ဒီစာလေးကိုဖတ်ကြည့်ပြီး အတွေးတစ်ခုခုရသွားမယ်၊ အသိတရားတစ်ခုခု ရသွားမယ်ဆို ကျေနပ်နေပါမယ်။
၁။အိမ်သန့်ရှင်းရေး၊ ထမင်းချက်၊ အဝတ်လျှော် နှင့် လိုအပ်သော ကိစ္စမှန်သမျှလုပ်ဆောင်ရမည်။
၂။တစ်နေ့လျှင် ၁၂ နာရီအနည်းဆုံးလုပ်ဆောင်ရမည်။
၃။အလုပ်ချိန်ဟူ၍မရှိပါ။မနက်မှ ညအထိ လိုအပ်သလို အလုပ်ဆင်းရပါမည်။ညအိပ်ချိန်၌လည်း လိုအပ်ရင်နိူးပြီးခိုင်းပါမည်။
၄။အနည်းဆုံး ၁၅ နှစ် ဆက်တိုက်လုပ်ဆောင်ရပါမည်။
၅။လုပ်ခလစာ မရှိပါ။
၆။အလုပ်လုပ်ပေးရတဲ့ အတွက် ကျွန်တော်တို့ကို ပြန်လည်ပြီးလိုအပ်သော ငွေကြေးများကိုလည်းထောက်ပံ့ပေးရပါမည်။
ဒီလို အလုပ်ခေါ်စာနဲ့အလုပ်ခန့်လျှင် မိတ်ဆွေ အနေနဲ့ပျော်ရွှင်စွာ လုပ်ငန်းခွင်ကို ဝင်နိုင်မလား?
သေချာပါတယ်။ဘယ်နည်းနဲ့မှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဒီအလုပ်တွေကိုပျော်ရွှင်စွာလုပ်ဆောင်နိုင်တဲ့လူနှစ်ယောက်ရှိတယ်ဆိုတာ မိတ်ဆွေသတိထားမိပါလား။
မိတ်ဆွေမွေးဖွားချိန်ကစတင်ပြီး ယခုအချိန်အထိ မိတ်ဆွေရဲ့လိုအပ်သော ကိစ္စမှန်သမျှ လုပ်ခ လစာ မရပဲလုပ်ဆောင်နေတဲ့လူနှစ်ယောက်က ဘယ်သူလဲ ဆိုတာကတော့ သင့်ရဲ့မိဘနှစ်ပါးပါ။
သူတို့အတွက် မိတ်ဆွေ ပြန်စဉ်းစားပြီးပြီလား။သူတို့ရဲ့လုပ်အား ငွေကြေး အချိန်အားလုံး ပေးခဲ့တဲ့ လူနှစ်ယောက် ကို မိတ်ဆွေ အနေနဲ့ ပြန်ပြီး ကျေးဇူဆပ်ဖို့အချိန်တန်ပါပြီ။
ဒီအချိန်ဟာ အသင့်လျော်ဆုံး အချိန်ပါပဲ။မွန်မြတ်တဲ့ကာလမှာအမွန်မြတ်ဆုံး လူနှစ်ယောက်ကို အပျော်ရွှင်ဆုံး ဖြစ်အောင်ဆောင်ရွက်ပေးလိုက်ပါတော့။
Credit… မူရင်းရေးသားသူ
Zawgyi
ဒီစာေလးကိုဖတ္ၾကည့္ၿပီး အေတြးတစ္ခုခုရသြားမယ္၊ အသိတရားတစ္ခုခု ရသြားမယ္ဆို ေက်နပ္ေနပါမယ္။
၁။အိမ္သန႔္ရွင္းေရး၊ ထမင္းခ်က္၊ အဝတ္ေလၽွာ္ ႏွင့္ လိုအပ္ေသာ ကိစၥမွန္သမၽွလုပ္ေဆာင္ရမည္။
၂။တစ္ေန႔လၽွင္ ၁၂ နာရီအနည္းဆုံးလုပ္ေဆာင္ရမည္။
၃။အလုပ္ခ်ိန္ဟူ၍မရွိပါ။မနက္မွ ညအထိ လိုအပ္သလို အလုပ္ဆင္းရပါမည္။ညအိပ္ခ်ိန္၌လည္း လိုအပ္ရင္နိူးၿပီးခိုင္းပါမည္။
၄။အနည္းဆုံး ၁၅ ႏွစ္ ဆက္တိုက္လုပ္ေဆာင္ရပါမည္။
၅။လုပ္ခလစာ မရွိပါ။
၆။အလုပ္လုပ္ေပးရတဲ့ အတြက္ ကၽြန္ေတာ္တို႔ကို ျပန္လည္ၿပီးလိုအပ္ေသာ ေငြေၾကးမ်ားကိုလည္းေထာက္ပံ့ေပးရပါမည္။
ဒီလို အလုပ္ေခၚစာနဲ႔အလုပ္ခန႔္လၽွင္ မိတ္ေဆြ အေနနဲ႔ေပ်ာ္ရႊင္စြာ လုပ္ငန္းခြင္ကို ဝင္နိုင္မလား?
ေသခ်ာပါတယ္။ဘယ္နည္းနဲ႔မွ လုပ္ေဆာင္နိုင္မွာ မဟုတ္ပါဘူး။ဒါေပမယ့္ ဒီအလုပ္ေတြကိုေပ်ာ္ရႊင္စြာလုပ္ေဆာင္နိုင္တဲ့လူႏွစ္ေယာက္ရွိတယ္ဆိုတာ မိတ္ေဆြသတိထားမိပါလား
မိတ္ေဆြေမြးဖြားခ်ိန္ကစတင္ၿပီး ယခုအခ်ိန္အထိ မိတ္ေဆြရဲ့လိုအပ္ေသာ ကိစၥမွန္သမၽွ လုပ္ခ လစာ မရပဲလုပ္ေဆာင္ေနတဲ့လူႏွစ္ေယာက္က ဘယ္သူလဲ ဆိုတာကေတာ့ သင့္ရဲ့မိဘႏွစ္ပါးပါ။
သူတို႔အတြက္ မိတ္ေဆြ ျပန္စဥ္းစားၿပီးၿပီလား။သူတို႔ရဲ့လုပ္အား ေငြေၾကး အခ်ိန္အားလုံး ေပးခဲ့တဲ့ လူႏွစ္ေယာက္ ကို မိတ္ေဆြ အေနနဲ႔ ျပန္ၿပီး ေက်းဇူဆပ္ဖို႔အခ်ိန္တန္ပါၿပီ။
ဒီအခ်ိန္ဟာ အသင့္ေလ်ာ္ဆုံး အခ်ိန္ပါပဲ။မြန္ျမတ္တဲ့ကာလမွာအမြန္ျမတ္ဆုံး လူႏွစ္ေယာက္ကို အေပ်ာ္ရႊင္ဆုံး ျဖစ္ေအာင္ေဆာင္ရြက္ေပးလိုက္ပါေတာ့Credit… မူရင္းေရးသားသူ



