ယနေ့ခေတ်လူငယ်အများစုအနေဖြင့် ငွေစုဖို့စဉ်းစားတဲ့အခါတိုင်း သောကများတတ်ကြပါတယ်။ ဝယ်စရာပစ္စည်းတွေ၊သွားစရာဆိုင်သစ်တွေပေါများနေတဲ့ခေတ်ကြီးမှာ ဘာမှမသုံးစွဲဘဲနေပါက ခေတ်နောက်ကျနေခဲ့မှာလည်းအမှန်ပါပဲ။
ထို့ ကြောင့် လူငယ်တွေအနေနဲ့ ငွေစုခြင်းကို စိတ်ညစ်စရာအလုပ်လို့ ထင်လာကြပါတယ်။အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ အသုံးအစွဲတွေကို အများကြီး လျှော့ချဖို့မလိုဘဲ ငွေစုနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
(၁) ၂၀/၈၀ နည်းလမ်း
ထိုနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့အောက်ပါအချက်များကို ပြင်ဆင်ထားရပါမယ်။ -သင့်မှာ ဘဏ်ကြွေးနဲ့အခြားကြွေးမြီများကင်းရှင်းရပါမယ်။ -စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့လိုပြီး သင့်လစာရဲ့ ၂၀ရာနှုန်းခန့်ကိုစုဆောင်းနိုင်ရပါမယ်။ -ကျန်တဲ့ လစာ၈၀ရာနှုန်းကိုတော့ စိတ်ကြိုက်သုံးဖြုန်းလို့ရပါတယ်။
-သင်သတိပြုရမယ့်အချက်ကတော့ ဖြုန်းဖို့ထက် စုဖို့အရင်ဆုံးစဉ်းစားပါဆိုသလိုပဲ ပထမဆုံး စုဆောင်းဖို့စဉ်းစားပါ။ကျန်သောငွေကိုသာ သုံးရမှာဖြစ်ပါတယ်။ -တကယ်လို့ သင့်အနေနဲ့ ၂၀ရာနှုန်းစုဖို့ခက်ခဲနေသေးတယ်ဆိုပါက ၁၀ရာနှုန်း သို့မဟုတ် ၅ရာနှုန်းခန့်ကိုသာ စတင်စုဆောင်းပါ။သို့မှသာ ငွေစုတဲ့အလေ့အထကို စတင်ပျိူးထောင်ဖြစ်မှာ ဖြစ်ပါတယ်။
(၂)၆၀/၁၀/၁၀/၁၀/၁၀ နည်းလမ်း
ဒီနည်းလမ်းကတော့ -သင့်လစဉ်အသုံးစရိတ်များအတွက် ၆၀ရာနှုန်း -သင့်ပင်စင်ချိန်အတွက် ၁၀ရာနှုန်း -ရေရှည်စုဆောင်းငွေအတွက် ၁၀ရာနှုန်း-အရေးပေါ်ကိစများနှင့် သာရေးနာရေးများအတွက် ၁၀ရာနှုန်း-အပျော်အပါးအတွက် ၁၀ရာနှုန်းဆိုပြီး သင့်တစ်လစာဝင်ငွေကို အချိူးကျ ခွဲေ၀ စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ သင့်နေစဉ် လစဉ် အသုံးစရိတ်တွေဖြစ်သော အစားအသောက်၊အသုံးအဆောင်၊လမ်းစရိတ်နှင့် အဝတ်အစားစသည်တို့အတွက် ၆၀ရာနှုန်းကို သုံးစွဲနိုင်ပါတယ်။
ကားဖိုး၊အိမ်ပြင်စရိတ်၊အကြွေးဆပ်ဖို့စသည်တို့ကတော့ ရေရှည်စုဆောင်းငွေထဲက သုံးစွဲရမှာ ဖြစ်ပါတယ်။ နေမကောင်းချိန်ဆရာဝန်ပြဖို့၊ကားပြင်ဖို့နှင့်မွေးနေ့စသော ကိစရပ်များအတွက် ၁၀ရာနှုန်းသော ငွေကိုချန်ထားရခြင်းဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ လတ်တလောအကြွေးဆပ်ဖို့ရှိနေပါက ပင်စင်ယူချိန်အတွက် စုဆောင်းထားသော ၁၀ရာနှုန်းကို အကြွေးဆပ်ဖို့ အသုံးပြုနိုင်ပါတယ်။
(၃)၁၀ရာနှုန်း နည်းလမ်း
ဒီနည်းလမ်းကတော့ ရိုးရှင်းပါတယ်။သင့်လစာရဲ့ ၁၀ရာနှုန်းခန့်ကိုသာစုဆောင်းရမှာဖြစ်လို့ သင့်ရဲ့ သွားလာစားသောက်မှုတွေ ရှော့ပင်းထွက်ချင်တာတွေကို ထိခိုက်စေမှာမဟုတ်ပါဘူး။ တစ်ပြားမှမစုမိတာထက်စာရင်တော့လည်း တစ်လကို ၁၀ရာနှုန်းလောက်တော့စုဆောင်းထားသင့်ပါတယ်။ စိတ်မထိမ်းနိုင်ဘဲ သုံးမိမှာ စိုးတယ်ဆိုရင်တော့လည်း ထိုငွေကို ဘဏ်ထဲမှာ လစဉ်စုဆောင်းသင့်တယ်နော်။တစ်လ၁၀ရာနှုန်းကနေ ၁၅ရာနှုန်း ၂၀ရာနှုန်းစသည်ဖြင့် တိုးပြီး စုဆောင်းသွားနိုင်ပါတယ်။
(၄)တစ်ဝက်သုံး-တစ်ဝက်စုနည်းလမ်း
-ဒီနည်းလမ်းကတော့ သင်ရှာသမျှ တစ်လစာဝင်ငွေကို ၂ပိုင်းပိုင်းပြီး ၁ပိုင်းကို နေ့စဉ်လိုအပ်ချက်များအတွက် အသုံးပြုပြီး ကျန်၁ပိုင်းကို လစာထုတ်တာနဲ့ တလက်စတည်းဘဏ်ထဲမှာထည့်ထားဖို့ ဖြစ်ပါတယ်။ လစာရဲ့ တစ်ဝက်ခန့်ကိုသာ တစ်လလုံးသုံးဖို့ဆိုတာ ထင်ထားသလောက်တော့မလွယ်ပါဘူး။
ဒါပေမယ့် စိတ်မပူပါနဲ့။သင့်လက်ထဲ အသုံးစရိတ်ပြတ်ပြီဆိုပါက ဘဏ်ကနေ နည်းနည်းချင်းစီထုတ်သုံးနိုင်ပါတယ်။သို့ပေမယ့် တကယ်လိုအပ်တဲ့ အကြောင်းအရာအတွက် ငွေသုံးခြင်းဖြစ်ဖို့တော့ လိုပါတယ်။ဒီနည်းလမ်းက လက်ဖွာသူတွေအတွက် တကယ်ကို အသုံးကျပါလိမ့်မယ်။
(၅)စာအိတ် ၄ အိတ်နည်းလမ်း
ပထမဦးဆုံးအနေဖြင့် သင့်ရဲ့တစ်လစာဝင်ငွေအတိအကျကို တွက်ချက်ပါ။ -ထို့နောက် သင့်အထွေထွေကုန်ကျစရိတ်ပမာဏအတွက် ဖယ်ပါ။ -ပြီးတာနဲ့ သင်ဒီတစ်လအတွင်း ဝယ်ဖို့ဆုံးဖြတ်ထားတဲ့ အရာတွေရှိပါက ထိုအတွက် ကုန်ကျမယ့်ငွေကို ဖယ်ပါ။(ဥပမာ skin care, အိတ် ဖိနပ်အသစ်,ဖုန်း အဝတ်အစား )တကယ်လို့ ထူးထူးခြားခြားဝယ်စရာ ဘာမှမရှိဘူးဆိုပါက ထိုငွေကိုစုဆောင်းပါ။ ထိုငွေပမာဏဟာ တစ်လစာဝင်ငွေရဲ့ ၁၀ရာနှုန်းကနေ၂၀ရာနှုန်းထိဖြစ်သင့်ပါတယ်။ -ကဲ လာပါပြီ။ကျန်တဲ့ ငွေပမာဏကို လေးပိုင်းပိုင်းပြီး စာအိတ်လေးအိတ်ထဲအချိူးကျထည့်ပါ။
ဒါဆိုရင်တော့ တစ်ပတ်ချင်းစီအသုံးပြုနိုင်ဖို့ ၄ပတ်စာ စာအိတ်၄အိတ်ရပါပြီ။တစ်ပတ်အတွင်း ရုပ်ရှင်ကြည့်ဖို့၊အပြင်သွားဖို့ စတာတွေကို ထိုစာအိတ်ထဲက ငွေဖြင့်သာအသုံးပြုပါ။စာအိတ်ထဲက ရှိတဲ့ပမာဏထက်တော့ ပိုသုံးလို့မရပါဘူး။လမကုန်ခင်ငွေပြတ်တတ်တဲ့ ကိုကို မမ များအတွက် အသုံးဝင်မယ့်နည်းလမ်းကောင်းတစ်ခုပါပဲ။
(၆)ဖွားဖွားရဲ့နည်းလမ်း
-လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပါပဲ။အဖွားတို့ခေတ်ကမိသားစုတွေမှာအသုံးပြုခဲ့တဲ့ ငွေကိုအချိူးကျခွဲဝေအသုံးပြုတဲ့နည်းလမ်းကောင်းလေးပါ။ -သင် တစ်လအတွင်း ငွေသုံးဖြစ်မယ့် အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီလိုက် ခွဲခြားပါ။ဥပမာ စားစရိတ်၊ဖုန်းဘေလ်၊အဝတ်အစားဖိုး၊ဆေးဝါး၊လမ်းစရိတ်၊အပျော်အပါးစသည်ဖြင့်ပေါ့။ -သင့်တစ်လစာဝင်ငွေကို အထက်ပါ ကဏ္ဍအရေအတွက်အလိုက် တစ်ပုံစီခွဲပါ။ထိုတစ်ပုံစီလိုက်ကို စာအိတ်အသီးသီးတွင်ထည့်ပြီး စာအိတ်ပေါ်တွင် ခေါင်းစဉ်တပ်ထားပါ။ ထိုစာအိတ်အလိုက် ကုန်ကျစရိတ်များကိုသုံးစွဲပါ။
အရေးကြီးတဲ့အချက်ကတော့ စာအိတ်တစ်ခုစီမှာ ငွေကုန်ပြီဆိုတာနဲ့ တခြားစာအိတ်ကနေထုတ်မသုံးဖို့ပါပဲ။ဥပမာ အပျော်အပါးအတွက် စာအိတ်ထဲမှာ ပိုက်ဆံကုန်နေပြီဆိုပါက နောက်ထပ်လစာမရခင်အထိ အပျော်အပါးကိစ္စများကိုရပ်တန့်ထားပါ။သို့ပေမယ့် မဖြစ်မနေသုံးရမယ့်ကိစအတွက် ဥပမာ စားစရိတ်အတွက်ပိုက်ဆံကုန်နေပြီဆိုပါက သိပ်အရေးမကြီးတဲ့ စာအိတ်ထဲကနေယူသုံးလို့ရပါတယ်။
ကဲ အထက်ပါနည်းလမ်း ၆ လမ်းထဲက သင်နှင့်အသင့်တော်ဆုံးငွေစုနည်းက ဘာများဖြစ်မလဲ။
Crd
zawgyi
ယေန႔ေခတ္လူငယ္အမ်ားစုအေနျဖင့္ ေငြစုဖို႔စဥ္းစားတဲ့အခါတိုင္း ေသာကမ်ားတတ္ၾကပါတယ္။ ဝယ္စရာပစၥည္းေတြ၊သြားစရာဆိုင္သစ္ေတြေပါမ်ားေနတဲ့ေခတ္ႀကီးမွာ ဘာမွမသုံးစြဲဘဲေနပါက ေခတ္ေနာက္က်ေနခဲ့မွာလည္းအမွန္ပါပဲ။
ထို႔ ေၾကာင့္ လူငယ္ေတြအေနနဲ႔ ေငြစုျခင္းကို စိတ္ညစ္စရာအလုပ္လို႔ ထင္လာၾကပါတယ္။အခုေဖာ္ျပမယ့္နည္းလမ္းေလးေတြကေတာ့ အသုံးအစြဲေတြကို အမ်ားႀကီး ေလွ်ာ့ခ်ဖို႔မလိုဘဲ ေငြစုႏိုင္မယ့္ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။
(၁) ၂၀/၈၀ နည္းလမ္း
ထိုနည္းလမ္းကိုအသုံးျပဳမယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ေအာက္ပါအခ်က္မ်ားကို ျပင္ဆင္ထားရပါမယ္။ -သင့္မွာ ဘဏ္ေႂကြးနဲ႔အျခားေႂကြးၿမီမ်ားကင္းရွင္းရပါမယ္။ -စီးပြားေရးလုပ္ငန္းအေသးစားတစ္ခုမွာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ဖို႔လိုၿပီး သင့္လစာရဲ႕ ၂၀ရာႏႈန္းခန႔္ကိုစုေဆာင္းႏိုင္ရပါမယ္။ -က်န္တဲ့ လစာ၈၀ရာႏႈန္းကိုေတာ့ စိတ္ႀကိဳက္သုံးျဖဳန္းလို႔ရပါတယ္။
-သင္သတိျပဳရမယ့္အခ်က္ကေတာ့ ျဖဳန္းဖို႔ထက္ စုဖို႔အရင္ဆုံးစဥ္းစားပါဆိုသလိုပဲ ပထမဆုံး စုေဆာင္းဖို႔စဥ္းစားပါ။က်န္ေသာေငြကိုသာ သုံးရမွာျဖစ္ပါတယ္။ -တကယ္လို႔ သင့္အေနနဲ႔ ၂၀ရာႏႈန္းစုဖို႔ခက္ခဲေနေသးတယ္ဆိုပါက ၁၀ရာႏႈန္း သို႔မဟုတ္ ၅ရာႏႈန္းခန႔္ကိုသာ စတင္စုေဆာင္းပါ။သို႔မွသာ ေငြစုတဲ့အေလ့အထကို စတင္ပ်ိဴးေထာင္ျဖစ္မွာ ျဖစ္ပါတယ္။
(၂)၆၀/၁၀/၁၀/၁၀/၁၀ နည္းလမ္း
ဒီနည္းလမ္းကေတာ့ -သင့္လစဥ္အသုံးစရိတ္မ်ားအတြက္ ၆၀ရာႏႈန္း -သင့္ပင္စင္ခ်ိန္အတြက္ ၁၀ရာႏႈန္း -ေရရွည္စုေဆာင္းေငြအတြက္ ၁၀ရာႏႈန္း-အေရးေပၚကိစမ်ားႏွင့္ သာေရးနာေရးမ်ားအတြက္ ၁၀ရာႏႈန္း-အေပ်ာ္အပါးအတြက္ ၁၀ရာႏႈန္းဆိုၿပီး သင့္တစ္လစာဝင္ေငြကို အခ်ိဴးက် ခြဲေ၀ စုေဆာင္းဖို႔ပဲ ျဖစ္ပါတယ္။ သင့္ေနစဥ္ လစဥ္ အသုံးစရိတ္ေတြျဖစ္ေသာ အစားအေသာက္၊အသုံးအေဆာင္၊လမ္းစရိတ္ႏွင့္ အဝတ္အစားစသည္တို႔အတြက္ ၆၀ရာႏႈန္းကို သုံးစြဲႏိုင္ပါတယ္။
ကားဖိုး၊အိမ္ျပင္စရိတ္၊အေႂကြးဆပ္ဖို႔စသည္တို႔ကေတာ့ ေရရွည္စုေဆာင္းေငြထဲက သုံးစြဲရမွာ ျဖစ္ပါတယ္။ ေနမေကာင္းခ်ိန္ဆရာဝန္ျပဖို႔၊ကားျပင္ဖို႔ႏွင့္ေမြးေန႔စေသာ ကိစရပ္မ်ားအတြက္ ၁၀ရာႏႈန္းေသာ ေငြကိုခ်န္ထားရျခင္းျဖစ္ပါတယ္။ တကယ္လို႔ သင့္မွာ လတ္တေလာအေႂကြးဆပ္ဖို႔ရွိေနပါက ပင္စင္ယူခ်ိန္အတြက္ စုေဆာင္းထားေသာ ၁၀ရာႏႈန္းကို အေႂကြးဆပ္ဖို႔ အသုံးျပဳႏိုင္ပါတယ္။
(၃)၁၀ရာႏႈန္း နည္းလမ္း
ဒီနည္းလမ္းကေတာ့ ႐ိုးရွင္းပါတယ္။သင့္လစာရဲ႕ ၁၀ရာႏႈန္းခန႔္ကိုသာစုေဆာင္းရမွာျဖစ္လို႔ သင့္ရဲ႕ သြားလာစားေသာက္မႈေတြ ေရွာ့ပင္းထြက္ခ်င္တာေတြကို ထိခိုက္ေစမွာမဟုတ္ပါဘူး။ တစ္ျပားမွမစုမိတာထက္စာရင္ေတာ့လည္း တစ္လကို ၁၀ရာႏႈန္းေလာက္ေတာ့စုေဆာင္းထားသင့္ပါတယ္။ စိတ္မထိမ္းႏိုင္ဘဲ သုံးမိမွာ စိုးတယ္ဆိုရင္ေတာ့လည္း ထိုေငြကို ဘဏ္ထဲမွာ လစဥ္စုေဆာင္းသင့္တယ္ေနာ္။တစ္လ၁၀ရာႏႈန္းကေန ၁၅ရာႏႈန္း ၂၀ရာႏႈန္းစသည္ျဖင့္ တိုးၿပီး စုေဆာင္းသြားႏိုင္ပါတယ္။
(၄)တစ္ဝက္သုံး-တစ္ဝက္စုနည္းလမ္း
-ဒီနည္းလမ္းကေတာ့ သင္ရွာသမွ် တစ္လစာဝင္ေငြကို ၂ပိုင္းပိုင္းၿပီး ၁ပိုင္းကို ေန႔စဥ္လိုအပ္ခ်က္မ်ားအတြက္ အသုံးျပဳၿပီး က်န္၁ပိုင္းကို လစာထုတ္တာနဲ႔ တလက္စတည္းဘဏ္ထဲမွာထည့္ထားဖို႔ ျဖစ္ပါတယ္။ လစာရဲ႕ တစ္ဝက္ခန႔္ကိုသာ တစ္လလုံးသုံးဖို႔ဆိုတာ ထင္ထားသေလာက္ေတာ့မလြယ္ပါဘူး။
ဒါေပမယ့္ စိတ္မပူပါနဲ႔။သင့္လက္ထဲ အသုံးစရိတ္ျပတ္ၿပီဆိုပါက ဘဏ္ကေန နည္းနည္းခ်င္းစီထုတ္သုံးႏိုင္ပါတယ္။သို႔ေပမယ့္ တကယ္လိုအပ္တဲ့ အေၾကာင္းအရာအတြက္ ေငြသုံးျခင္းျဖစ္ဖို႔ေတာ့ လိုပါတယ္။ဒီနည္းလမ္းက လက္ဖြာသူေတြအတြက္ တကယ္ကို အသုံးက်ပါလိမ့္မယ္။
(၅)စာအိတ္ ၄ အိတ္နည္းလမ္း
ပထမဦးဆုံးအေနျဖင့္ သင့္ရဲ႕တစ္လစာဝင္ေငြအတိအက်ကို တြက္ခ်က္ပါ။ -ထို႔ေနာက္ သင့္အေထြေထြကုန္က်စရိတ္ပမာဏအတြက္ ဖယ္ပါ။ -ၿပီးတာနဲ႔ သင္ဒီတစ္လအတြင္း ဝယ္ဖို႔ဆုံးျဖတ္ထားတဲ့ အရာေတြရွိပါက ထိုအတြက္ ကုန္က်မယ့္ေငြကို ဖယ္ပါ။(ဥပမာ skin care, အိတ္ ဖိနပ္အသစ္,ဖုန္း အဝတ္အစား )တကယ္လို႔ ထူးထူးျခားျခားဝယ္စရာ ဘာမွမရွိဘူးဆိုပါက ထိုေငြကိုစုေဆာင္းပါ။ ထိုေငြပမာဏဟာ တစ္လစာဝင္ေငြရဲ႕ ၁၀ရာႏႈန္းကေန၂၀ရာႏႈန္းထိျဖစ္သင့္ပါတယ္။ -ကဲ လာပါၿပီ။က်န္တဲ့ ေငြပမာဏကို ေလးပိုင္းပိုင္းၿပီး စာအိတ္ေလးအိတ္ထဲအခ်ိဴးက်ထည့္ပါ။
ဒါဆိုရင္ေတာ့ တစ္ပတ္ခ်င္းစီအသုံးျပဳႏိုင္ဖို႔ ၄ပတ္စာ စာအိတ္၄အိတ္ရပါၿပီ။တစ္ပတ္အတြင္း ႐ုပ္ရွင္ၾကည့္ဖို႔၊အျပင္သြားဖို႔ စတာေတြကို ထိုစာအိတ္ထဲက ေငြျဖင့္သာအသုံးျပဳပါ။စာအိတ္ထဲက ရွိတဲ့ပမာဏထက္ေတာ့ ပိုသုံးလို႔မရပါဘူး။လမကုန္ခင္ေငြျပတ္တတ္တဲ့ ကိုကို မမ မ်ားအတြက္ အသုံးဝင္မယ့္နည္းလမ္းေကာင္းတစ္ခုပါပဲ။
(၆)ဖြားဖြားရဲ႕နည္းလမ္း
-လြယ္ကူ႐ိုးစင္းတဲ့နည္းလမ္းတစ္ခုပါပဲ။အဖြားတို႔ေခတ္ကမိသားစုေတြမွာအသုံးျပဳခဲ့တဲ့ ေငြကိုအခ်ိဴးက်ခြဲေဝအသုံးျပဳတဲ့နည္းလမ္းေကာင္းေလးပါ။ -သင္ တစ္လအတြင္း ေငြသုံးျဖစ္မယ့္ အေၾကာင္းအရာေတြကို က႑တစ္ခုစီလိုက္ ခြဲျခားပါ။ဥပမာ စားစရိတ္၊ဖုန္းေဘလ္၊အဝတ္အစားဖိုး၊ေဆးဝါး၊လမ္းစရိတ္၊အေပ်ာ္အပါးစသည္ျဖင့္ေပါ့။ -သင့္တစ္လစာဝင္ေငြကို အထက္ပါ က႑အေရအတြက္အလိုက္ တစ္ပုံစီခြဲပါ။ထိုတစ္ပုံစီလိုက္ကို စာအိတ္အသီးသီးတြင္ထည့္ၿပီး စာအိတ္ေပၚတြင္ ေခါင္းစဥ္တပ္ထားပါ။ ထိုစာအိတ္အလိုက္ ကုန္က်စရိတ္မ်ားကိုသုံးစြဲပါ။
အေရးႀကီးတဲ့အခ်က္ကေတာ့ စာအိတ္တစ္ခုစီမွာ ေငြကုန္ၿပီဆိုတာနဲ႔ တျခားစာအိတ္ကေနထုတ္မသုံးဖို႔ပါပဲ။ဥပမာ အေပ်ာ္အပါးအတြက္ စာအိတ္ထဲမွာ ပိုက္ဆံကုန္ေနၿပီဆိုပါက ေနာက္ထပ္လစာမရခင္အထိ အေပ်ာ္အပါးကိစၥမ်ားကိုရပ္တန႔္ထားပါ။သို႔ေပမယ့္ မျဖစ္မေနသုံးရမယ့္ကိစအတြက္ ဥပမာ စားစရိတ္အတြက္ပိုက္ဆံကုန္ေနၿပီဆိုပါက သိပ္အေရးမႀကီးတဲ့ စာအိတ္ထဲကေနယူသုံးလို႔ရပါတယ္။
ကဲ အထက္ပါနည္းလမ္း ၆ လမ္းထဲက သင္ႏွင့္အသင့္ေတာ္ဆုံးေငြစုနည္းက ဘာမ်ားျဖစ္မလဲ။
Crd



