မင်းမော်ကွန်းရေးသားလိုက်တဲ့ ဦးခိုင်တင်အတွက် ဝမ်းနည်းစရာကောင်းတဲ့ နောက်ဆုံးနုတ်ဆက်စကား
ပရိသတ်ကြီးရေ ဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့
ဇာတ်ရံသရုပ်ဆောင် ပန်ချီးဦးခိုင်တင်ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. မြန်မာဇာတ်လမ်းတိုင်းလိုလိုမှာ ပါဝင်တတ်သူ
ဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာကို
ခိုင်မာအောင် ယူထားနိုင်သူဖြစ်ပါတယ်။ . ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်အခြေအနေကို တောင့်ခွံထားနိုင်ဖို့ဆိုတာ မလွယ်ကူပါ
ဘူးနော်. နေ့ရက်တိုင်းအချိန်တိုင်းမှာ လိုအပ်နေတဲ့အောက်ဆီဂျင်တွေ မရရှိနိုင်တာကြောင့် အသက်ပေါင်းများစွာဆုံးရှုံးနေကြရပြီပဲ
ဖြစ်ပါတယ်။ အသက်ဆုံးရှုံး၇တဲ့ ပြည်သူတွေထဲ
မှာလည်း အနုပညာရှင်များကိုယ်တိုင်လည်း ပါဝင်နေသလို သူတို့ရဲ့မိသားစုဝင်များကိုလည်း ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ တစ်ချို့
အနုပညာရှင်များဆိုရင် ကိုယ်တိုင်လည်း ရောဂါပိုးကြောင့် ခံစားနေရတာ ဖြစ်သလို တစ်ချို့လည်း ပြည်သူတွေကို အလှူူအတန်းတွေ
ပြုလုပ်ပေးနေကြသူများလည်း ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ ဦးခိုင်တင်ကတော့ မနေ့က ဇူလိုင်လ
(၃၀)ရက်နေ့မှာ ဘဝတစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။ ဦးခိုင်တင်က သူချစ်ရတဲ့ မိသားစုတွေ ပရိသတ်တွေကို
အပြီးတိုင်နှုတ်ဆက်ခွဲခွာခဲ့ရပါတယ်။ ဦးခိုင်တင်
ကတော့ ကိုဗစ်ရောဂါပိုးကို ကူးစက်ခံခဲ့ရပေမဲ့ ရက်တိုတိုအတွင်းမှာပဲ လောကကြီးကို နုတ်ဆက်သွားတာ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်
လောကရဲ့ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးခိုင်တင် ကွယ်လွန်သွားခဲ့တာကြောင့် အနုပညာအသိုင်းဝိုင်းက
လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း စိတ်မ
ကောင်းဖြစ်နေခဲ့ပြီး ဝမ်းနည်းကြောင်း စာတွေကိုလည်း တင်ထားခဲ့ကြတာဖြစ်ပါတယ်။ မိသားစုနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေလည်း
စိတ်မကောင်းဖြစ်ကြသလို ဦးခိုင်တင်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြရမှာတော့ အမှန်ပါပဲ
နော်..လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့
မင်းသားချော မင်းမော်ကွန်းကလည်း ပန်းချီဦးခိုင်တင် ကွယ်လွန်ကြောင်း သိရတဲ့အတွက် များစွာဝမ်းနည်းကြေကွဲရပါတယ်။ ဘကြီး
ခိုင်ရေ ငြိမ်းချမ်းစွာအနားယူပါတော့ခင်ဗျာ ဆိုပြီး စိတ်မကောင်းစွာ တင်ထားတာ ဖြစ်ပါတယ်။ ဦးခိုင်တင်တစ်ယောက် ကောင်းရာ
သုဂတိလားပါစေလို့ Weekly Myanmar စာ
ဖတ်ပရိသတ်ကြီးနဲ့အတူ ဆုမွန်ေကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကိုလည်း ဦးခိုင်တင်ကွယ်လွန်သွားတဲ့သတင်း
လေးကို ကနေ စိတ်မကောင်းစွာနဲ့ပဲမျှဝေဖော်ပြပေးလိုက်ပါတယ်
Source – Kyaw Kyaw Htay Lwin



