ၾကားသိရသမွ်

အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

MMA ကစားသမား မြန်မာ့စပါးအုံးလို့ လူသိများတဲ့ ကချင်လက်ဝှေ့သမား အောင်လ အန်ဆန်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို အတည်ပြုစစ်ဆေးတွေ့ရှိတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဒီလိုတင်ထားပါတယ် ။

Dear family and friends, I got tested for covid-19 on Monday and the result came back today and I am positive. So my family and I will be quarantining ourselves for the next 14 days. I had a slight fever, congestion, body ache and fatigue on the first two days. Besides that I am blessed that my whole family is doing well. We are really in this together and we will get over this.

ပြီးခဲ့တဲ့ တနင်္လာနေ့က ရောဂါပိုးရှိ မရှိစမ်းသပ်ခဲ့ပြီး မနေ့ကပဲ ရောဂါပိုးရှိတာ သေချာကြောင်း စစ်ဆေးတွေ့ရှိချက်ကို သိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူနဲ့သူ့မိသားစုက အိမ်ကနေ ဘယ်ကိုမှ မထွက်ပဲ ၁၄ရက် သီးသန့်နေထိုင်တော့မှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ရက်အတွင်း သူ့မှာ အဖျားအနည်းငယ်ရှိတယ်၊ အသက်ရှူ နည်းနည်းကြပ်တယ်။ ခန္ဓာကိုယ်ကိုက်ခဲတယ်။ ပင်ပမ်းနွမ်းနယ်တယ်။ ဒါတွေကလွဲပြီး သူတို့တမိသားစုလုံး ကောင်းကောင်းမွန်မွန်ရှိပါတယ် လို့လည်း အောင်လအန်ဆန်က သူ့ရဲ့Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း မေရီလန်းပြည်နယ်က ဘောလ်တီမိုးမြို့မှာ မိသားစုနဲ့အတူ နေထိုင်နေပါတယ်။

Photo: Aung La Nsang(Burmese Python)

ေအာင္လ အန္ဆန္မွာ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕

MMA ကစားသမား ျမန္မာ့စပါးအုံးလို႔ လူသိမ်ားတဲ့ ကခ်င္လက္ေဝွ႕သမား ေအာင္လ အန္ဆန္မွာ ကိုရိုနာဗိုင္းရပ္စ္ ရွိေနတာကို အတည္ျပဳစစ္ေဆးေတြ႕ရွိတယ္လို႔ သူ႔ရဲ့ Facebook စာမ်က္ႏွာမွာ ဒီလိုတင္ထားပါတယ္ ။

Dear family and friends, I got tested for covid-19 on Monday and the result came back today and I am positive. So my family and I will be quarantining ourselves for the next 14 days. I had a slight fever, congestion, body ache and fatigue on the first two days. Besides that I am blessed that my whole family is doing well. We are really in this together and we will get over this.

ၿပီးခဲ့တဲ့ တနလၤာေန႔က ေရာဂါပိုးရွိ မရွိစမ္းသပ္ခဲ့ၿပီး မေန႔ကပဲ ေရာဂါပိုးရွိတာ ေသခ်ာေၾကာင္း စစ္ေဆးေတြ႕ရွိခ်က္ကို သိရတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ သူနဲ႔သူ႔မိသားစုက အိမ္ကေန ဘယ္ကိုမွ မထြက္ပဲ ၁၄ရက္ သီးသန႔္ေနထိုင္ေတာ့မွာျဖစ္တယ္လို႔လည္းဆိုပါတယ္။ ၿပီးခဲ့တဲ့ ၂ရက္အတြင္း သူ႔မွာ အဖ်ားအနည္းငယ္ရွိတယ္၊ အသက္ရွူ နည္းနည္းၾကပ္တယ္။ ခႏၶာကိုယ္ကိုက္ခဲတယ္။ ပင္ပမ္းႏြမ္းနယ္တယ္။ ဒါေတြကလြဲၿပီး သူတို႔တမိသားစုလုံး ေကာင္းေကာင္းမြန္မြန္ရွိပါတယ္ လို႔လည္း ေအာင္လအန္ဆန္က သူ႔ရဲ့Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေအာင္လအန္ဆန္ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ျပည္ေထာင္စု အေရွ႕ျခမ္း ေမရီလန္းျပည္နယ္က ေဘာလ္တီမိုးၿမိဳ႕မွာ မိသားစုနဲ႔အတူ ေနထိုင္ေနပါတယ္။

Photo: Aung La Nsang(Burmese Python)