ခုလိုခ်ိန္မွာ ေက်ာင္းမတက္တဲ့ ကေလးေတြအတြက္ အေကာင္းဆုံး ျပင္ဆင္ထားရမည့္အရာ..
ဒီလိုသာ ေက်ာင္းေတြ မေနရ ဘဲျဖစ္ေနရင္၊ ကေလးေတြ အသက္ေတြႀကီးၿပီး အ႐ြယ္လြန္ကုန္မွာ စိုးတယ္ ဆရာတဲ့။
စိတ္ သိပ္မပူပါနဲ႔၊ သားငယ္ သမီးငယ္တို႔ အတြက္ ပညာေရးေတြ ရပ္တန႔္ေန ခ်ိန္မွာ
အေကာင္းဆုံးျပင္ဆင္ ထားသင့္တာ ကေတာ့ မရွိမျဖစ္ core subjects ေတြျဖစ္တဲ့
အဂၤလိပ္စာနဲ႔ သခ်ၤာ ဒီႏွစ္ဘာသာကို ေသခ်ာသင္ ထားပါ။ က်န္တာေတြ အတြက္ ဗဟုသုတျဖစ္စရာ စာေပေတြဖတ္ခိုင္းပါ။
ခုလိုခ်ိန္မွာ ေက်ာင္းမတက္တဲ့ ကေလးေတြအတြက္ အေကာင္းဆုံး ျပင္ဆင္ထားရမည့္အရာ – White Sone
အင္တာနက္ မရွိရင္လည္း နီးစပ္ရာ ဆရာ၊ ဆရာမေတြ စုငွါးၿပီး ေလးငါးေယာက္စုၿပီး သင္ထားေစခ်င္တယ္။ အခ်ိန္သိပ္ မေ႐ြးပါနဲ႔၊
အခ်ိန္သိပ္ မေစာင့္ ပါနဲ႔။ အတန္းပညာ တက္ရဖို႔ထက္ ကေလးေတြအတြက္ စဥ္ဆက္ မျပတ္ သင္ယူေလ့လာႏိုင္ ဖို႔က အေရးႀကီးပါ တယ္။
ေနာက္တစ္ခုက အရည္အခ်င္းပါ။ အရည္အခ်င္းကို ဦးစားေပးပါ။
ဆႏၵမေစာပါနဲ႔၊ သင္ခန္းစာၿပီးဖို႔ အဓိကမထားပါနဲ႔။ အလြတ္က်က္ တာေတြ အားမေပး ပါနဲ႔။
စဥ္းစား ဉာဏ္ကို ဦးစားေပးပါ၊ ျဖန႔္ထြက္ေတြး တတ္ေအာင္ သင္ယူ ခိုင္းပါ။
အ႐ြယ္နဲ႔ ေလ့လာမႈက မွ်တဖို႔လိုပါတယ္။ ဥပမာဆိုရရင္ အသက္ ၁၀ ႏွစ္ကေလးဆိုရင္
၁၀ ႏွစ္နဲ႔ ညီတဲ့ Level အဆင့္ ရွိေန ရပါမယ္။ ဘာသာစကား သခ်ၤာ ဉာဏ္ရည္ အေရးႀကီးပါတယ္။
ခုလိုခ်ိန္မွာ ေက်ာင္းမတက္တဲ့ ကေလးေတြအတြက္ အေကာင္းဆုံး ျပင္ဆင္ထားရမည့္အရာ – White Sone
ၿပီးေတာ့ ေစာေစာ ကေျပာသလို ျပင္ပ ဗဟုသုတ စာေပစုံ ဖတ္မွတ္ ခိုင္းပါ။ တစ္ခ်ိန္မွာ ဖက္ဒရယ္ပညာေရး ျဖစ္လာရင္
အတန္းပညာ ထက္ အရည္အခ်င္းကို ဦးစားေပးမယ့္ Standardization
စံသတ္မွတ္ခ်က္ စာေမးပြဲလို မ်ိဳးေတြ အ႐ြယ္ ကိုၾကည့္ၿပီး စစ္တာမ်ိဳး ျဖစ္လာလိမ့္မယ္
ဥပမာ ကေလးက High school ၿပီးတဲ့ အ႐ြယ္ဆိုပါစို႔။ ေကာလိပ္တက္ႏိုင္ဖို႔ အရည္အခ်င္းျပည့္မီ မမီကို
ေအာင္ လက္မွတ္ေတာင္းၿပီး ၾကည့္စစ္ တာမ်ိဳး မဟုတ္ေတာ့ဘဲ၊ College admission tests လိုမ်ိဳး ဝင္ခြင့္စာေမးပြဲေတြ လာပါလိမ့္မယ္။
အစိုးရပညာေရး ဝန္ႀကီးဌာနဆိုတာက ေအာင္လက္မွတ္ေပးတဲ့ အဖြဲ႕အစည္းမဟုတ္ေတာ့ဘဲ
ပဲ့ကိုင္ထိန္း႐ုံ လုပ္မယ့္အဖြဲ႕အစည္းအေနနဲ႔ပဲ ရွိေတာ့မွာပါ။စာေမးပြဲရာသီေတြ Intake ေက်ာင္းဖြင့္ခ်ိန္ေတြက
တစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္ မတူႏိုင္သလို၊ Awarding body ေတြေပၚမွာမူတည္ၿပီး Semester ေတြ ကြဲျပားပါလိမ့္မယ္။
ေက်ာင္းေတြက ယခင္လို ဗဟိုခ်ဳပ္ကိုင္ ထိန္းခ်ဳပ္မႈမရွိေတာ့ဘဲ အရည္အခ်င္းစစ္၊ စံခ်ိန္မီ မမီ စစ္ေဆးမယ့္
အဖြဲ႕အစည္းေတြနဲ႔ အဆင့္သတ္မွတ္ခ်က္ (ranking) ေပးမယ့္အဖြဲ႕ေတြ ေပၚလာပါလိမ့္မယ္။
အဲ့အခ်ိန္က်ရင္ ေက်ာင္းေတြေ႐ြးရတာလည္း တစ္ဖက္က ပိုလြယ္လာသလို
မိဘေတြဘက္က ပညာေရးကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ သာလာပါလိမ့္မယ္။
ခုလိုခ်ိန္မွာ ေက်ာင္းမတက္တဲ့ ကေလးေတြအတြက္ အေကာင္းဆုံး ျပင္ဆင္ထားရမည့္အရာ – White Sone
ေလာေလာဆယ္ ကိုယ့္ဘက္က ျပင္ဆင္ ထားရမွာက အတန္းပညာေရး ထက္ အရည္ခ်င္းျပည့္မီေအာင္ပါပဲ။
မိဘ ကိုယ္တိုင္က ေသခ်ာ စူးစမ္းၿပီး ကေလးကို အဆင့္လိုက္ ျပင္ဆင္ႏိုင္ေအာင္ စီစဥ္သင့္ပါတယ္။
တစ္ခုပဲ အႀကံေပးခ်င္တာက စိတ္ေလာၿပီး တတ္ခ်င္လြန္း အားႀကီးၿပီး ကေလးကို မႏိုင္မနင္း တစ္ခုၿပီးတစ္ခု၊
တစ္ခ်ိန္ၿပီး တစ္ခ်ိန္၊ အနားမေပးဘဲ သင္ယူေနတာမ်ိဳး မလုပ္မိပါေစနဲ႔။
အိုးနဲ႔ ဆန္ တန္႐ုံပဲေကာင္ းပါတယ္၊ မွန္ကန္တဲ့ ျပဳစု ပ်ိဳးေထာင္မႈ မ်ိဳးက အေရးႀကီးပါတယ္။
အပင္ျမန္ျမန္ႀကီး ခ်င္တာနဲ႔ ခဏခဏ အဆက္မျပတ္ ေရေလာင္းေနလို႔မွ မရတာ။
Credit – NwayOo Wutt Hmone
Unicode,
ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ..
ဒီလိုသာ ကျောင်းတွေ မနေရ ဘဲဖြစ်နေရင်၊ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ စိုးတယ် ဆရာတဲ့။
စိတ် သိပ်မပူပါနဲ့၊ သားငယ် သမီးငယ်တို့ အတွက် ပညာရေးတွေ ရပ်တန့်နေ ချိန်မှာ
အကောင်းဆုံးပြင်ဆင် ထားသင့်တာ ကတော့ မရှိမဖြစ် core subjects တွေဖြစ်တဲ့
အင်္ဂလိပ်စာနဲ့ သင်္ချာ ဒီနှစ်ဘာသာကို သေချာသင် ထားပါ။ ကျန်တာတွေ အတွက် ဗဟုသုတဖြစ်စရာ စာပေတွေဖတ်ခိုင်းပါ။
ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ – White Sone
အင်တာနက် မရှိရင်လည်း နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး လေးငါးယောက်စုပြီး သင်ထားစေချင်တယ်။ အချိန်သိပ် မရွေးပါနဲ့၊
အချိန်သိပ် မစောင့် ပါနဲ့။ အတန်းပညာ တက်ရဖို့ထက် ကလေးတွေအတွက် စဉ်ဆက် မပြတ် သင်ယူလေ့လာနိုင် ဖို့က အရေးကြီးပါ တယ်။
နောက်တစ်ခုက အရည်အချင်းပါ။ အရည်အချင်းကို ဦးစားပေးပါ။
ဆန္ဒမစောပါနဲ့၊ သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက် တာတွေ အားမပေး ပါနဲ့။
စဉ်းစား ဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက်တွေး တတ်အောင် သင်ယူ ခိုင်းပါ။
အရွယ်နဲ့ လေ့လာမှုက မျှတဖို့လိုပါတယ်။ ဥပမာဆိုရရင် အသက် ၁၀ နှစ်ကလေးဆိုရင်
၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေ ရပါမယ်။ ဘာသာစကား သင်္ချာ ဉာဏ်ရည် အရေးကြီးပါတယ်။
ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ – White Sone
ပြီးတော့ စောစော ကပြောသလို ပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ် ခိုင်းပါ။ တစ်ချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင်
အတန်းပညာ ထက် အရည်အချင်းကို ဦးစားပေးမယ့် Standardization
စံသတ်မှတ်ချက် စာမေးပွဲလို မျိုးတွေ အရွယ် ကိုကြည့်ပြီး စစ်တာမျိုး ဖြစ်လာလိမ့်မယ်
ဥပမာ ကလေးက High school ပြီးတဲ့ အရွယ်ဆိုပါစို့။ ကောလိပ်တက်နိုင်ဖို့ အရည်အချင်းပြည့်မီ မမီကို
အောင် လက်မှတ်တောင်းပြီး ကြည့်စစ် တာမျိုး မဟုတ်တော့ဘဲ၊ College admission tests လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။
အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘဲ
ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။စာမေးပွဲရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေက
တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body တွေပေါ်မှာမူတည်ပြီး Semester တွေ ကွဲပြားပါလိမ့်မယ်။
ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင် ထိန်းချုပ်မှုမရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့်
အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက် (ranking) ပေးမယ့်အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။
အဲ့အချိန်ကျရင် ကျောင်းတွေရွေးရတာလည်း တစ်ဖက်က ပိုလွယ်လာသလို
မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့် သာလာပါလိမ့်မယ်။
ခုလိုချိန်မှာ ကျောင်းမတက်တဲ့ ကလေးတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားရမည့်အရာ – White Sone
လောလောဆယ် ကိုယ့်ဘက်က ပြင်ဆင် ထားရမှာက အတန်းပညာရေး ထက် အရည်ချင်းပြည့်မီအောင်ပါပဲ။
မိဘ ကိုယ်တိုင်က သေချာ စူးစမ်းပြီး ကလေးကို အဆင့်လိုက် ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။
တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်း အားကြီးပြီး ကလေးကို မနိုင်မနင်း တစ်ခုပြီးတစ်ခု၊
တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲ သင်ယူနေတာမျိုး မလုပ်မိပါစေနဲ့။
အိုးနဲ့ ဆန် တန်ရုံပဲကောင် းပါတယ်၊ မှန်ကန်တဲ့ ပြုစု ပျိုးထောင်မှု မျိုးက အရေးကြီးပါတယ်။
အပင်မြန်မြန်ကြီး ချင်တာနဲ့ ခဏခဏ အဆက်မပြတ် ရေလောင်းနေလို့မှ မရတာ။
Credit – NwayOo Wutt Hmone



