ရွှေဝယ်မည့်သူများ ရွှေအကြောင်းစိတ်ဝင်စားသူများ သတိထားသင့်သော ထပ်ထည်လို့ခေါ်တဲ့ ရွှေအတု ( တခါလောက်မိရင် ရှိတာလေးတွေကုန်သွားနိုင်မလို့ ဖတ်ထားလိုက်ပါ )
လူအများမသိနိုင်သောလှပဆန်းသစ်သည့်အထည်များရှိသည်။သို့ရာတွင်ထိုရွှေထည်မျိုးတွင်မသမာသူဝိသမလောဘသားများက ပြုလုပ်ထားသောရွှေထည်များဖြစ်သဖြင့် တကယ်တမ်းတွင်အတွင်း၌ရွှေမဟုတ်သောသတ္တုတစ်မျိုးမျိုးကိုအပေါ်မှရွှေပါးပါးလေးကွပ်၍ရွှေဟုထင်ရအောင်ပြုလုပ်ထားခြင်းမျိုး ဖြစ်သည်။သာမန်လူများမသိရှိနိုင်ပေ။တစ်ခါတုန်းကမိတ်ဆွေတစ်ယောက် ဆွဲကြိုးတစ်ကုံးလာပြပါသည်။
ဆွဲကြိုးမှာတော်တော်လှသောဆွဲကြိုးဖြစ်သည်။ထိုမိတ်ဆွေကိုဘယ်မှာဝယ်ခဲ့တာလဲလို့မေးတော့အိမ်ကိုလာတတ်တဲ့ အသိတစ်ယောက်ဆီကဝယ်ထားတာလို့ဖြေပါတယ်။ကျွန်တော်လည်းသေချာကြည့်ရင်း ဘယ်လောက်သားရှိလဲလို့မေးလိုက်တဲ့အခါကျွန်တော်သိလိုက်ပါသည်။တစ်ခုခုတော့မှားနေပြီဟူ၍…..။ ဟုတ်ပါသည်ထိုဆွဲကြိုးသည်အပေါ်ယံသာရွှေပါသောဈေးကွက်၌ထပ်ထည်ဟုခေါ်သောအမျိုးအစားဖြစ်ပါသည်။
ထိုအထည်မျိုးသည်သူ့အလေးချိန်နှင့်ရွှေရည်ပေါ်မူတည် ၍ သူရှိရမည့်ထုထည်ထက်ပိုကြီးနေပါသည်။ (အကြောင်းမှာရွှေသည်ကျစ်လစ်၍သိပ်သည်းဆမြင့်သောသတ္တုဖြစ်ပြီးကျန်သတ္တုများမှာရွှေထက်ပွသောသတ္တုများဖြစ်ပါသည်။(ဥပမာ- ငွေ၊ ကြေး စသည်….) အရိုးရှင်းအလွယ်ကူဆုံးဥပမာတစ်ခုပေးပါမည်။ စာရှုသူအနေနှင့်ရွှေကိုချိန်တွယ်သောအခါသေချာလေ့လာကြည့်စေချင်ပါသည်။
တစ်ကျပ်သားအလေး နှင့် ညီမျှသောရွှေတုံးသည်တစ်ကျပ်သားအလေးထက်အရွယ်အစားသိသာစွာသေးငယ်နေသည်ကိုတွေ့ရပါမည်။ အထက်ဖော်ပြပါဆွဲကြိုးကိုကျွန်တော်မသင်္ကာဘူးဟုပြောပြီးသေချာစစ်ဆေးကြည့်သည့်အခါ ကျွန်တော်ထင်သည့်အတိုင်းရွှေအနည်းငယ်သာပါသောဆွဲကြိုးဖြစ်နေပါသည်။
ထိုမိတ်ဆွေဝယ်ယူခဲ့သောအလေးချိန်မှာတစ်ကျပ်ခွဲသားဖြစ်ပြီးအရွယ်အစားမှာနှစ်ကျပ်သားကျော်ခန့်ဟုမှန်းဆရသော ဆွဲကြိုးဖြစ်နေပါသည်။
တကယ်တမ်းမသင်္ကာ၍ရွှေပြန်လည်ချွတ်ယူသောအခါ နှစ်ပဲခန့်သာရှိသောရွှေကိုရရှိလေတော့သည်။ လူလိမ်တို့အသုံးချလေ့ရှိသေ ရိုးရှင်းသောမှန်းဆရခက်သောရွှေထည်မှာထပ်ထည်ပင်ဖြစ်သည်။ထိုထပ်ထည်မျိုးကိုပြည်တွင်းရွှေများတင်သာမကနိုင်ငံခြားမှလာသောရွှေထည်များတွင်ပါထိုကဲ့သို့အထည်မျိုးပါဝင်လာတတ်သည်။
ကိုမျက်မြင်တွေ့ဖူးပါသည်။ ထို့ကြောင့်အာမခံရွှေဆိုင်များမှမဟုတ်ဘဲအပြင်မှလာရောင်းချသောရွှေထည်များကိုအထူးသတိထားဝယ်ယူရန်နှင့်တတ်ကျွမ်းနားလည်သောပညာသည်ကိုပြသပြီးမှသာဝယ်ယူကြပါရန် မိတ်ဆွေတို့၏ အကျိုးစီးပွားအလို့ငှာတိုက်တွန်းဖော်ပြလိုက်ရပါသည်။
Zawgyi ဖြင့်ဖတ်ရန်
ေ႐ႊဝယ္မည့္သူမ်ား ေ႐ႊအေၾကာင္းစိတ္ဝင္စားသူမ်ား သတိထားသင့္ေသာ ထပ္ထည္ ေ႐ႊအတု ( တခါေလာက္မိရင္ ရွိတာေလးေတြကုန္သြားႏိုင္မလို႔ ဖတ္ထားလိုက္ပါ )
လူအမ်ားမသိႏိုင္ေသာလွပဆန္းသစ္သည့္အထည္မ်ားရွိသည္။သို႔ရာတြင္ထိုေ႐ႊထည္မ်ိဳးတြင္မသမာသူဝိသမေလာဘသားမ်ားက ျပဳလုပ္ထားေသာေ႐ႊထည္မ်ားျဖစ္သျဖင့္ တကယ္တမ္းတြင္အတြင္း၌ေ႐ႊမဟုတ္ေသာသတၱဳတစ္မ်ိဳးမ်ိဳးကိုအေပၚမွေ႐ႊပါးပါးေလးကြပ္၍ေ႐ႊဟုထင္ရေအာင္ျပဳလုပ္ထားျခင္းမ်ိဳး ျဖစ္သည္။သာမန္လူမ်ားမသိရွိႏိုင္ေပ။တစ္ခါတုန္းကမိတ္ေဆြတစ္ေယာက္ ဆြဲႀကိဳးတစ္ကုံးလာျပပါသည္။ ဆြဲႀကိဳးမွာေတာ္ေတာ္လွေသာဆြဲႀကိဳးျဖစ္သည္။ထိုမိတ္ေဆြကိုဘယ္မွာဝယ္ခဲ့တာလဲလို႔ေမးေတာ့အိမ္ကိုလာတတ္တဲ့
အသိတစ္ေယာက္ဆီကဝယ္ထားတာလို႔ေျဖပါတယ္။ကြၽန္ေတာ္လည္းေသခ်ာၾကည့္ရင္း ဘယ္ေလာက္သားရွိလဲလို႔ေမးလိုက္တဲ့အခါကြၽန္ေတာ္သိလိုက္ပါသည္။တစ္ခုခုေတာ့မွားေနၿပီဟူ၍…..။ ဟုတ္ပါသည္ထိုဆြဲႀကိဳးသည္အေပၚယံသာေ႐ႊပါေသာေဈးကြက္၌ထပ္ထည္ဟုေခၚေသာအမ်ိဳးအစားျဖစ္ပါသည္။ထိုအထည္မ်ိဳးသည္သူ႔အေလးခ်ိန္ႏွင့္ေ႐ႊရည္ေပၚမူတည္၍
သူရွိရမည့္ထုထည္ထက္ပိုႀကီးေနပါသည္။ (အေၾကာင္းမွာေ႐ႊသည္က်စ္လစ္၍သိပ္သည္းဆျမင့္ေသာသတၱဳျဖစ္ၿပီးက်န္သတၱဳမ်ားမွာေ႐ႊထက္ပြေသာသတၱဳမ်ားျဖစ္ပါသည္။(ဥပမာ- ေငြ၊ ေၾကး စသည္….) အ႐ိုးရွင္းအလြယ္ကူဆုံးဥပမာတစ္ခုေပးပါမည္။ စာရႈသူအေနႏွင့္ေ႐ႊကိုခ်ိန္တြယ္ေသာအခါေသခ်ာေလ့လာၾကည့္ေစခ်င္ပါသည္။
တစ္က်ပ္သားအေလး ႏွင့္ ညီမွ်ေသာေ႐ႊတုံးသည္တစ္က်ပ္သားအေလးထက္အ႐ြယ္အစားသိသာစြာေသးငယ္ေနသည္ကိုေတြ႕ရပါမည္။ အထက္ေဖာ္ျပပါဆြဲႀကိဳးကိုကြၽန္ေတာ္မသကၤာဘူးဟုေျပာၿပီးေသခ်ာစစ္ေဆးၾကည့္သည့္အခါ ကြၽန္ေတာ္ထင္သည့္အတိုင္းေ႐ႊအနည္းငယ္သာပါေသာဆြဲႀကိဳးျဖစ္ေနပါသည္။ ထိုမိတ္ေဆြဝယ္ယူခဲ့ေသာအေလးခ်ိန္မွာတစ္က်ပ္ခြဲသားျဖစ္ၿပီး
အ႐ြယ္အစားမွာႏွစ္က်ပ္သားေက်ာ္ခန႔္ဟုမွန္းဆရေသာ ဆြဲႀကိဳးျဖစ္ေနပါသည္။တကယ္တမ္းမသကၤာ၍ေ႐ႊျပန္လည္ခြၽတ္ယူေသာအခါ ႏွစ္ပဲခန႔္သာရွိေသာေ႐ႊကိုရရွိေလေတာ့သည္။ လူလိမ္တို႔အသုံးခ်ေလ့ရွိေသ ႐ိုးရွင္းေသာမွန္းဆရခက္ေသာေ႐ႊထည္မွာထပ္ထည္ပင္ျဖစ္သည္။ထိုထပ္ထည္မ်ိဳးကိုျပည္တြင္းေ႐ႊမ်ားတင္သာမကႏိုင္ငံျခားမွလာေသာေ႐ႊထည္မ်ားတြင္ပါထိုကဲ့သို႔အထည္မ်ိဳးပါဝင္လာတတ္သည္
ကိုမ်က္ျမင္ေတြ႕ဖူးပါသည္။ ထို႔ေၾကာင့္အာမခံေ႐ႊဆိုင္မ်ားမွမဟုတ္ဘဲအျပင္မွလာေရာင္းခ်ေသာေ႐ႊထည္မ်ားကိုအထူးသတိထားဝယ္ယူရန္ႏွင့္တတ္ကြၽမ္းနားလည္ေသာပညာသည္ကိုျပသၿပီးမွသာဝယ္ယူၾကပါရန္ မိတ္ေဆြတို႔၏ အက်ိဳးစီးပြားအလို႔ငွာတိုက္တြန္းေဖာ္ျပလိုက္ရပါသည္။