ၾကားသိရသမွ်

ဈးမီးပြိဳင့္ ယာဥ္ထိန္း႐ုံးေရွ႕

ေတာင္ႀကီးၿမိဳ႕ ေဈးမီးပြိဳင့္ ယာဥ္ထိန္း႐ုံးေရွ႕ ဗုံးေပါက္ ယာဥ္ထိန္း (၂)ဦး ထိခိုက္ဒဏ္ရာရ၊ ဒဏ္ရာျပင္းထန္လို႔ စိုးရိမ္ရတဲ့အေျခအေနမွာရွိ

C8 News

ရန္ကုန္၊ဇြန္ (၂၄)

ရွမ္းျပည္နယ္၊ တာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္လမးက ေဈးပြိဳင့္မီးပြိဳင့္ယာဥ္ထိန္း႐ုံးေရွ႕မွာ ဒီေန႔ ေန႔လယ္ပိုင္းက

ဗုံးေပါက္ကြဲခဲ့လို႔ ယာဥ္ထိန္းရဲႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ဒီေန႔ ေန႔လယ္ (၂) နာရီက ေတာင္ႀကီးၿမိဳ႕၊ ေဈးပိုင္းရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမေပၚက ေဈးမီးပြိဳင့္ယာဥ္ထိန္း႐ုံးေရွ႕ရွိ

ပန္းခုံမွာ ဗုံးေပါက္ခဲ့တာျဖစ္တယ္လို႔ ၿမိဳ႕ခံတစ္ဦးက C8 News ကို ေျပာပါတယ္။

“ဗုံးေပါက္တဲ့အခ်ိန္ ထြက္ေျပးခ်ိန္မရလိုက္ဘူး လူတျခားစကားေျပာစက္တျခား ျဖစ္ကုန္တာ ေသမေသေတာ့မသိဘူး”လို႔ ေျပာပါတယ္။

ဗုံးေပါက္ကြဲမႈမွာ မွန္ကန္ၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕က တပ္ၾကပ္ႀကီးတစ္ဦးနဲ႔ တပ္သားတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔

အုပ္ခ်ဳပ္ေရးနဲ႔နီးစပ္သူတစ္ဦးက C8 News ကို ေျပာပါတယ္။

“ဒဏ္ရာကေတာ့ ျပင္းထန္တယ္ အခုပဲ စစ္စံထြန္းေဆး႐ုံကို ပို႔လိုက္ရတယ္ အေျခအေနမေကာင္းဘူး”လို႔ ေျပာပါတယ္။

လက္တေလာမွာ ေတာင္ႀကီးၿမိဳ႕ေပၚက လမ္းဆုံေတြမွာစစ္တပ္နဲ႔ရဲေတြဟာ ကားေတြနဲ႔ဆိုင္ကယ္ေတြကို

ရွာေဖြစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလ(၂၀)ရက္ေန႔မွာ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေဈးမီးပြိဳင့္နားမွာ ဗုံးေပါက္ကြဲခဲ့လို႔ လူႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါေသးတယ္။

Unicode,

တောင်ကြီးမြို့ ဈေးမီးပွိုင့် ယာဉ်ထိန်းရုံးရှေ့ ဗုံးပေါက် ယာဉ်ထိန်း (၂)ဦး ထိခိုက်ဒဏ်ရာရ၊ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့အခြေအနေမှာရှိ

C8 News

ရန်ကုန်၊ဇွန် (၂၄)

ရှမ်းပြည်နယ်၊ တာင်ကြီးမြို့ ဗိုလ်ချုပ်လမးက ဈေးပွိုင့်မီးပွိုင့်ယာဉ်ထိန်းရုံးရှေ့မှာ ဒီနေ့ နေ့လယ်ပိုင်းက

ဗုံးပေါက်ကွဲခဲ့လို့ ယာဉ်ထိန်းရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် (၂) နာရီက တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က ဈေးမီးပွိုင့်ယာဉ်ထိန်းရုံးရှေ့ရှိ

ပန်းခုံမှာ ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက C8 News ကို ပြောပါတယ်။

“ဗုံးပေါက်တဲ့အချိန် ထွက်ပြေးချိန်မရလိုက်ဘူး လူတခြားစကားပြောစက်တခြား ဖြစ်ကုန်တာ သေမသေတော့မသိဘူး”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုမှာ မှန်ကန်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့

အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက C8 News ကို ပြောပါတယ်။

“ဒဏ်ရာကတော့ ပြင်းထန်တယ် အခုပဲ စစ်စံထွန်းဆေးရုံကို ပို့လိုက်ရတယ် အခြေအနေမကောင်းဘူး”လို့ ပြောပါတယ်။

လက်တလောမှာ တောင်ကြီးမြို့ပေါ်က လမ်းဆုံတွေမှာစစ်တပ်နဲ့ရဲတွေဟာ ကားတွေနဲ့ဆိုင်ကယ်တွေကို

ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ(၂၀)ရက်နေ့မှာ တောင်ကြီးမြို့ မြို့မဈေးမီးပွိုင့်နားမှာ ဗုံးပေါက်ကွဲခဲ့လို့ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။