ဗဟုသုတ

ကားမောင်းတဲ့အခါခွေးရှေ့နွားနောက်ကမမောင်းရဘူးဆိုတဲ့အကြောင်းအရင်းအမှန်

ကားမောင်းအယူအဆလေးတွေခွေးရှေ့ နွားနောက်ခွေးဆိုခေါင်းဘက်ကဖြတ်ရင်သူကပြန်လှည့်ပြေးမှာဖြစ်တယ်။ နွားကတော့ ခေါင်းဘက်ကဖြတ်ရင် ပြန်လှည့်ပြေးမှာမဟုတ်ဘဲ ရှေ့ဆက်တိုးလာမှာဖြစ်လို့သတိထားပါလို့ပြောတာပါ

နွားဆိုဖင်ဘက်ကဖြတ်ပါခွေးဆိုဖင်ဘက်ကဖြတ်ရင်သတိထားပါပြန်လှည့်ပြေးလာတတ်လို့ပါဘယ်တက်ညာပန်းရှေ့ကကုန်ကားကိုဟွန်းတီးကျော်တဲ့အခါကုန်ကားကဘယ်ကြောကိုခေါင်းတက်လာလို့အရှိန်သတ်လိုက်ရတာမျိုးကြုံဖူးမှာပါ

ဘယ်မတက်ခင်ညာဘက်ကနေပန်းပြီးကုန်ကားရှေ့မှာလူဆိုက်ကားဆိုင်ကယ်ရှိမရှိလမ်းကောင်းမကောင်းအရင်ကြည့်ရပါတယ်ပြီးမှလမ်းတောင်းပြီးတက်ရပါတယ်ကပ်ကွေ့ဖြတ်ကွေ့တောင်အဆင်းအတက်များနှင့်မြင်ကွင်းကွယ်
နေသောအကွေ့တွေမှာအရှိန်လျှော့၍ကိုယ့်လမ်းဘက်ကိုအတတ်နိုင်ဆုံးကပ်ကွေ့ရပါမယ်မြေပြန့်ပြီးတဖက်ယာဉ်ကြောကို ကောင်းကောင်းမြင်ရ၍ လမ်းရှင်းတဲ့အခါမှာတော့အရှိန်နဲ့တဖက်သို့ပါမသွားအောင်ဒါမှမဟုတ်အကွေ့နည်းနည်းပြေသွားအောင် လမ်းလယ်ကိုဖြတ်ကွေ့လို့ရပါတယ်

ကာထွက်ကာကွေ့မိမိဘေးမှာရှိတဲ့ကားကကိုယ်ရဲ့တဘက်မြင်ကွင်းကိုကွယ်ထားတဲ့အခါသူထွက်တဲ့အခါသူ့ကိုcoverယူပြီးလိုက်ထွက်လို့ရပါတယ်သူကဘယ်ကွေ့ဖို့ထွက်တဲ့အခါတဘက်မြင်ကွင်းကိုကိုယ်မမြင်ရပေမဲ့သူကိုကာဗာယူပြီးကိုယ်ကညာကွေ့လို့ရပါတယ်

Zawgyi



