ဘယ်နိုင်ငံမှာမှ မရှိခဲ့တဲ့ ကမ္ဘာ့အထူးဆန်းဆုံး တစ်ချိန်က မြန်မာငွေစက္ကူများအကြောင်း
ဦးနေဝင်းခေတ်မှာ ထုတ်လုပ်သုံးစွဲခဲ့တဲ့ မြန်မာ့ငွေစက္ကူတွေဖြစ်တဲ့ ၁၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၉၀ တန် တွေဟာ ကမ္ဘာမှာမရှိ ထူးဆန်းဆုံး ငွေစက္ကူများအကြောင်းကို ခုလိုပြောပြထားပါတယ်။
တိုကျိုမြို့၏ နံနက်ခင်းတွင် နိုင်ငံခြားရက်တိုခရီးတစ်ခုမှ ပြန်လာပြီး ပထမဆုံး စာသင်ခန်းပြန်ဝင်လာသော ပါမောက္ခကြီး အိုနို စိတ်အားထက်သန် ရွှင်ပြလျက်ရှိ၏။ နှစ်ပတ်ခန့် မတွေ့ရသော ကျောင်းသူကျောင်းသားများကို
အကြောင်းအရာသစ်များ သင်ပြပေးရန် သူ့မှာ စိတ်ဝင်စားစရာ ပစ္စည်းများ ရရှိလာခဲ့သည်။ ဆရာကြီးက စာသင်ခန်းထိပ်ရှိ ပရိုဂျက်တာပေါ်တွင် ပုံတစ်ပုံကို ပထမဆုံး ထိုးပြလိုက်ပြီး “ဒါဘာလဲ သိကြသလား” ဟု မေးလိုက်၏။
အများသိသော ပုံမို့ အားလုံး ပြုံးစိစိဖြစ်ကာ ကောင်မလေးတစ်ယောက်မှာ ခစ်ကနဲ ရယ်သံထွက်သွားသည်။ ဂျပန်နိုင်ငံတွင် လူတိုင်းသိသော ယန်း ၂၀၀၀ တန် ငွေစက္ကူ၏ပုံ ဖြစ်သဖြင့် အလွန်စာသင်ကောင်းသော ပါမောက္ခကြီး အိုနိုက အကြောင်းရှိ၍သာ မေးမြန်းမှန်း သိကြ၏။
ထို့ကြောင့် နှုတ်သွက်လျှာသွက် ကျောင်းသူလေး တာမူရက “ဝန်ကြီးချုပ် အိုဘုချိလက်ထက်မှာ စတင် ထုတ်ဝေခဲ့တဲ့ ယန်း ၂၀၀၀ တန် ငွေစက္ကူ ဖြစ်ပါတယ်။ ထုတ်ဝေတာ နှစ်သိပ်မကြာသေးပဲ လူကြိုက်လည်း မများဘူး။
အမေရိကန်ပြည်ထောင်စုမှာ လူတွေ အသုံးပြုတာ အများဆုံးက ဒေါ်လာ ၂၀ တန် ဖြစ်သလို ဂျပန်နိုင်ငံမှာလည်း တန်ဖိုးချင်း မတိမ်းမယိမ်း ယန်း ၂၀၀၀ တန်ကို တွင်တွင်ကျယ်ကျယ် သုံးကြလိမ့်မယ်လို့ ဝန်ကြီးချုပ် အိုဘုချိက မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး” ဟု အတော် ပြည့်ပြည့်စုံစုံ ဖြေကြားလိုက်၏။ “ကျေးဇူးပဲ တာမူရ။ မင်းရဲ့ အဖြေမှန်ပါတယ်။ ဝန်ကြီးချုပ် အိုဘုချိ တွေးထင်သလို ဟောဒီ ယန်း ၂၀၀၀ တန်ကို ဂျပန်မှာ လူတွေ သိပ်မသုံးကြဘူး။
ဒါပေမဲ့ ယန်း ၂၀၀၀ တန် ငွေစက္ကူ ထုတ်ဝေတဲ့အတွက်
တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ငွေကြေးလည်ပတ်မှုအပေါ် သိသာတဲ့ ထိခိုက်နစ်နာမှု ဘာမှ မရှိခဲ့ဘူး” ဟု ပါမောက္ခ အိုနိုက ရှင်းပြ၏။ “ပြီးတော့ မင်းတို့ သတိပြုသင့်တာက ဟောဒီ ယန်း ၂၀၀၀ တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့တဲ့ အချိန်ကာလပဲဟေ့” ဟု ဆရာကြီး၏
စကားအဆုံးတွင် “သိပြီဆရာ၊ သက္ကရာဇ် ၂၀၀၀ မှာ ယန်း ၂၀၀၀ တန် ထုတ်ဝေတာ မဟုတ်လား” ဟု ကျောင်းသားတစ်ယောက်က ဝင်ပြောလိုက်သည်။ “သိပ်ဟုတ်တာပေါ့ကွာ၊ ရာစုနှစ် အသစ်ပြောင်းတော့မယ့် သက္ကရာဇ် ၂၀၀၀ မှာ တစ်ကမ္ဘာလုံး စိတ်အားထက်သန်နေတဲ့အချိန်၊ အိုကီနာဝါကျွန်းမှာ ကျင်းပမယ့် G-8 ဖွံ့ဖြိုးတိုးတက်သော
ရှစ်နိုင်ငံအုပ်စုရဲ့ ထိပ်သီးအစည်းအဝေးနဲ့ တိုက်ဆိုင် ထုတ်ဝေလိုက်တာမို့ ငါတို့နိုင်ငံသမိုင်းမှာတော့ မှတ်တိုင်ကြီးတစ်ခုပါပဲ” ဟု ပါမောက္ခကြီးက ပြောပြပါသည်။ “ဒီနေ့ ပြောမယ့်အကြောင်းအရာနဲ့ မင်းတို့တွေ ဆက်စပ်စဉ်းစားနိုင်အောင် ယန်း ၂၀၀၀ ငွေစက္ကူအကြောင်း နိဒါန်းပျိုးတာပါ၊ ကဲ… ဟောဒီငွေစက္ကူတွေကိုရော
မင်းတို့ သိကြသလား” ဟု ဆရာကြီးက ပရိုဂျက်တာပေါ်တွင် ပုံများ ထိုးပြလိုက်၏။ အတန်းတစ်ခုလုံး အပ်ကျသံမကြားအောင် တိတ်ဆိတ်သွားတော့သည်။ မိနစ်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ တာမူရက “အဲဒါတွေဟာ တကယ် ငွေစက္ကူအစစ်တွေ ဟုတ်ရဲ့လားဆရာကြီး” ဟု မဝံ့မရဲ မေးလေ၏။
ပရိုဂျက်တာ ပိတ်ကားပေါ်ဝယ် ၁၅ ကျပ်၊ ၃၅ ကျပ်၊ ၄၅ ကျပ်၊ ၇၅ ကျပ်၊ ၉၀ ကျပ် စသော
ငွေစက္ကူများကို ဂျပန်ကျောင်းသားများ တစ်သက်မှာ တစ်ခါမျှ မမြင်မတွေ့ဖူးကြပါ။ မိုနိုပိုလီကဲ့သို့ ဂိမ်းများကစားသည့် ငွေတွေလားဟု တွေးကြသည်။ “တကယ့် ငွေစက္ကူအစစ်တွေပေါ့။
မယုံရင် ဟောဒီမှာ မင်းတို့လက်နဲ့ ကိုယ်တိုင် ကိုင်ကြည့်ကြ” ဟု ဆရာကြီး အိုနိုက ပြောရင်း သူ့လက်ဆွဲအိတ်ထဲမှာ တယုတယ ထည့်လာသော ငွေစက္ကူများကို ထုတ်ပေးလေ၏။ ကျောင်းသူကျောင်းသားများမှာလည်း ငွေစက္ကူများကို လက်ဆင့်ကမ်း ကိုင်ကြည့်ရင်း “ဟွန်တိုဒါ (တကယ်ကြီးဟ)” ဟု အချင်းချင်း
တအံ့တဩပြောကြသည်။ “အေး… အဲဒီငွေစက္ကူတွေဟာ လူဦးရေ သန်း ၃၀ ကျော် သုံးစွဲခဲ့ရတဲ့ တကယ့်အစစ်တွေ၊။ အခု မီယမ်မာ (မြန်မာ) လို့ မင်းတို့ သိကြတဲ့ အရှေ့တောင်အာရှ နိုင်ငံဟာ အဲဒီအချိန်တုန်းက ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံဆိုတာပဲ။ ဘိရုမာနော့ တာတဲဂိုတို (မြန်မာ့စောင်း) ရုပ်ရှင်ထဲက ဘိရုမာဆိုတဲ့
တိုင်းပြည်ပေါ့။” “အဲဒီအချိန်မှာ ဆိုရှယ်လစ်အစိုးရရဲ့ ခေါင်းဆောင်က အာဏာရှင်ကြီး ဦးနေဝင်းတဲ့။ စစ်ကြီးမတိုင်ခင် ငါတို့ ဂျပန်ပြည်မှာ စစ်ပညာလာသင်သွားတဲ့ မြန်မာလူငယ်အဖွဲ့ထဲမှာ သူလည်း ပါဝင်ခဲ့တယ်။ သူဗိုလ်ချုပ်ကြီး ဖြစ်တဲ့အခါ
မြန်မာပြည်ကို အာဏာသိမ်းပြီး အုပ်ချုပ်ရင်း သူထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေပဲ” ဟု ပါမောက္ခ အိုနိုက ပြောပြသည်။ ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုမှ ဘွဲ့လွန်ကျောင်းသားများသည်လည်း ခေသူမဟုတ်ပါ။ သူတို့ ပါမောက္ခ ပြောချင်သည့် ပြဿနာ၏ ဆိုလိုရင်းကို တွေးမြင်ကြည့်နိုင်ကြပါသည်။ “နိုင်ငံတော်အစိုးရက
ငွေစက္ကူတွေ ထုတ်ဝေတဲ့အခါ ပြည်သူတွေ တွက်ချက် သုံးစွဲရလွယ်ကူအောင် သတ်မှတ်ရပါတယ်။ မြန်မာငွေစက္ကူတွေရဲ့ ငွေကြေးသတ်မှတ်ချက်ဟာ (အလွန်ပဲ) ထူးဆန်းနေပါတယ်။ ဆရာကြီးပြောချင်တာ ဒီအချက်ပဲလို့ ထင်ပါတယ်” ဟု ကျောင်းသားတစ်ယောက် ပြောသည်ကို အားလုံးဝိုင်း၍ ထောက်ခံကြ၏။ ပါမောက္ခကြီး
အိုနိုက ပြုံးလိုက်သည်။ “နိုင်ငံတစ်ခု၊ စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုကို စီမံခန့်ခွဲရာမှာ မင်းတို့ သင်ကြားခဲ့သမျှ သီအိုရီတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုံးဝမဆိုင်တဲ့ အုပ်ချုပ်ရေးနည်းလမ်းကို ဆရာပြောပြမယ်၊ သေသေချာချာ နားထောင်ကြပေတော့” ဟု ဆရာကြီးက နိဒါန်းပျိုးလိုက်သည်။ “အဲဒါကတော့ မြန်မာလူမျိုးအတော်များများ
ယုံကြည်ကြတဲ့ ‘ယတြာ’ ဆိုတာပဲ ဖြစ်ပါတယ်။ ယတြာရဲ့သဘောကို အတိုချုပ်ပြောရရင် နက္ခတ်တာရာ ဂြိုဟ်အသွားအလာတွေကို ကြည့်ပြီး ကိုယ်ဖြစ်စေချင်တဲ့ အကောင်းအဆိုးကို အဆောင်လက်ဖွဲ့တွေနဲ့ စီမံကြတဲ့ ရိုးရာယုံကြည်မှုပဲ။
ဥပမာဆိုရင်၊ တို့ဂျပန်တွေရဲ့ ‘တဲရူတဲရုဘိုဇို’ လိုပေါ့။” (ဂျပန်နိုင်ငံတွင် နေ့တိုင်းမိုးရွာနေလျှင် မိုးစဲ၍ နေသာအောင် တဲရုတဲရု ဘိုဇို ခေါ် အဝတ်ရုပ်လေး လုပ်၍ ချိတ်ဆွဲသော ဂျပန်ရှေးရိုးအယူရှိသည်။ အဆောင်လက်ဖွဲ့၊ ယတြာ သဘောမျိုးပင် ဖြစ်ပါသည်။) “မြန်မာအာဏာရှင် ဗိုလ်ချုပ်ကြီးကတော့ တရားလွန်အယူသည်းပါတယ်။
၁၉၈၆ ခုနှစ်မှာ သူအသက် ၇၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်ခါမှ မရှိဖူးသေးတဲ့ ၇၅ ကျပ်တန်ကို ထုတ်ဝေလိုက်တယ်။ သူက ၉ ဂဏန်းကိုလည်း အလွန်နှစ်သက်လေတော့ နောက်ထပ် ၉၀ ကျပ်တန်၊ ၄၅ ကျပ်တန်တွေလည်း ထုတ်ဝေတယ်။” ဟု ပါမောက္ခ အိုနိုက ဆက်လက် ရှင်းပြသည်။ ကျောင်းသားများက
ပြန်လှန်မေးခွန်းထုတ်ကြသည်။ “ဒါဖြင့် ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကရော ဆရာကြီး” ဟု မေးကြရာ “သူက ၅ ဂဏန်းနဲ့ အဆုံးသတ်တာလည်း ကြိုက်သတဲ့။ ပြီးတော့ သူ့ဗေဒင်ဆရာတွေ အကြံပေးတဲ့ ဂဏန်းတွေကို ရွေးတာလို့ သိရတယ်” ဟူသော ဆရာကြီး၏ အဖြေကြောင့် ဂျပန်ကျောင်းသားများ
ဆက်၍ စဉ်းစားကြံဆကြ၏။ “အဲဒီလို ထူးဆန်းတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘယ်လို ထူးခြားကောင်းမွန်လာပါသလဲ” ဟု စိတ်ဝင်တစားမေးကြသည်။ “အို… တိုင်းသူပြည်သားတွေ သိပ်ဒုက္ခ ရောက်ခဲ့ကြတာပေါ့။ တွက်ချက်ရတာ ခက်ခဲလို့ အမှားအယွင်းတွေ ဖြစ်ကြတယ်။
စဉ်းစားကြည့်လေ၊ ၁၀၀ တန် ၁၇ ရွက်ဆိုရင် ၁၇၀၀ လို့ ချက်ချင်းသိပေမဲ့ ၇၅ ကျပ်တန် ၁၇ ရွက်ကို တွက်ရတာ မခက်ဘူးလား” ဟု ဆရာကြီး၏စကားကို အားလုံးခေါင်းညိတ် ထောက်ခံကြ၏။ “ပိုဆိုးတာက တိုင်းပြည်မှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးပမာဏထက် အဆမတန်များပြားတဲ့ ငွေစက္ကူသစ်တွေကို မစဉ်းမစား ရိုက်နှိပ်ထုတ်ဝေလိုက်တော့
ငွေဖောင်းပွမှု အလွန်များပြားလာခဲ့တယ်။
ကုန်ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ တက်လာတယ်။ ပြည်သူလူထုဟာ မကြုံစဖူး စားဝတ်နေရေး ခက်ခဲလာပြီး တစ်ပြည်လုံး မကျေမနပ် ပေါက်ကွဲလုဆဲဆဲ ဖြစ်လာတော့ တာပဲ။ ဒီလို အခြေအနေကို ကုစားဖို့အတွက် အာဏာရှင် နေဝင်းဟာ နည်လမ်းတစ်မျိုး ထုတ်သုံးလိုက်ပြန်တယ်။
ဘယ်လို လုပ်မယ်ထင်သလဲ” ဟု ဆရာကြီးက မေးခွန်းထုတ်လိုက်၏။ ကျောင်းသားများက သူတို့ သင်ယူခဲ့သမျှ ဘဏ္ဍာရေးနည်းလမ်းများကို ဖြေကြသည်။ ပါမောက္ခကြီး အိုနိုက ပြုံးလိုက်ပြီး “တစ်ခုမှ မဟုတ်ဘူး” ဟု တုံးတိတိ ဖြေလိုက်၏။ “၁၉၈၇ ခုနှစ်မှာ အဲဒီ ငွေစက္ကူတွေကို တရားမဝင် ကြေညာပြီး ဖျက်သိမ်းလိုက်တာပဲ” ဟူသော
အဖြေကြောင့် အားလုံး ဟာကနဲ အံ့ဩသွားတော့၏။ “ပြည်သူတွေလက်ထဲက ငွေကြေးတွေဟာ နေ့ချင်းညချင်း စက္ကူစုတ်လို တန်ဖိုးလုံးဝ မရှိတော့ဘူး။ အဲဒီကစပြီး လူထုမကျေနပ်မှုတွေ ကြီးထွားလာပြီး ၁၉၈၈ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး အုံကြွတော်လှန်တဲ့
လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။စစ်တပ်ကအာဏာသိမ်းပြီးအာဏာရှင်နေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားတာပဲ” ဟု ဆရာကြီး၏ ပြောကြားချက်ကြောင့် ကျောင်းသားများ တွေဝေသွား၏။ မြန်မာလူမျိုးများ ယုံကြည်သော ဗေဒင်ယတြာသည် တိုင်းပြည်ကို ကောင်းကျိုးမပေးသည့်အပြင် ခေါင်းဆောင်ကြီးနှင့်
သူ့အစိုးရပင် ပြုတ်ကျသွားသည် မဟုတ်လား။ ပါမောက္ခကြီး အိုနိုက ကျောင်းသားများကို စေ့စေ့ကြည့်ပြီး ယခုမှ အရေးကြီးသောမေးခွန်းကို မေးမည်ဟု ဆိုလိုက်၏။ တိုင်းပြည်ဆူပူအုံကြွပြီး ၂၆ နှစ်သက်တမ်းရှိ အစိုးရပြုတ်ကျသွားရသော အကြောင်းကို မေးခွန်းထုတ်လိုက်သည်။ကျောင်းသားအားလုံး၏ အဖြေကို ခြုံလိုက်လျှင်
အခြား နိုင်ငံရေး၊ စီးပွားရေးအပြင် လက်တွေ့သုံးစွဲရခက်ခဲပြီး အဓိပ္ပာယ်မရှိသော ငွေစက္ကူများကို ထုတ်ဝေခြင်းကြောင့်ဟု ထင်မြင်ယူဆကြ၏။“အေး… မင်းတို့ရဲ့ အဖြေက မှန်သလိုလိုပေမဲ့ တကယ့်အကြောင်းရင်း မဟုတ်သေးဘူး။ တကယ်တော့
အဲဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို တားဆီး ထိန်းကျောင်းနိုင်တဲ့ စနစ်မရှိလို့ပဲ” ဟု ဆရာကြီးက ဖြေကြားရင်း ကျောင်းသားတစ်ယောက်ကို လက်ညှိုးထိုးကာ “တာနာကာ၊ မင်းသာ ဘဏ္ဍာရေးဝန်ကြီးဆိုရင် ဝန်ကြီးချုပ်က သူ့မွေးသက္ကရာဇ်အထိမ်းအမှတ် ယန်း ၁၉၆၀ တန် ငွေစက္ကူထုတ်ဖို့ အမိန့်ပေးတဲ့အခါ မင်းဘာလုပ်မလဲ” ဟု မေးလိုက်၏။ တာနာကာကလည်း “မလုပ်နိုင်ဘူးလို့ ငြင်းမှာပေါ့” ဟု မဆိုင်းမတွ
ပြန်ဖြေသည်။ “မရဘူး၊ လုပ်ကိုလုပ်ရမယ်လို့ အတင်းခိုင်းရင်ကော” ဟု ဆရာကြီးက ဆက်မေးရာ “ရာထူးကနုတ်ထွက်မယ်၊ ဒီလို ရူးကြောင်ကြောင် အဓိပ္ပာယ် မရှိတာကို လုပ်မယ့်အစား ဟာရာကီရိ (ကိုယ့်ဝမ်းဗိုက်ကို ဓားနှင့်ခွဲ၍ သတ်သေခြင်း)သာ လုပ်လိုက်ပါမယ်ဆရာ” ဟု တာနာကာက ပြတ်သားစွာ ဖြေ၏။ “အေး…အဲဒါပဲ။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ခေတ်မီနိုင်ငံတွေမှာ သမ္မတ၊ ဝန်ကြီးချုပ်က လုပ်ချင်တိုင်း လျှောက်လုပ်လို့မရအောင် အဆင့်ဆင့် ထိန်းကြပ်ထားတယ်။သမ္မတ၊ ဝန်ကြီးချုပ်က အမိန့်နဲ့ ခိုင်းရင်လည်း တာနာကာလို ဂုဏ်သိက္ခာရှိတဲ့ ဝန်ကြီးက ငြင်းမှာပဲ။ ဘဏ္ဍာရေး ဝန်ကြီးက
ခေါင်းညိတ်ရင်တောင် ကက်ဘိနက် ဝန်ကြီးအဖွဲ့က ဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကို ဝိုင်းကန့်ကွက် ကြမှာပေါ့။”“ဝန်ကြီးအဖွဲ့က သဘောတူရင်လည်း ဒီကိစ္စကို ပြည်သူ့လွှတ်တော် တင်ပြဆုံးဖြတ်ရမယ်လေ။ ဒါမျိုး ရူးကြောင်ကြောင် ငွေစက္ကူထုတ်ဝေမယ့်အဆိုကို အတိုက်အခံပါတီသာမကဘူး၊ ကိုယ့်ပါတီက အမတ်တွေတောင်
အပြင်းအထန်ကန့်ကွက်ကြလိမ့်မယ်။အတိုက်အခံဘက်က အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်လို့ မဲခွဲတာ နိုင်သွားရင် အစိုးရသာ ပြုတ်ကျသွားမယ်၊ အဲဒီလို ရူးကြောင်ကြောင် ငွေစက္ကူတော့ ဘယ်သောအခါမှ ထွက်လာမှာ မဟုတ်ဘူး” ဟု ပါမောက္ခကြီး အိုနိုက ရှည်ရှည်လျားလျား ရှင်းပြလိုက်၏။“မင်းတို့တွေ တစ်နေ့မှာ
အစိုးရခေါင်းဆောင်၊ ကုမ္ပဏီ စီအီးအို၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌစတဲ့ ရာထူးကြီးတွေတာဝန်ယူရတဲ့အခါ အဲဒါကို ကြပ်ကြပ်သတိထားပါ။အဆင့်ဆင့် ထိန်းကြပ်ထားတာတွေကိုကျော်ပြီး စည်းကမ်းဖောက်ရင်ဒုက္ခရောက်လိမ့်မယ်။ငါအာဏာအရှိဆုံးဆိုပြီး ထင်ရာလုပ်လို့ တိုင်းပြည်ပျက်မတတ်ဖြစ်ရတာမြန်မာပြည်ကိုကြည့်ပေတော့၊
စနစ်သာအရေးအကြီးဆုံး”ဟု ပါမောက္ခကြီး အိုနိုက နိဂုံးချုပ်လိုက်ပါတော့သည်။(ဝတ္ထုတို အစမ်းရေးကြည့်တာမို့ အားမနာတမ်း ဝေဖန်အကြံပေးကြပါခင်ဗျာ။ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ အားလုံးကို အလေးအနက် စဉ်းစားပါမယ်။ ဆုံးအောင် ဖတ်ပေးလို့ ကျေးဇူးပါ။) ဆိုပြီး ပြောပြထားချက်အား ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
Source: Min Myat Maung
Zawgyi
ဘယ္ႏိုင္ငံမွာမွ မရွိခဲ့တဲ့ ကမာၻ႔အထူးဆန္းဆုံး တစ္ခ်ိန္က ျမန္မာေငြစကၠဴမ်ားအေၾကာင္း
ဦးေနဝင္းေခတ္မွာ ထုတ္လုပ္သုံးစြဲခဲ့တဲ့ ျမန္မာ့ေငြစကၠဴေတြျဖစ္တဲ့ ၁၅ က်ပ္တန္၊ ၄၅ က်ပ္တန္၊ ၇၅ က်ပ္တန္၊ ၉၀ တန္ ေတြဟာ ကမာၻမွာမရွိ ထူးဆန္းဆုံး ေငြစကၠဴမ်ားအေၾကာင္းကို ခုလိုေျပာျပထားပါတယ္။
တိုက်ိဳၿမိဳ႕၏ နံနက္ခင္းတြင္ ႏိုင္ငံျခားရက္တိုခရီးတစ္ခုမွ ျပန္လာၿပီး ပထမဆုံး စာသင္ခန္းျပန္ဝင္လာေသာ ပါေမာကၡႀကီး အိုႏို စိတ္အားထက္သန္ ႐ႊင္ျပလ်က္ရွိ၏။ ႏွစ္ပတ္ခန႔္ မေတြ႕ရေသာ ေက်ာင္းသူေက်ာင္းသားမ်ားကို
အေၾကာင္းအရာသစ္မ်ား သင္ျပေပးရန္ သူ႔မွာ စိတ္ဝင္စားစရာ ပစၥည္းမ်ား ရရွိလာခဲ့သည္။ ဆရာႀကီးက စာသင္ခန္းထိပ္ရွိ ပ႐ိုဂ်က္တာေပၚတြင္ ပုံတစ္ပုံကို ပထမဆုံး ထိုးျပလိုက္ၿပီး “ဒါဘာလဲ သိၾကသလား” ဟု ေမးလိုက္၏။
အမ်ားသိေသာ ပုံမို႔ အားလုံး ၿပဳံးစိစိျဖစ္ကာ ေကာင္မေလးတစ္ေယာက္မွာ ခစ္ကနဲ ရယ္သံထြက္သြားသည္။ ဂ်ပန္ႏိုင္ငံတြင္ လူတိုင္းသိေသာ ယန္း ၂၀၀၀ တန္ ေငြစကၠဴ၏ပုံ ျဖစ္သျဖင့္ အလြန္စာသင္ေကာင္းေသာ ပါေမာကၡႀကီး အိုႏိုက အေၾကာင္းရွိ၍သာ ေမးျမန္းမွန္း သိၾက၏။
ထို႔ေၾကာင့္ ႏႈတ္သြက္လွ်ာသြက္ ေက်ာင္းသူေလး တာမူရက “ဝန္ႀကီးခ်ဳပ္ အိုဘုခ်ိလက္ထက္မွာ စတင္ ထုတ္ေဝခဲ့တဲ့ ယန္း ၂၀၀၀ တန္ ေငြစကၠဴ ျဖစ္ပါတယ္။ ထုတ္ေဝတာ ႏွစ္သိပ္မၾကာေသးပဲ လူႀကိဳက္လည္း မမ်ားဘူး။
အေမရိကန္ျပည္ေထာင္စုမွာ လူေတြ အသုံးျပဳတာ အမ်ားဆုံးက ေဒၚလာ ၂၀ တန္ ျဖစ္သလို ဂ်ပန္ႏိုင္ငံမွာလည္း တန္ဖိုးခ်င္း မတိမ္းမယိမ္း ယန္း ၂၀၀၀ တန္ကို တြင္တြင္က်ယ္က်ယ္ သုံးၾကလိမ့္မယ္လို႔ ဝန္ႀကီးခ်ဳပ္ အိုဘုခ်ိက ေမွ်ာ္လင့္ခဲ့ပါတယ္။
ဒါေပမဲ့ သူထင္သလို ျဖစ္မလာခဲ့ပါဘူး” ဟု အေတာ္ ျပည့္ျပည့္စုံစုံ ေျဖၾကားလိုက္၏။ “ေက်းဇူးပဲ တာမူရ။ မင္းရဲ႕ အေျဖမွန္ပါတယ္။ ဝန္ႀကီးခ်ဳပ္ အိုဘုခ်ိ ေတြးထင္သလို ေဟာဒီ ယန္း ၂၀၀၀ တန္ကို ဂ်ပန္မွာ လူေတြ သိပ္မသုံးၾကဘူး။
ဒါေပမဲ့ ယန္း ၂၀၀၀ တန္ ေငြစကၠဴ ထုတ္ေဝတဲ့အတြက္
တိုင္းျပည္ရဲ႕ စီးပြားေရးနဲ႔ ေငြေၾကးလည္ပတ္မႈအေပၚ သိသာတဲ့ ထိခိုက္နစ္နာမႈ ဘာမွ မရွိခဲ့ဘူး” ဟု ပါေမာကၡ အိုႏိုက ရွင္းျပ၏။ “ၿပီးေတာ့ မင္းတို႔ သတိျပဳသင့္တာက ေဟာဒီ ယန္း ၂၀၀၀ တန္ ေငြစကၠဴကို စတင္ထုတ္ေဝခဲ့တဲ့ အခ်ိန္ကာလပဲေဟ့” ဟု ဆရာႀကီး၏
စကားအဆုံးတြင္ “သိၿပီဆရာ၊ သကၠရာဇ္ ၂၀၀၀ မွာ ယန္း ၂၀၀၀ တန္ ထုတ္ေဝတာ မဟုတ္လား” ဟု ေက်ာင္းသားတစ္ေယာက္က ဝင္ေျပာလိုက္သည္။ “သိပ္ဟုတ္တာေပါ့ကြာ၊ ရာစုႏွစ္ အသစ္ေျပာင္းေတာ့မယ့္ သကၠရာဇ္ ၂၀၀၀ မွာ တစ္ကမာၻလုံး စိတ္အားထက္သန္ေနတဲ့အခ်ိန္၊ အိုကီနာဝါကြၽန္းမွာ က်င္းပမယ့္ G-8 ဖြံ႕ၿဖိဳးတိုးတက္ေသာ
ရွစ္ႏိုင္ငံအုပ္စုရဲ႕ ထိပ္သီးအစည္းအေဝးနဲ႔ တိုက္ဆိုင္ ထုတ္ေဝလိုက္တာမို႔ ငါတို႔ႏိုင္ငံသမိုင္းမွာေတာ့ မွတ္တိုင္ႀကီးတစ္ခုပါပဲ” ဟု ပါေမာကၡႀကီးက ေျပာျပပါသည္။ “ဒီေန႔ ေျပာမယ့္အေၾကာင္းအရာနဲ႔ မင္းတို႔ေတြ ဆက္စပ္စဥ္းစားႏိုင္ေအာင္ ယန္း ၂၀၀၀ ေငြစကၠဴအေၾကာင္း နိဒါန္းပ်ိဳးတာပါ၊ ကဲ… ေဟာဒီေငြစကၠဴေတြကိုေရာ
မင္းတို႔ သိၾကသလား” ဟု ဆရာႀကီးက ပ႐ိုဂ်က္တာေပၚတြင္ ပုံမ်ား ထိုးျပလိုက္၏။ အတန္းတစ္ခုလုံး အပ္က်သံမၾကားေအာင္ တိတ္ဆိတ္သြားေတာ့သည္။ မိနစ္အေတာ္ၾကာေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၿပီးမွ တာမူရက “အဲဒါေတြဟာ တကယ္ ေငြစကၠဴအစစ္ေတြ ဟုတ္ရဲ႕လားဆရာႀကီး” ဟု မဝံ့မရဲ ေမးေလ၏။
ပ႐ိုဂ်က္တာ ပိတ္ကားေပၚဝယ္ ၁၅ က်ပ္၊ ၃၅ က်ပ္၊ ၄၅ က်ပ္၊ ၇၅ က်ပ္၊ ၉၀ က်ပ္ စေသာ
ေငြစကၠဴမ်ားကို ဂ်ပန္ေက်ာင္းသားမ်ား တစ္သက္မွာ တစ္ခါမွ် မျမင္မေတြ႕ဖူးၾကပါ။ မိုႏိုပိုလီကဲ့သို႔ ဂိမ္းမ်ားကစားသည့္ ေငြေတြလားဟု ေတြးၾကသည္။ “တကယ့္ ေငြစကၠဴအစစ္ေတြေပါ့။
မယုံရင္ ေဟာဒီမွာ မင္းတို႔လက္နဲ႔ ကိုယ္တိုင္ ကိုင္ၾကည့္ၾက” ဟု ဆရာႀကီး အိုႏိုက ေျပာရင္း သူ႔လက္ဆြဲအိတ္ထဲမွာ တယုတယ ထည့္လာေသာ ေငြစကၠဴမ်ားကို ထုတ္ေပးေလ၏။ ေက်ာင္းသူေက်ာင္းသားမ်ားမွာလည္း ေငြစကၠဴမ်ားကို လက္ဆင့္ကမ္း ကိုင္ၾကည့္ရင္း “ဟြန္တိုဒါ (တကယ္ႀကီးဟ)” ဟု အခ်င္းခ်င္း
တအံ့တဩေျပာၾကသည္။ “ေအး… အဲဒီေငြစကၠဴေတြဟာ လူဦးေရ သန္း ၃၀ ေက်ာ္ သုံးစြဲခဲ့ရတဲ့ တကယ့္အစစ္ေတြ၊။ အခု မီယမ္မာ (ျမန္မာ) လို႔ မင္းတို႔ သိၾကတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံဟာ အဲဒီအခ်ိန္တုန္းက ျပည္ေထာင္စု ဆိုရွယ္လစ္ သမၼတ ျမန္မာႏိုင္ငံဆိုတာပဲ။ ဘိ႐ုမာေနာ့ တာတဲဂိုတို (ျမန္မာ့ေစာင္း) ႐ုပ္ရွင္ထဲက ဘိ႐ုမာဆိုတဲ့
တိုင္းျပည္ေပါ့။” “အဲဒီအခ်ိန္မွာ ဆိုရွယ္လစ္အစိုးရရဲ႕ ေခါင္းေဆာင္က အာဏာရွင္ႀကီး ဦးေနဝင္းတဲ့။ စစ္ႀကီးမတိုင္ခင္ ငါတို႔ ဂ်ပန္ျပည္မွာ စစ္ပညာလာသင္သြားတဲ့ ျမန္မာလူငယ္အဖြဲ႕ထဲမွာ သူလည္း ပါဝင္ခဲ့တယ္။ သူဗိုလ္ခ်ဳပ္ႀကီး ျဖစ္တဲ့အခါ
ျမန္မာျပည္ကို အာဏာသိမ္းၿပီး အုပ္ခ်ဳပ္ရင္း သူထုတ္ေဝခဲ့တဲ့ ေငြစကၠဴေတြပဲ” ဟု ပါေမာကၡ အိုႏိုက ေျပာျပသည္။ ဂ်ပန္ႏိုင္ငံ၏ ထိပ္တန္းတကၠသိုလ္ႀကီးတစ္ခုမွ ဘြဲ႕လြန္ေက်ာင္းသားမ်ားသည္လည္း ေခသူမဟုတ္ပါ။ သူတို႔ ပါေမာကၡ ေျပာခ်င္သည့္ ျပႆနာ၏ ဆိုလိုရင္းကို ေတြးျမင္ၾကည့္ႏိုင္ၾကပါသည္။ “ႏိုင္ငံေတာ္အစိုးရက
ေငြစကၠဴေတြ ထုတ္ေဝတဲ့အခါ ျပည္သူေတြ တြက္ခ်က္ သုံးစြဲရလြယ္ကူေအာင္ သတ္မွတ္ရပါတယ္။ ျမန္မာေငြစကၠဴေတြရဲ႕ ေငြေၾကးသတ္မွတ္ခ်က္ဟာ (အလြန္ပဲ) ထူးဆန္းေနပါတယ္။ ဆရာႀကီးေျပာခ်င္တာ ဒီအခ်က္ပဲလို႔ ထင္ပါတယ္” ဟု ေက်ာင္းသားတစ္ေယာက္ ေျပာသည္ကို အားလုံးဝိုင္း၍ ေထာက္ခံၾက၏။ ပါေမာကၡႀကီး
အိုႏိုက ၿပဳံးလိုက္သည္။ “ႏိုင္ငံတစ္ခု၊ စီးပြားေရးေကာ္ပိုေရးရွင္းႀကီးတစ္ခုကို စီမံခန႔္ခြဲရာမွာ မင္းတို႔ သင္ၾကားခဲ့သမွ် သီအိုရီေတြ၊ လုပ္ထုံးလုပ္နည္းေတြနဲ႔ လုံးဝမဆိုင္တဲ့ အုပ္ခ်ဳပ္ေရးနည္းလမ္းကို ဆရာေျပာျပမယ္၊ ေသေသခ်ာခ်ာ နားေထာင္ၾကေပေတာ့” ဟု ဆရာႀကီးက နိဒါန္းပ်ိဳးလိုက္သည္။ “အဲဒါကေတာ့ ျမန္မာလူမ်ိဳးအေတာ္မ်ားမ်ား
ယုံၾကည္ၾကတဲ့ ‘ယၾတာ’ ဆိုတာပဲ ျဖစ္ပါတယ္။ ယၾတာရဲ႕သေဘာကို အတိုခ်ဳပ္ေျပာရရင္ နကၡတ္တာရာ ၿဂိဳဟ္အသြားအလာေတြကို ၾကည့္ၿပီး ကိုယ္ျဖစ္ေစခ်င္တဲ့ အေကာင္းအဆိုးကို အေဆာင္လက္ဖြဲ႕ေတြနဲ႔ စီမံၾကတဲ့ ႐ိုးရာယုံၾကည္မႈပဲ။
ဥပမာဆိုရင္၊ တို႔ဂ်ပန္ေတြရဲ႕ ‘တဲ႐ူတဲ႐ုဘိုဇို’ လိုေပါ့။” (ဂ်ပန္ႏိုင္ငံတြင္ ေန႔တိုင္းမိုး႐ြာေနလွ်င္ မိုးစဲ၍ ေနသာေအာင္ တဲ႐ုတဲ႐ု ဘိုဇို ေခၚ အဝတ္႐ုပ္ေလး လုပ္၍ ခ်ိတ္ဆြဲေသာ ဂ်ပန္ေရွး႐ိုးအယူရွိသည္။ အေဆာင္လက္ဖြဲ႕၊ ယၾတာ သေဘာမ်ိဳးပင္ ျဖစ္ပါသည္။) “ျမန္မာအာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးကေတာ့ တရားလြန္အယူသည္းပါတယ္။
၁၉၈၆ ခုႏွစ္မွာ သူအသက္ ၇၅ ႏွစ္ျပည့္တဲ့ အထိမ္းအမွတ္အေနနဲ႔ တစ္ခါမွ မရွိဖူးေသးတဲ့ ၇၅ က်ပ္တန္ကို ထုတ္ေဝလိုက္တယ္။ သူက ၉ ဂဏန္းကိုလည္း အလြန္ႏွစ္သက္ေလေတာ့ ေနာက္ထပ္ ၉၀ က်ပ္တန္၊ ၄၅ က်ပ္တန္ေတြလည္း ထုတ္ေဝတယ္။” ဟု ပါေမာကၡ အိုႏိုက ဆက္လက္ ရွင္းျပသည္။ ေက်ာင္းသားမ်ားက
ျပန္လွန္ေမးခြန္းထုတ္ၾကသည္။ “ဒါျဖင့္ ၁၅ က်ပ္တန္၊ ၃၅ က်ပ္တန္နဲ႔ ၇၅ က်ပ္တန္ေတြကေရာ ဆရာႀကီး” ဟု ေမးၾကရာ “သူက ၅ ဂဏန္းနဲ႔ အဆုံးသတ္တာလည္း ႀကိဳက္သတဲ့။ ၿပီးေတာ့ သူ႔ေဗဒင္ဆရာေတြ အႀကံေပးတဲ့ ဂဏန္းေတြကို ေ႐ြးတာလို႔ သိရတယ္” ဟူေသာ ဆရာႀကီး၏ အေျဖေၾကာင့္ ဂ်ပန္ေက်ာင္းသားမ်ား
ဆက္၍ စဥ္းစားႀကံဆၾက၏။ “အဲဒီလို ထူးဆန္းတဲ့ ေငြစကၠဴေတြ ႐ိုက္ႏွိပ္ထုတ္ေဝေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ဘယ္လို ထူးျခားေကာင္းမြန္လာပါသလဲ” ဟု စိတ္ဝင္တစားေမးၾကသည္။ “အို… တိုင္းသူျပည္သားေတြ သိပ္ဒုကၡ ေရာက္ခဲ့ၾကတာေပါ့။ တြက္ခ်က္ရတာ ခက္ခဲလို႔ အမွားအယြင္းေတြ ျဖစ္ၾကတယ္။
စဥ္းစားၾကည့္ေလ၊ ၁၀၀ တန္ ၁၇ ႐ြက္ဆိုရင္ ၁၇၀၀ လို႔ ခ်က္ခ်င္းသိေပမဲ့ ၇၅ က်ပ္တန္ ၁၇ ႐ြက္ကို တြက္ရတာ မခက္ဘူးလား” ဟု ဆရာႀကီး၏စကားကို အားလုံးေခါင္းညိတ္ ေထာက္ခံၾက၏။ “ပိုဆိုးတာက တိုင္းျပည္မွာ လည္ပတ္သုံးစြဲေနတဲ့ ေငြေၾကးပမာဏထက္ အဆမတန္မ်ားျပားတဲ့ ေငြစကၠဴသစ္ေတြကို မစဥ္းမစား ႐ိုက္ႏွိပ္ထုတ္ေဝလိုက္ေတာ့
ေငြေဖာင္းပြမႈ အလြန္မ်ားျပားလာခဲ့တယ္။
ကုန္ေဈးႏႈန္းေတြ ေၾကာက္ခမန္းလိလိ တက္လာတယ္။ ျပည္သူလူထုဟာ မႀကဳံစဖူး စားဝတ္ေနေရး ခက္ခဲလာၿပီး တစ္ျပည္လုံး မေက်မနပ္ ေပါက္ကြဲလုဆဲဆဲ ျဖစ္လာေတာ့ တာပဲ။ ဒီလို အေျခအေနကို ကုစားဖို႔အတြက္ အာဏာရွင္ ေနဝင္းဟာ နည္လမ္းတစ္မ်ိဳး ထုတ္သုံးလိုက္ျပန္တယ္။
ဘယ္လို လုပ္မယ္ထင္သလဲ” ဟု ဆရာႀကီးက ေမးခြန္းထုတ္လိုက္၏။ ေက်ာင္းသားမ်ားက သူတို႔ သင္ယူခဲ့သမွ် ဘ႑ာေရးနည္းလမ္းမ်ားကို ေျဖၾကသည္။ ပါေမာကၡႀကီး အိုႏိုက ၿပဳံးလိုက္ၿပီး “တစ္ခုမွ မဟုတ္ဘူး” ဟု တုံးတိတိ ေျဖလိုက္၏။ “၁၉၈၇ ခုႏွစ္မွာ အဲဒီ ေငြစကၠဴေတြကို တရားမဝင္ ေၾကညာၿပီး ဖ်က္သိမ္းလိုက္တာပဲ” ဟူေသာ
အေျဖေၾကာင့္ အားလုံး ဟာကနဲ အံ့ဩသြားေတာ့၏။ “ျပည္သူေတြလက္ထဲက ေငြေၾကးေတြဟာ ေန႔ခ်င္းညခ်င္း စကၠဴစုတ္လို တန္ဖိုးလုံးဝ မရွိေတာ့ဘူး။ အဲဒီကစၿပီး လူထုမေက်နပ္မႈေတြ ႀကီးထြားလာၿပီး ၁၉၈၈ ခုႏွစ္မွာ ျမန္မာတစ္ျပည္လုံး အုံႂကြေတာ္လွန္တဲ့
လူထုအေရးေတာ္ပုံႀကီး ေပၚေပါက္လာတယ္။စစ္တပ္ကအာဏာသိမ္းၿပီးအာဏာရွင္ေနဝင္းရဲ႕ ဆိုရွယ္လစ္အစိုးရ ျပဳတ္က်သြားတာပဲ” ဟု ဆရာႀကီး၏ ေျပာၾကားခ်က္ေၾကာင့္ ေက်ာင္းသားမ်ား ေတြေဝသြား၏။ ျမန္မာလူမ်ိဳးမ်ား ယုံၾကည္ေသာ ေဗဒင္ယၾတာသည္ တိုင္းျပည္ကို ေကာင္းက်ိဳးမေပးသည့္အျပင္ ေခါင္းေဆာင္ႀကီးႏွင့္
သူ႔အစိုးရပင္ ျပဳတ္က်သြားသည္ မဟုတ္လား။ ပါေမာကၡႀကီး အိုႏိုက ေက်ာင္းသားမ်ားကို ေစ့ေစ့ၾကည့္ၿပီး ယခုမွ အေရးႀကီးေသာေမးခြန္းကို ေမးမည္ဟု ဆိုလိုက္၏။ တိုင္းျပည္ဆူပူအုံႂကြၿပီး ၂၆ ႏွစ္သက္တမ္းရွိ အစိုးရျပဳတ္က်သြားရေသာ အေၾကာင္းကို ေမးခြန္းထုတ္လိုက္သည္။ေက်ာင္းသားအားလုံး၏ အေျဖကို ၿခဳံလိုက္လွ်င္
အျခား ႏိုင္ငံေရး၊ စီးပြားေရးအျပင္ လက္ေတြ႕သုံးစြဲရခက္ခဲၿပီး အဓိပၸာယ္မရွိေသာ ေငြစကၠဴမ်ားကို ထုတ္ေဝျခင္းေၾကာင့္ဟု ထင္ျမင္ယူဆၾက၏။“ေအး… မင္းတို႔ရဲ႕ အေျဖက မွန္သလိုလိုေပမဲ့ တကယ့္အေၾကာင္းရင္း မဟုတ္ေသးဘူး။ တကယ္ေတာ့
အဲဒီလို အဓိပၸာယ္မရွိတဲ့ လုပ္ရပ္ေတြကို တားဆီး ထိန္းေက်ာင္းႏိုင္တဲ့ စနစ္မရွိလို႔ပဲ” ဟု ဆရာႀကီးက ေျဖၾကားရင္း ေက်ာင္းသားတစ္ေယာက္ကို လက္ညႇိဳးထိုးကာ “တာနာကာ၊ မင္းသာ ဘ႑ာေရးဝန္ႀကီးဆိုရင္ ဝန္ႀကီးခ်ဳပ္က သူ႔ေမြးသကၠရာဇ္အထိမ္းအမွတ္ ယန္း ၁၉၆၀ တန္ ေငြစကၠဴထုတ္ဖို႔ အမိန႔္ေပးတဲ့အခါ မင္းဘာလုပ္မလဲ” ဟု ေမးလိုက္၏။ တာနာကာကလည္း “မလုပ္ႏိုင္ဘူးလို႔ ျငင္းမွာေပါ့” ဟု မဆိုင္းမတြ
ျပန္ေျဖသည္။ “မရဘူး၊ လုပ္ကိုလုပ္ရမယ္လို႔ အတင္းခိုင္းရင္ေကာ” ဟု ဆရာႀကီးက ဆက္ေမးရာ “ရာထူးကႏုတ္ထြက္မယ္၊ ဒီလို ႐ူးေၾကာင္ေၾကာင္ အဓိပၸာယ္ မရွိတာကို လုပ္မယ့္အစား ဟာရာကီရိ (ကိုယ့္ဝမ္းဗိုက္ကို ဓားႏွင့္ခြဲ၍ သတ္ေသျခင္း)သာ လုပ္လိုက္ပါမယ္ဆရာ” ဟု တာနာကာက ျပတ္သားစြာ ေျဖ၏။ “ေအး…အဲဒါပဲ။ ဒီမိုကေရစီစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ ေခတ္မီႏိုင္ငံေတြမွာ သမၼတ၊ ဝန္ႀကီးခ်ဳပ္က လုပ္ခ်င္တိုင္း ေလွ်ာက္လုပ္လို႔မရေအာင္ အဆင့္ဆင့္ ထိန္းၾကပ္ထားတယ္။သမၼတ၊ ဝန္ႀကီးခ်ဳပ္က အမိန႔္နဲ႔ ခိုင္းရင္လည္း တာနာကာလို ဂုဏ္သိကၡာရွိတဲ့ ဝန္ႀကီးက ျငင္းမွာပဲ။ ဘ႑ာေရး ဝန္ႀကီးက
ေခါင္းညိတ္ရင္ေတာင္ ကက္ဘိနက္ ဝန္ႀကီးအဖြဲ႕က ဒီလို အဓိပၸာယ္မရွိတဲ့ လုပ္ရပ္ကို ဝိုင္းကန႔္ကြက္ ၾကမွာေပါ့။”“ဝန္ႀကီးအဖြဲ႕က သေဘာတူရင္လည္း ဒီကိစၥကို ျပည္သူ႔လႊတ္ေတာ္ တင္ျပဆုံးျဖတ္ရမယ္ေလ။ ဒါမ်ိဳး ႐ူးေၾကာင္ေၾကာင္ ေငြစကၠဴထုတ္ေဝမယ့္အဆိုကို အတိုက္အခံပါတီသာမကဘူး၊ ကိုယ့္ပါတီက အမတ္ေတြေတာင္
အျပင္းအထန္ကန႔္ကြက္ၾကလိမ့္မယ္။အတိုက္အခံဘက္က အစိုးရအေပၚ အယုံအၾကည္မရွိ အဆိုတင္လို႔ မဲခြဲတာ ႏိုင္သြားရင္ အစိုးရသာ ျပဳတ္က်သြားမယ္၊ အဲဒီလို ႐ူးေၾကာင္ေၾကာင္ ေငြစကၠဴေတာ့ ဘယ္ေသာအခါမွ ထြက္လာမွာ မဟုတ္ဘူး” ဟု ပါေမာကၡႀကီး အိုႏိုက ရွည္ရွည္လ်ားလ်ား ရွင္းျပလိုက္၏။“မင္းတို႔ေတြ တစ္ေန႔မွာ
အစိုးရေခါင္းေဆာင္၊ ကုမၸဏီ စီအီးအို၊ ေကာ္ပိုေရးရွင္းဥကၠ႒စတဲ့ ရာထူးႀကီးေတြတာဝန္ယူရတဲ့အခါ အဲဒါကို ၾကပ္ၾကပ္သတိထားပါ။အဆင့္ဆင့္ ထိန္းၾကပ္ထားတာေတြကိုေက်ာ္ၿပီး စည္းကမ္းေဖာက္ရင္ဒုကၡေရာက္လိမ့္မယ္။ငါအာဏာအရွိဆုံးဆိုၿပီး ထင္ရာလုပ္လို႔ တိုင္းျပည္ပ်က္မတတ္ျဖစ္ရတာျမန္မာျပည္ကိုၾကည့္ေပေတာ့၊
စနစ္သာအေရးအႀကီးဆုံး”ဟု ပါေမာကၡႀကီး အိုႏိုက နိဂုံးခ်ဳပ္လိုက္ပါေတာ့သည္။(ဝတၳဳတို အစမ္းေရးၾကည့္တာမို႔ အားမနာတမ္း ေဝဖန္အႀကံေပးၾကပါခင္ဗ်ာ။ ဆိုးသည္ျဖစ္ေစ ေကာင္းသည္ ျဖစ္ေစ အားလုံးကို အေလးအနက္ စဥ္းစားပါမယ္။ ဆုံးေအာင္ ဖတ္ေပးလို႔ ေက်းဇူးပါ။) ဆိုၿပီး ေျပာျပထားခ်က္အား ဗဟုသုတအျဖစ္ ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါသည္။
Source: Min Myat Maung



