ၾကားသိရသမွ်

စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ

စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ

စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ

ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရဇူလိုင်၁၁ရက်မှ၁၇ရက်အထိရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၆၅၀ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယခုတစ်ပတ် ရန်ကုန်အထိုင် စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ၄၆၅၀ ကျပ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက ထုတ်ပြန် ပါတယ်။

ကျောက်တံတားမြို့နယ်နေ အိမ်ရှင်မတစ်ဦးက “ သူတို့ပြောတဲ့ဈေးက ဈေးထဲ မရောက်သေးဘူးထင်တယ်(ရယ်လျက်) ။ အပြင်မှာ အနည်းဆုံး ၇၀၀၀ ကျော်ပဲ” လို့ မှတ်ချက်ပေးပါတယ်။

ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက

အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမယ်ဆိုပြီးတော့ လည်း ထုတ်ပြန်ထားပါတယ်။
crd







crd