ဘုန်းကြီးကျောင်းအနီးမှာ ချိန်းတွေ့နေတဲ့သမီးရည်းစားစုံတွဲနှစ်ဦးကို လူတစ်စုမှ…See more
မန္တလေးတိုင်း မိတ္ထီလာမြို့အဝင်မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစားစုံတွဲကို ဒီနေ့ နေ့လယ်ပိုင်းက လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိတ္ထီလာမြို့အဝင်၊ မိတ္ထီလာကန်တောင်ဘက်၊ ကန်နောင်အုပ်စု ကန်သာအေးရွာ ဘုန်းကြီးကျောင်းအနီးမှာ ချိန်းတွေ့နေစဉ် အမည်မသိလူသုံးဦးက လာရောက်လုယက်တာဖြစ်ပြီး ပိုက်ဆံအိတ်နဲ့ ရွှေတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လုယက်ခံရသူတွေက အော်ဟစ်အကူအညီတောင်းတဲ့အတွက် လုယက်သူတွေက ဓားနဲ့ခုတ်ခဲ့ပြီး အမျိုးသမီးမှာ လက်တစ်ဖက် ပြတ်သွားတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့အတွက် လုယက်သူနှစ်ဦးကို ဖမ်းမိခဲ့ပြီး နောက်ထပ်တစ်ဦးကတော့ ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။ပြည်သူတွေက ဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လုယက်သူတွေကို ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဓာတၸဳံ၊ CJ
Credit
ဘုန္းႀကီးေက်ာင္းအနီးမွာ ခ်ိန္းေတြ႕ေနတဲ့သမီးရည္းစားစုံတြဲႏွစ္ဦးကို လူတစ္စုမွ…See more
မႏၲေလးတိုင္း မိတၳီလာၿမိဳ႕အဝင္မွာ ခ်ိန္းေတြ႕ေနတဲ့ သမီးရည္းစားစုံတြဲကို ဒီေန႔ ေန႔လယ္ပိုင္းက လုယက္ခံလိုက္ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
မိတၳီလာၿမိဳ႕အဝင္၊ မိတၳီလာကန္ေတာင္ဘက္၊ ကန္ေနာင္အုပ္စု ကန္သာေအး႐ြာ ဘုန္းႀကီးေက်ာင္းအနီးမွာ ခ်ိန္းေတြ႕ေနစဥ္ အမည္မသိလူသုံးဦးက လာေရာက္လုယက္တာျဖစ္ၿပီး ပိုက္ဆံအိတ္နဲ႔ ေ႐ႊေတြကို ယူေဆာင္သြားတယ္လို႔ ဆိုပါတယ္။
လုယက္ခံရသူေတြက ေအာ္ဟစ္အကူအညီေတာင္းတဲ့အတြက္ လုယက္သူေတြက ဓားနဲ႔ခုတ္ခဲ့ၿပီး အမ်ိဳးသမီးမွာ လက္တစ္ဖက္ ျပတ္သြားတယ္လို႔လည္း သတင္းရင္းျမစ္ေတြက ဆိုပါတယ္။
ေဒသခံေတြက ဝိုင္းဝန္းဖမ္းဆီးခဲ့တဲ့အတြက္ လုယက္သူႏွစ္ဦးကို ဖမ္းမိခဲ့ၿပီး ေနာက္ထပ္တစ္ဦးကေတာ့ ထြက္ေျပးသြားတယ္လို႔လည္း သိရပါတယ္။ျပည္သူေတြက ဖမ္းဆီးခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္လာၿပီး လုယက္သူေတြကို ေခၚေဆာင္သြားတယ္လို႔လည္း ေဒသခံေတြဆီက သိရပါတယ္။
ဓာတၸဳံ၊ CJ
Credit