ၾကားသိရသမွ်

“မြေ ၁၂ ဧက ထဲက ၃ ဧက လှူထားတာကို မကျေနပ်သေးဘဲ ကျန်မြေတွေကိုပါ အပိုင်လိုချင်လို့ အလှူရှင်ကို တရားစွဲတဲ့ ဆရာတော်”

“မြေ ၁၂ ဧက ထဲက ၃ ဧက လှူထားတာကို မကျေနပ်သေးဘဲ ကျန်မြေတွေကိုပါ အပိုင်လိုချင်လို့ အလှူရှင်ကို တရားစွဲတဲ့ ဆရာတော်”

ပြင်ဦးလွင်မြို့မှ သီတင်းသုံးတော်မူကြသော ရပ်ကျေးဥက္ကဌ ဆရာတော်များ မြို့နယ် သံဃာ့နာယက ဆရာတော်များ ဘုရား။

ဒီမြေ လူဒါန်းမူ ကိစ္စဟာ နှစ်အတော်လည်း ကြာပြီ ဖြစ်သလို အရှင်ဘုရားတို့ အနေနဲ့လည်း သိတော်မူပြီးကြ​ပြီလို့ တပည့်တော် ယူဆပါတယ် ဘုရား။

ခု နောက်တစ်ကြိမ် အသိပေး လျှောက်ထားပါရစေ ဘုရား။ အလှူရှင်ကတော့ တပည့်တော် တင်ထားတဲ့ ဓာတ်ပုံထဲမှ အလှူရှင် ဦးဇင်းဉီးကေလာသပါ ဘုရား။

ခုတော့ ပြန်လွန်တော် မူသွားပါပြီ ဘုရား။ နောက်တစ်ယောက်ကတော့ ဦးဇင်း ဦးကေလသ လူ့ဘဝက တော်စပ်ခဲ့တဲ့ အမျိုးသမီးပါ ဘုရား။ အဖွားလည်း ဆုံးသွားတာ ကြာပါ​ပြီ ဘုရား။

နောက်တစ်ပါးကတော့ အလူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာတော် အရှင်စန္ဒာသိရီပါ ဘုရား။

တပည့်တော် လျှောက်ထားချင်တာကတေ့ာ ဒီဦးဇင်းနဲ့ ဒကာမက လှူဒါန်းခဲ့တဲ့ မြေအလှူ ကိစ္စလေးပါ ဘုရား။

တကယ်တော့ ဦးဇင်းတို့ မြေအကျယ်က ၁၂ ဧက ပါ။ အဲ့ဒီအထဲမှ တကယ်လှူဒါန်းခဲ့တာက ၃ ဧကပါ ဘုရား။

အဲ့ဒီနောက် အလှူခံပုဂ္ဂိုလ် ဆရာတော် အရှင်စန္ဒာသိရီက ဓမ္မဒီပဆိုတဲ့ ကျောင်းကို မြေအလှူရှင်​ ကျောင်းအလှူရှင်များနဲ့ ကျောင်းဆောက်ပြီး သီတင်းသုံး နေထိုင်တော်မူပါတယ်ဘုရား။

နောက် နှစ်အနည်းငယ်ကြာတော့ ဆရာတော် အရှင်စန္ဒာသိရီမှ မြေအလှူရှင်များကို တရားစွဲဆိုပါတယ် ဘုရား။

အဲ့ဒါကတော့ ခု သူ့ကို လှူဒါန်းတဲ့မြေတွေရော မလှူဒါန်းတဲ့ မြေတွေပါ ဆရာတော်ပိုင် ဖြစ်ပြီး အလှူရှင်တွေက သူ့ကျောင်းအတွင်းမှာ လာရောက် ကျူးကျော် နေထိုင်ပါတယ် ဆိုပြီး တရား စွဲဆိုပါတယ် ဘုရား။

တကယ်တော့ ဆရာတော် အရှင် စန္ဒာသိရီက အလူရှင်တွေ မသိအောင် ကျောင်းအနောက်နှင့် ဘေးက အလှူရှင်များ နေထိုင်တဲ့ အိမ်တွေကို မရှိသလိုလိုနဲ့ သစ်တောမှာ သာသနာ့မြေအဖြစ် သွားလျှောက်ပါတယ် ဘုရား။

ဒါကို သစ်တောကလည်း ကွင်းဆင်းပြီး စစ်ဆေးမှုမရှိဘဲ သာသနာ့မြေအဖြစ် ချပေးပါတယ်။ သာသနာ့မြေလည်း ကျရော အလှူရှင် မိသားစုကို သူ့ကျောင်းဝိုင်းအတွင်းမှာ နေထိုင်တယ်ဆိုပြီး မောင်းထုတ်ပါတယ်ဘုရား။

အရင်ကတော့ အလှူရှင် ဦးဇင်းဦးကေလာသနဲ့ အလှူရှင် ဒကာမကြီးတို့ မတိမ်းပါးခင် ကတည်းက တရာစွဲဆိုခဲ့တာပါ။

ခုသားသမီး / မြေးတွေ​လက်ထက်မှာ အမှုရူံးပြီး အပြင်ကို ဆွဲထုတ်ခံရပါတယ် ဘုရား။

အခု အလှူရှင်တွေကတော့ လမ်းဘေးကို ရောက်နေပါပြီ ဘုရား။ မြေလှူဒါန်းခဲ့တာလည်း အမှန်ပါ။ စာချုပ်စာတန်းလည်း ရှိပါတယ်။ သက်သေတွေလည်း ရှိပါတယ်။

တကယ်တော့ ဆရာတော် အရှင်စန္ဒာသိရီက လူအချို့နဲ့ ပေါင်းပီး အမှန်တရားကို အမှားဖြစ်အောင် လှည့်စားပြီး မလှူဒါန်းတဲ့ မြေတွေကို သူပိိုင်ပါတယ် ဆိုပြီး အလှူရှင် မိသားစုကိုတရားစွဲဆိုပါတယ် ဘုရား။

အမှု ဆိုတာကတော့ ငွေများရင်တရားနိုင်ဆိုတဲ့ စကားအတိုင်း ပေးနိုင် ကမ်းနိုင်ရင်တော့ အမှုကတော့ နိုင်ပါတယ် ဘုရား။

တပည့်တော် ပြောတာက တရားဥပဒေကို မလေးစားလို့ မဟုတ်ပါ။ ခုတော်တော်များများ ဖြစ်နေတာကို ပြောတာပါဘုရား။

တကယ်တော့ သံဃာတစ်ပါး အနေနဲ့ သာသနာ့မြေအဖြစ် လျှောက်တယ်ဆိုရင်တောင် လှူထားတဲ့ ၃ ဧက ကိုပဲ လျှောက်သင့်ပါတယ် ဘုရား။

ခုတော့ဆရာတော် အရှင်စန္ဒာသိရီက အလှူရှင်များ မသိအောင် ကျန် ၉ ဧကပါ သာသနာ့မြေအဖြစ် လျှောက် ပါတယ် ဘုရား။

အဲ့ဒါက သံဃာတစ်ပါး အနေနဲ့ ဘယ်လိုအပြစ်မျိုး ဖြစ်နိုင်ပါသလဲဘုရား။ အရှင်ဘရားတို့ အနေနဲ့ ပြန်လည် စီစစ်ပေးဖို့ လျှောက်ထားတောင်းပန်လိုပါတယ် ဘုရား။

အမှုရှုံးတယ် ဆိုပေမယ့် ဝိနစ္စယနဲ့တော့ ရှုံးမယ်လို့ တပည့်တော် မထင်ပါဘူး ဘုရား။ ဒါက တကယ် ဖြစ်နေတဲ့ ကိစ္စပါ။

လှူဒါန်းထားတဲ့စာချုပ်စာတန်းနဲ့ သက်သေအထောက်အထားတွေလည်း ရှိပါတယ် ဘုရား။

ဆရာတော်တို့အနေနဲ့ ရပ်​ကျေး ဆရာတော်များ မြို့နယ်သံဃာ့နာယက ဆရာတော်များမှ မြေအလှူရှင်များ အပေါ် သနားဂရုဏာ ရှေ့ထား၍ အမှုမှန် ပေါ်ပေါက်ရန် ပြန်လည် လက်ခံ စီစစ် ပေးသနားတော်မှုကြပါရန် ရတနာသုံးပါး ဂုဏ်​ကျေးဇူးကို ရည်မှန်းပီး လျှောက်ထားအပ်ပါသည် ဆရာတော်ဘုရားများ ဘုရား။

 

မြေအလှူရှင် ဦးဇင်းဦးကေလာသ