တိုက္နဲ႔ပဲ ေနေန၊ တဲနဲ႔ပဲေနေန ဒါေတြ လုံးဝ မလုပ္မိၾကပါေစနဲ႔…
စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန်
လူတိုင္း လူတိုင္း အိမ္မွာ ဒါမ်ိဳးေတြ လုံးဝ မလုပ္မိၾကပါေစနဲ႔ေနာ္ …။
(တန္ဖိုးရွိတဲ့ သိမွတ္စရာေတြပါ) အိမ္၌မျပဳသင့္မထားသင့္ေသာ ေရွာင္ရန္မ်ား သင္သိၿပီးရင္ မၽွေဝေပးခဲ့ဖို႔ မေမ့ပါနဲ႔အံုး …။
၁။ အိမ္ေရွ႕၌ ငွက္ေပ်ားပင္ မစိုက္အပ္ …။
၂။ ေရစိုအဝတ္မ်ားကို ညအခ်ိန္သစ္ပင္ေပၚ အဝတ္တန္းေပၚ မထားရ …။
၃။ ကိုယ္ဝန္ေဆာင္မ်ား အေျပာဆို မၾကမ္းရ …။
၄။ လက္ဖက္သုတ္စားၿပီး ကေလး၏ ပါးကိုမနမ္းရ …။
၅။ ကတ္ေၾကး၊ ကြမ္းညႇပ္၊ ဓားစသည္တို႔ကို ညႇပ္စရာမပါပဲ မညႇပ္ရ၊ မျဖတ္ရ …။
၆။ အိမ္ေပၚ၌ ဇယ္မခုတ္ရ …။
၇။ အိမ္သားတစ္ဦး ေနမေကာင္းျဖစ္စဥ္ ေခါင္းမေလၽွာ္ရ …။
၈။ ေယာက္မႏွင့္ ထမင္းအိုးႏႈတ္ခမ္း မရိုက္ရ …။
၉။ စေလာင္းဖုံးကို ဖိုခေနာက္ေပၚ မအုပ္ရ …။
၁၀။ မီးဖိုမွာ လူႏွစ္ေယာက္ၿပိဳင္တူ မီးမမႈတ္ရ …။
၁၁။ ေညာင္သားကို မီးမစိုက္ရ …။
၁၂။ ေက်ာက္နီလက္စြပ္ကို ႏွစ္ကြင္းထပ္မဝတ္ရ …။
၁၃။ ဖိနပ္ခၽြတ္ေသာ ေနရာတြင္ ထီးမထားရ …။
၁၄။ အေရးႀကီးေသာကိစၥမ်ားေျပာစဥ္ ဖိနပ္ထိပ္ဦး အားထီးထိပ္ခၽြန္ႏွင့္ေထာက္၍ စကားမေျပာရ၊ အစီစဥ္ပ်က္တတ္ပါတယ္ …။
၁၅။ ဖ်ာကိုေခါင္းရင္းမွစၿပီး လိပ္၍သိမ္းပါ …။
၁၆။ ဖ်ာလိပ္ကို အျမင့္ေပၚ မတင္ရ …။
၁၇။ တိုင္ကပ္နာရီကို အိမ္ေျခရင္းတြင္ မခ်ိတ္ရ …။
၁၈။ မိဘတို႔၏ ဖိနပ္ကို မနင္းရ …။
၁၉။ ဓာတ္ခဲအေဟာင္းမ်ား အိမ္တြင္မထားရ …။
၂၀။ အိမ္၏မ်က္ႏွာစာတြင္ ထမင္း ခ်က္ျပဳတ္မစားရ …။
၂၁။ အိမ္ရွိၾကည့္မွန္မ်ား မေကာင္းေသာ ပုံရိပ္မ်ားထင္ဟပ္ေသာ ေနရာတြင္ မခ်ိတ္ရ …။
၂၂။ အိမ္ေရွ႕တြင္ ျငဳပ္သီးပင္ မစိုက္ရ …။
၂၃။ ထမင္းပန္းကန္မ်ားအတြင္းသို႔ စားၿပီးဝါးၿပီး အႂကြင္းအက်န္မ်ား ထည့္မသိမ္းရ …။
ခရက္ဒစ္
Unicode Version ဖြင့်ဖတ်ရန်
တိုက်နဲ့ပဲ နေနေ၊ တဲနဲ့ပဲနေနေ ဒါတွေ လုံးဝ မလုပ်မိကြပါစေနဲ့…
လူတိုင်း လူတိုင်း အိမ်မှာ ဒါမျိုးတွေ လုံးဝ မလုပ်မိကြပါစေနဲ့နော် …။
(တန်ဖိုးရှိတဲ့ သိမှတ်စရာတွေပါ) အိမ်၌မပြုသင့်မထားသင့်သော ရှောင်ရန်များ သင်သိပြီးရင် မျှဝေပေးခဲ့ဖို့ မမေ့ပါနဲ့အုံး …။
၁။ အိမ်ရှေ့၌ ငှက်ပျေားပင် မစိုက်အပ် …။
၂။ ရေစိုအဝတ်များကို ညအချိန်သစ်ပင်ပေါ် အဝတ်တန်းပေါ် မထားရ …။
၃။ ကိုယ်ဝန်ဆောင်များ အပြောဆို မကြမ်းရ …။
၄။ လက်ဖက်သုတ်စားပြီး ကလေး၏ ပါးကိုမနမ်းရ …။
၅။ ကတ်ကြေး၊ ကွမ်းညှပ်၊ ဓားစသည်တို့ကို ညှပ်စရာမပါပဲ မညှပ်ရ၊ မဖြတ်ရ …။
၆။ အိမ်ပေါ်၌ ဇယ်မခုတ်ရ …။
၇။ အိမ်သားတစ်ဦး နေမကောင်းဖြစ်စဉ် ခေါင်းမလျှော်ရ …။
၈။ ယောက်မနှင့် ထမင်းအိုးနှုတ်ခမ်း မရိုက်ရ …။
၉။ စလောင်းဖုံးကို ဖိုခနောက်ပေါ် မအုပ်ရ …။
၁၀။ မီးဖိုမှာ လူနှစ်ယောက်ပြိုင်တူ မီးမမှုတ်ရ …။
၁၁။ ညောင်သားကို မီးမစိုက်ရ …။
၁၂။ ကျောက်နီလက်စွပ်ကို နှစ်ကွင်းထပ်မဝတ်ရ …။
၁၃။ ဖိနပ်ချွတ်သော နေရာတွင် ထီးမထားရ …။
၁၄။ အရေးကြီးသောကိစ္စများပြောစဉ် ဖိနပ်ထိပ်ဦး အားထီးထိပ်ချွန်နှင့်ထောက်၍ စကားမပြောရ၊ အစီစဉ်ပျက်တတ်ပါတယ် …။
၁၅။ ဖျာကိုခေါင်းရင်းမှစပြီး လိပ်၍သိမ်းပါ …။
၁၆။ ဖျာလိပ်ကို အမြင့်ပေါ် မတင်ရ …။
၁၇။ တိုင်ကပ်နာရီကို အိမ်ခြေရင်းတွင် မချိတ်ရ …။
၁၈။ မိဘတို့၏ ဖိနပ်ကို မနင်းရ …။
၁၉။ ဓာတ်ခဲအဟောင်းများ အိမ်တွင်မထားရ …။
၂၀။ အိမ်၏မျက်နှာစာတွင် ထမင်း ချက်ပြုတ်မစားရ …။
၂၁။ အိမ်ရှိကြည့်မှန်များ မကောင်းသော ပုံရိပ်များထင်ဟပ်သော နေရာတွင် မချိတ်ရ …။
၂၂။ အိမ်ရှေ့တွင် ငြုပ်သီးပင် မစိုက်ရ …။
၂၃။ ထမင်းပန်းကန်များအတွင်းသို့ စားပြီးဝါးပြီး အကြွင်းအကျန်များ ထည့်မသိမ်းရ …။
ခရက်ဒစ်



