ယောက်ျားချင်း အဓမ္မပြုကျင့် ချစ်ကြိုက်တယ်လို့ နာမည်ကျော်နေတဲ့ ဝတ္ထုကို နေပူလယ်ခေါင်မှာ လာရောက် တိုးဝှေ့တန်းစီ ဝယ်သူသူ များပြားနေ (ဧပြီ ၃ )
ယောက်ျားချင်း အဓမ္မပြုကျင့်ရာမှ ချစ်ကြိုက်တယ်လို့ နာမည်ကျော်နေတဲ့ ဝတ္ထုကို နေပူလယ်ခေါင်မှာ လာရောက် တိုးဝှေ့တန်းစီ ဝယ်သူသူ များပြားနေကြောင်း အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။
အဆိုပါဝတ္ထုမှာ My Possessive Step Bro လို့ နာမည်ပေးပြီး အမျိုးသားဇာတ်ကောင်နှစ်ဦးအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။
အမျိုးသားဇာတ်ကောင်တစ်ဦးမှ အခြားတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားကြပုံကို ရေးဖွဲ့ထားတာဖြစ်ပြီး အခုလိုအဓမ္မပြုကျင့်မှုအကြောင်းကို အချစ်ဇာတ်လမ်းသဖွယ် ဖန်တီးမှုကြောင့် အွန်လိုင်းလူမှုကွန်ရက်မှာ ဝေဖန်မှု များပြားနေတာဖြစ်ပါတယ်။
ဝတ္ထုကို ဒီနေ့ ဧပြီ ၃ ရက် မန္တလေးမှာ မနက် ၁၁ နာရီကစကာ အရောင်းပွဲတော်ကျင်းပပြီး စတင်ရောင်းချတာရာ အမျိုးသမီးငယ်အများစုတန်းစီပြီး လုယက်ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
စာအုပ်တန်ဖိုးမှာ ၈,၀၀၀ ကျပ်ဖြစ်ပေမယ့် လူငှားနဲ့တန်းစီခိုင်းပြီး ၁၀,၀၀၀ ကျပ်အထိပေးကာ ဝယ်ယူမှုတွေရှိတယ်လို့လည်း ကြားသိရပါတယ်။ Source-NationPostMyanmar