ဒီသားလေးကို မှတ်မိကြလားမသိဘူး HIV ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံပေးအပ်ပြီး လှည်းကူးကနေခေါ်လာခဲ့တဲ့ သားငယ်လေးပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ သားငယ်လေးရဲ့ ဖခင်ဟာ လူလောကကို လက်ပြနှုတ်ဆက်ပြီး အပြီးတိုင်ထွက်ခွာသွားပါပြီ။သားငယ်လေးမှာအမေရှိပါသေးတယ်။ အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီရောဂါနဲ့ပါဘဲ။ သားငယ်လေးရဲ့အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ။
သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူကိုယ်တိုင် ကျောင်းကိုလာရောက်ပြောကြားခဲ့တာပါ။ အမေဖြစ်သူကျောင်းရောက်လာတော့ သားနဲ့အမေဖြစ်သူရဲ့ခဏတာ တွေ့ဆုံခန်းလေးက ခုထိဦးဇင်းရဲ့မျက်လုံးထဲ ထင်ကျန်နေဆဲပါဘဲ။
ကျောင်းခြံထဲကို လူတစ်ယောက်ဝင်လာရင် ကျောင်းဝင်းအတွင်းထဲကနေ ကျောင်းခြံအဝကိုလှမ်းကြည့်ရင် ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမမြင်ရပါဘူး။ အဲ့ဒီနေ့က နေ့လည် ၁၂နာရီဝန်းကျင်လောက်ဖြစ်မယ် ဦးဇင်းလည်း အမည်မရှိတဲ့အလုပ်တွေနဲ့ အလုပ်ရူပ်နေပါတယ်။
သားငယ်က ဦးဇင်းနားမှာ အရုပ်တွေနဲ့ဆော့ကစားနေတာပေါ့ ကျောင်းဝန်းထဲကို လူတစ်ယောက်ဝင်လာတာကို ဦးဇင်းမြင်တယ်။ဦးဇင်းသိတာက လူတစ်ယောက်လောက်ဘဲမြင်တာ ယောက်ကျားလား၊မိန်းမလားဆိုတာတောင် ဦးဇင်းမသဲကွဲဘူး။
ဒါပေမယ့် အနားမှာဆော့နေတဲ့ သားငယ်က လှမ်းကြည့်ပြီး ပါးစပ်ကလည်း မေမေလို့ခေါပြီး ကျောင်းထဲဝင်လာတဲ့လူဆီကို ပြေးသွားတယ်။ ဦးဇင်းလည်းအံ့ဩသွားတယ်။ဦးဇင်းသေချာကြည့်တာတောင် ယောက်ကျား၊မိန်းမ မသဲကွဲဘူး။
သားငယ်က သူ့ရဲ့အမေဆိုတာကို သေချာသိနေတယ်။ဪ သားနဲ့အမိရဲ့ မေတ္တာတရားက ဘယ်လိုပင် ဝေးကွာနေပေမယ့် အရိပ်တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ခံစားသိနိုင်တယ်။
အနံ့တစ်ခုနဲ့လည်း အမေနဲ့သားရယ်လို့ ခံစားသိနိုင်တယ်။မေတ္တာတရားရဲ့ စွမ်းအားက အံ့ဩဖွယ်ရှိလေစွ၊ သားအမိနှစ်ယောက် ပွေ့ဖက်ငိုယိုပြီး ကျောင်းထဲဝင်လာကြတယ်။သားလည်းငို၊ အမေလည်းငိုပေါ့။ ဦးဇင်းလည်း ဘာမှမပြောဘဲ နားလည်စွာဘဲ သားအမိနှစ်ယောက်ကို ကြည့်နေလိုက်တယ်။
အတန်ကြာသည်အထိ တင်းကြပ်စွာ ပွေ့ဖက်ငိုနေလိုက်ကြတာ ငိုလို့အားရမှ ဦးဇင်းကို သတိရဟန်တူပါရဲ့။ ဦးဇင်းထံမျက်နှာမူလာပြီး တပည့်တော်က သားလေးရဲ့အမေပါဘုရား။သူအဖေနဲ့တပည့်တောက်က ကွဲနေတာပါဘုရား။
သားလေးကို ဆရာတော်ဆီ သူအဖေလိုက်ပို့လိုက်တယ်ဆိုတာ ကြားပါတယ်။ ခုတပည့်တော်ဒီကိုလာတာ သားလေးကိုတွေ့ချင်တာရော နောက်တစ်ခုက သူအဖေဆုံးသွားပြီဘုရား။
အဲဒါကိုလာပြီး အသိပေးတာပါဘုရား။တပည့်တော် သားကိုလာခေါ်ဖို့လာတာ မဟုတ်ပါဘူးဘုရား။တပည့်တော်လည်း သိပ်မနေရတော့ဘူးဘုရား။ပြောလည်းပြော ငိုလည်းငို ဆရာတော်ကိုလည်း တပည့်တော် နောက်ဘဝပေါင်းများစွာအထိကျေးဇူးတင်နေမှာပါဘုရားတဲ့။
သားလေးကိုလည်း လိမ်လိမ်မာမာနေဖို့ တဖွဖွမှာ၊ ဆရာတော်စကားကိုလည်း နားထောင်နော်သားဆိုပြီးမှာနေတဲ့ အမေရဲ့မေတ္တာ ဘယ်အရာနဲ့ဖော်ကြူးရမှန်းတောင် မသိလောက်အောင်ပါဘဲ။ ခဏနေတော့ အိတ်ထဲကနေ သားငယ်လေးကို ဖိနပ်လေးတစ်ရံထုတ်ပြီးပေးတယ်။
တပည့်တော်ရဲ့သားက ဖိနပ်မမြဲဘူးဘုရား။ခဏ ခဏပျောက်တယ်။(ဟုတ်ပါတယ် သားငယ်ကို ကျောင်းရောက်တဲ့နေ့ကစပြီး တစ်နေ့တစ်ရံနီးပါး ဖိနပ်ထုတ်ပေးရပါတယ်။ ဖိနပ်မပျောက်ဖို့လည်း ခဏ ခဏမှာရတယ်)သားဖြစ်သူကို အမေဖြစ်သူက ဖိနပ်ကလေးထုတ်ပေးပြီး သားငယ်ကို စိတ်မချစွာမှာရှာတယ်။
ကျန်းမာရေးကို ဂရုစိုက်ဖို့ ဖိနပ်စီးဖို့ နောက်ဆို ဖိနပ်မပျောက်ဖို့ တစ်ဖွဖွမှာရင်း ညနေလေးနာရီလောက် သားငယ်ကို နှုတ်ဆက်ပြီးကျောင်းကနေပြန်သွားတယ်။
နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်က ဦးဇင်းကို လာပြောတယ် ဦးဇင်းတဲ့ ကောင်းဆက်မျိုးဆက်က ဘာဖြစ်တာလည်းမသိဘူးတဲ့။ညအိပ်ရင် သူဖိနပ်ကလေးကို ဖက်ဖက်ပြီးအိပ်တာတဲ့ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်။ထူးခြားစွာဘဲ ဦးဇင်းကိုလည်း လာပြောတယ်။ဖေကြီး ဖေကြီးတဲ့ ဖိနပ်ကလေးကို ကိုင်ပြီးလာပြတယ်။
သားဖိနပ်မပျောက်တော့ဘူးနော်တဲ့။ ရင်ထဲက ခံစားချက်ကို သူ့ခင်မျာ မပြောတတ်ရှာပေမယ့် ဒီဖိနပ်ကလေးဟာ အမေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပစ္စည်းလေးပါလားဆိုတဲ့အသိနဲ့ သားငယ်လေး တယုတယရှိနေတာဖြစ်မယ်။အေးချမ်းပါစေ သားငယ်လေးရယ်။
အရှင်ဇနာနန္ဒ
YGW ရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး ၈၉မိုင် ၅ဖာလုံ
(YGW ပရဟိတမိဘမဲ့ကျောင်း)
ဖုန်း 09780000085
zawgyi
ဒီသားေလးကို မွတ္မိၾကလားမသိဘူး HIV ေရာဂါသည္ ဖခင္ကိုယ္တိုင္ ဦးဇင္းထံေပးအပ္ၿပီး လွည္းကူးကေနေခၚလာခဲ့တဲ့ သားငယ္ေလးပါ။
ၿပီးခဲ့တဲ့ ရက္ပိုင္းကဘဲ သားငယ္ေလးရဲ႕ ဖခင္ဟာ လူေလာကကို လက္ျပႏႈတ္ဆက္ၿပီး အၿပီးတိုင္ထြက္ခြာသြားပါၿပီ။သားငယ္ေလးမွာအေမရွိပါေသးတယ္။ အေမရွိေပမယ့္လည္း အေမျဖစ္သူကလည္း ဒီေရာဂါနဲ႔ပါဘဲ။ သားငယ္ေလးရဲ႕အေဖနဲ႔ အေမက တကယ္ေတာ့ ကြဲေနၾကတာပါ။
သားငယ္ေလးရဲ႕ အေဖဆုံးသြားေၾကာင္းကို အေမျဖစ္သူကိုယ္တိုင္ ေက်ာင္းကိုလာေရာက္ေျပာၾကားခဲ့တာပါ။ အေမျဖစ္သူေက်ာင္းေရာက္လာေတာ့ သားနဲ႔အေမျဖစ္သူရဲ႕ခဏတာ ေတြ႕ဆုံခန္းေလးက ခုထိဦးဇင္းရဲ႕မ်က္လုံးထဲ ထင္က်န္ေနဆဲပါဘဲ။
ေက်ာင္းၿခံထဲကို လူတစ္ေယာက္ဝင္လာရင္ ေက်ာင္းဝင္းအတြင္းထဲကေန ေက်ာင္းၿခံအဝကိုလွမ္းၾကည့္ရင္ ဘယ္သူဘယ္ဝါဆိုတာ သဲသဲကြဲကြဲမျမင္ရပါဘူး။ အဲ့ဒီေန႔က ေန႔လည္ ၁၂နာရီဝန္းက်င္ေလာက္ျဖစ္မယ္ ဦးဇင္းလည္း အမည္မရွိတဲ့အလုပ္ေတြနဲ႔ အလုပ္႐ူပ္ေနပါတယ္။
သားငယ္က ဦးဇင္းနားမွာ အ႐ုပ္ေတြနဲ႔ေဆာ့ကစားေနတာေပါ့ ေက်ာင္းဝန္းထဲကို လူတစ္ေယာက္ဝင္လာတာကို ဦးဇင္းျမင္တယ္။ဦးဇင္းသိတာက လူတစ္ေယာက္ေလာက္ဘဲျမင္တာ ေယာက္က်ားလား၊မိန္းမလားဆိုတာေတာင္ ဦးဇင္းမသဲကြဲဘူး။
ဒါေပမယ့္ အနားမွာေဆာ့ေနတဲ့ သားငယ္က လွမ္းၾကည့္ၿပီး ပါးစပ္ကလည္း ေမေမလို႔ေခါၿပီး ေက်ာင္းထဲဝင္လာတဲ့လူဆီကို ေျပးသြားတယ္။ ဦးဇင္းလည္းအံ့ဩသြားတယ္။ဦးဇင္းေသခ်ာၾကည့္တာေတာင္ ေယာက္က်ား၊မိန္းမ မသဲကြဲဘူး။
သားငယ္က သူ႔ရဲ႕အေမဆိုတာကို ေသခ်ာသိေနတယ္။ဪ သားနဲ႔အမိရဲ႕ ေမတၱာတရားက ဘယ္လိုပင္ ေဝးကြာေနေပမယ့္ အရိပ္တစ္ခုနဲ႔လည္း အေမနဲ႔သားရယ္လို႔ခံစားသိႏိုင္တယ္။
အနံ႔တစ္ခုနဲ႔လည္း အေမနဲ႔သားရယ္လိုု႔ ခံစားသိႏိုင္တယ္။ေမတၱာတရားရဲ႕ စြမ္းအားက အံ့ဩဖြယ္ရွိေလစြ၊ သားအမိႏွစ္ေယာက္ ေပြ႕ဖက္ငိုယိုၿပီး ေက်ာင္းထဲဝင္လာၾကတယ္။သားလည္းငို၊ အေမလည္းငိုေပါ့။ ဦးဇင္းလည္း ဘာမွမေျပာဘဲ နားလည္စြာဘဲ သားအမိႏွစ္ေယာက္ကို ၾကည့္ေနလိုက္တယ္။
အတန္ၾကာသည္အထိ တင္းၾကပ္စြာ ေပြ႕ဖက္ငိုေနလိုက္ၾကတာ ငိုလို႔အားရမွ ဦးဇင္းကို သတိရဟန္တူပါရဲ႕။ ဦးဇင္းထံမ်က္ႏွာမူလာၿပီး တပည့္ေတာ္က သားေလးရဲ႕အေမပါဘုရား။သူအေဖနဲ႔တပည့္ေတာက္က ကြဲေနတာပါဘုရား။
သားေလးကို ဆရာေတာ္ဆီ သူအေဖလိုက္ပို႔လိုက္တယ္ဆိုတာ ၾကားပါတယ္။ ခုတပည့္ေတာ္ဒီကိုလာတာ သားေလးကိုေတြ႕ခ်င္တာေရာ ေနာက္တစ္ခုက သူအေဖဆုံးသြားၿပီဘုရား။
အဲဒါကိုလာၿပီး အသိေပးတာပါဘုရား။တပည့္ေတာ္ သားကိုလာေခၚဖို႔လာတာ မဟုတ္ပါဘူးဘုရား။တပည့္ေတာ္လည္း သိပ္မေနရေတာ့ဘူးဘုရား။ေျပာလည္းေျပာ ငိုလည္းငို ဆရာေတာ္ကိုလည္း တပည့္ေတာ္ ေနာက္ဘဝေပါင္းမ်ားစြာအထိေက်းဇူးတင္ေနမွာပါဘုရားတဲ့။
သားေလးကိုလည္း လိမ္လိမ္မာမာေနဖို႔ တဖြဖြမွာ၊ ဆရာေတာ္စကားကိုလည္း နားေထာင္ေနာ္သားဆိုၿပီးမွာေနတဲ့ အေမရဲ႕ေမတၱာ ဘယ္အရာနဲ႔ေဖာ္ၾကဴးရမွန္းေတာင္ မသိေလာက္ေအာင္ပါဘဲ။ ခဏေနေတာ့ အိတ္ထဲကေန သားငယ္ေလးကို ဖိနပ္ေလးတစ္ရံထုတ္ၿပီးေပးတယ္။
တပည့္ေတာ္ရဲ႕သားက ဖိနပ္မၿမဲဘူးဘုရား။ခဏ ခဏေပ်ာက္တယ္။(ဟုတ္ပါတယ္ သားငယ္ကို ေက်ာင္းေရာက္တဲ့ေန႔ကစၿပီး တစ္ေန႔တစ္ရံနီးပါး ဖိနပ္ထုတ္ေပးရပါတယ္။ ဖိနပ္မေပ်ာက္ဖို႔လည္း ခဏ ခဏမွာရတယ္)သားျဖစ္သူကို အေမျဖစ္သူက ဖိနပ္ကေလးထုတ္ေပးၿပီး သားငယ္ကို စိတ္မခ်စြာမွာရွာတယ္။
က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ ဖိနပ္စီးဖို႔ ေနာက္ဆို ဖိနပ္မေပ်ာက္ဖို႔ တစ္ဖြဖြမွာရင္း ညေနေလးနာရီေလာက္ သားငယ္ကို ႏႈတ္ဆက္ၿပီးေက်ာင္းကေနျပန္သြားတယ္။
ေနာက္ေန႔မနက္ၾကေတာ့ ေက်ာင္းဆရာတစ္ေယာက္က ဦးဇင္းကို လာေျပာတယ္ ဦးဇင္းတဲ့ ေကာင္းဆက္မ်ိဳးဆက္က ဘာျဖစ္တာလည္းမသိဘူးတဲ့။ညအိပ္ရင္ သူဖိနပ္ကေလးကို ဖက္ဖက္ၿပီးအိပ္တာတဲ့ ရင္ထဲမွာ စိတ္မေကာင္းျဖစ္သြားမိတယ္။ထူးျခားစြာဘဲ ဦးဇင္းကိုလည္း လာေျပာတယ္။ေဖႀကီး ေဖႀကီးတဲ့ ဖိနပ္ကေလးကို ကိုင္ၿပီးလာျပတယ္။
သားဖိနပ္မေပ်ာက္ေတာ့ဘူးေနာ္တဲ့။ ရင္ထဲက ခံစားခ်က္ကို သူ႔ခင္မ်ာ မေျပာတတ္ရွာေပမယ့္ ဒီဖိနပ္ကေလးဟာ အေမေပးခဲ့တဲ့ တစ္ခုတည္းေသာ အေမြပစၥည္းေလးပါလားဆိုတဲ့အသိနဲ႔ သားငယ္ေလး တယုတယရွိေနတာျဖစ္မယ္။ေအးခ်မ္းပါေစ သားငယ္ေလးရယ္။
အရွင္ဇနာနႏၵ
YGW ရန္ကုန္မႏၲေလးအျမန္လမ္းသစ္ေဘး ၈၉မိုင္ ၅ဖာလုံ
(YGW ပရဟိတမိဘမဲ့ေက်ာင္း)
ဖုန္း 09780000085



