႔ ေျပာလိုက္ အဖြားႀကီးကို ဒါပဲ ဖုန္းခ်ၿပီ “ဖုန္းေျပာျပီး အခ်ိန္မွာ ” အေမအိုက “သား ဘာေျပာလဲဟင္၊ အေမ့ကို ေနေကာင္းလားလို႔ေမးတယ္မလား၊
အိမ္ ျပန္လာမယ္လို႔ေရာ ေျပာေသးလား အေမအို ၾကားခ်င္ေနတဲ့ စကားေတြ ကြၽန္ေတာ္ လိမ္ညာျပီး ျဖည့္ေျပာ ေပးရမွာလား၊
သားသမီးေတြရဲ႕ စကားေတြကို ျပန္ေျပာျပ လိုက္ရင္ ” အေမအို ရင္ကြဲ ပက္လက္ ျဖစ္သြားမွာ စိုးတယ္ ကြၽန္ေတာ္ ထိန္းမရတဲ့ မ်က္ရည္ေတြနဲ႔ ငိုခ် ပစ္လိုက္တယ္၊
အေမ့ရဲ႕ အျဖစ္ကို ၾကည့္ၿပီး ရင့္က်ိဳးမရ ျဖစ္ခဲ့မိတယ္ ကြၽန္ေတာ္ငိုတာကို ” အေမအိုက ျမင္ေတာ့ ဘာလို႔ ငိုေနတာလဲ ” သား ”တဲ့
ေၾသာ္ အေမ့ရဲ႕ ( သားသမီးေတြဆီက ဝမ္းသာတဲ့ စကား ျကားရလို့ပါ ဒါေၾကာင့္ ငိုတာပါ အေမလို႔ ျပန္ေျပာရင္း ကြၽန္ေတာ္ အေမအိုကို အိမ္ေခၚသြားတယ္၊
” အိမ္ျပန္ေရာက္ေတာ့ ” ယူပါ အေမ ဒါက အေမ့ရဲ႕ သားသမီးဆီက လႊဲေပးတဲ့ ေငြေတြပါ တကယ္ေတာ့ အဖြားအို မသိေအာင္
ကြၽန္ေတာ့္ရဲ႕. ပိုက္ဆံအိတ္ထဲက ေငြ ( ၂ )သိန္း ကို ထုတ္ၿပီး အဖြားအိုအတြက္ ကန္ေတာ့ လိုက္တာပါ ေက်းဇူး မသိတဲ့ သားေတြ၊ သမီးေတြ အတြက္ ရင္ေလးမိပါတယ္၊
မုန္းလည္း မုန္းတီး မိပါတယ္၊ ရွာမေကြၽးခ်င္ ေနပါ ဒုကၡ မေပးၾကပါနဲ႔၊ လုပ္မေကြၽးခ်င္ ေနပါ မေစာ္ကား ၾကပါနဲ႔၊
မိဘ ေက်းဇူး သိတတ္ၿပီး ေက်းဇူး ဆပ္ႏိုင္ၾကတဲ့ သားေကာင္း၊ သမီးေကာင္း ရတနာေလးမ်ား ျဖစ္ႏိုင္ၾကပါေစ။
Unicode,
သနားစရာ အမေအိုကြီးတယောက်ရဲ့ ရင်နာစရာအဖြစ်
အချိန်မရလဲ (၁)မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်။
မနက် ၁၁ : ၃၀ အချိန်လောက် ရှိနေပြီ လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ်၊ အမေအို တစ်ယောက်နဲ့ တွေ့တော့
စကားမစပ် မေးမိပါတယ် “အမေ” ဒီမှာ ဘာထိုင် လုပ်နေတာလဲ လို့ပေါ့ ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာ ကတုန်ကယင် အသံလေးတွေနဲ့ အမအို ပြောပုံက
“သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံ လာထုပ်တာပါ ဘဏ်ရုံး မဖွင့်သေးလို့ ခန ထိုင်စောင့် နေတာပါတဲ့”
အမေ ဘာစားပြီးပြီလဲ မေးတော့ “ဘာမှ မစားရ သေးပါဘူး သားရယ် မနက်ကတည်းက ရုံးဖွင်မယ့် အချိန်ကို စောင့်နေတာ”
လာပါ အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ထမင်းဆိုင်လေးမှာ အမေအို အတွက် ထမင်းပွဲလေး မှာပြီး စီစဉ် ပေးလိုက်တယ်။
ဗိုက်ဆာနေလို့လား မသိပါဘူး အမေအို စားလိုက်တာ ဇွတ်ရော တင်းရောပဲ ကျွန်တော်ဖြင့် သနားလိုက်တာ၊ မျက်ရည်တောင် ဝဲမိတယ်။
နေ့လယ် အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ ရုံးပိတ်ရက် များလား မသိဘူး သေချာအောင် အမေ့ သားသမီးတွေဆီ ဖုန်းဆက်ကြည့်ပါ့လား၊
ဖုန်းပါလား မေးလိုက်တော့ “ပါတယ် ပါပါတယ် သားရယ်” ပြောကာ အိတ်ထဲက ဖုန်းလေးကို မမိတမိ ဆွဲကာ ကျွန်တော်ကို လှမ်းကြည့်နေတယ်၊ ဖုန်းနံပါတ် သိလား အမေ
“ဒါပဲ သား ဒီ ဖုန်းနံပါတ်ပဲ ဆိုပြီး ပြောရင်းဆိုရင်း အမေအိုက ဖုန်းကို ဖွင့်ကာ နံပါတ်တွေအား နှိပ်တော့တယ်၊ လက်တွေ တုန်နေတာမို့ နှိပ်၍ မရပေ။
ကျွန်တော်လည်း ဖုန်းနံပါတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ဖုန်းဝင်သွားတယ်ဗျ့
“( ဟဲလို ) အကိုဒီမှာ အကိုရဲ့ ” အမေ ” ဘဏ်ရုံးမှာ လွှဲပေးတဲ့ အကို့ ပိုက်ဆံအချို့ကို လာပြီး ထုပ်တယ်၊ အကို လွဲပေးလိုက်ပြီလား ”
လွဲမပေးပါဘူး ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ “အိမ်လည်း ပြန်လာ မအားဘူး ” အလုပ်ရူပ်နေတယ်…
ကျွန်တော် အဖွားအိုဘက် တစ်ချက် လှည့်ကြည့်တော့ ” ပြုံးစိစိနဲ့ အဖွားက လုပ်နေတယ်။
ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ် ဆိုပြီး အဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ်။
( ဟဲလို ) အကို အေးပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို ” ပြီးတော့ ငါက ဒီမှာ မိသားစု ရှိနေပြီ” ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ၊
လာပြီး မနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ဒါပဲ ဖုန်းချပြီ “ဖုန်းပြောပြီး အချိန်မှာ ” အမေအိုက “သား ဘာပြောလဲဟင်၊ အမေ့ကို နေကောင်းလားလို့မေးတယ်မလား၊
အိမ် ပြန်လာမယ်လို့ရော ပြောသေးလား အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပြီး ဖြည့်ပြော ပေးရမှာလား၊
သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြ လိုက်ရင် ” အမေအို ရင်ကွဲ ပက်လက် ဖြစ်သွားမှာ စိုးတယ် ကျွန်တော် ထိန်းမရတဲ့ မျက်ရည်တွေနဲ့ ငိုချ ပစ်လိုက်တယ်၊
အမေ့ရဲ့ အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရ ဖြစ်ခဲ့မိတယ် ကျွန်တော်ငိုတာကို ” အမေအိုက မြင်တော့ ဘာလို့ ငိုနေတာလဲ ” သား ”တဲ့
သြော် အမေ့ရဲ့ ( သားသမီးတွေဆီက ဝမ်းသာတဲ့ စကား ကြားရလို့ပါ ဒါကြောင့် ငိုတာပါ အမေလို့ ပြန်ပြောရင်း ကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ်၊
” အိမ်ပြန်ရောက်တော့ ” ယူပါ အမေ ဒါက အမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ ငွေတွေပါ တကယ်တော့ အဖွားအို မသိအောင်
ကျွန်တော့်ရဲ့. ပိုက်ဆံအိတ်ထဲက ငွေ ( ၂ )သိန်း ကို ထုတ်ပြီး အဖွားအိုအတွက် ကန်တော့ လိုက်တာပါ ကျေးဇူး မသိတဲ့ သားတွေ၊ သမီးတွေ အတွက် ရင်လေးမိပါတယ်၊
မုန်းလည်း မုန်းတီး မိပါတယ်၊ ရှာမကျွေးချင် နေပါ ဒုက္ခ မပေးကြပါနဲ့၊ လုပ်မကျွေးချင် နေပါ မစော်ကား ကြပါနဲ့၊
မိဘ ကျေးဇူး သိတတ်ပြီး ကျေးဇူး ဆပ်နိုင်ကြတဲ့ သားကောင်း၊ သမီးကောင်း ရတနာလေးများ ဖြစ်နိုင်ကြပါစေ။



