တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်မြစ် ဒေသခွဲက လီဆူမိန်းကလေး Yu Yanqia ဟာ မူလတန်းကျောင်း ပထမနှစ်ကစပြီး နုကျန်မြစ် တစ်ဖက်ကမ်းမှာ မှာရှိတဲ့ ကျောင်းကို တက်ဖို့ Zipline လို့ခေါ်တဲ့ ကြိုးတစ်ချောင်း တံတားကို ဖြတ်ကူးပြီးသွားခဲ့ရပါတယ်

အဲဒီကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးဖို့ သူ့ဆီမှာ ကိုယ်နဲ့မခွာဆောင်ထားတဲ့ ကြိုးတစ်ချောင်း ရှိပါတယ်
ကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးတဲ့အခါမှာ သူ့မှာဆောင်ထားတဲ့ကြိုးနဲ့ ချိတ်ပြီး ဖြတ်ကူးလေ့ရှိပါတယ်

မြစ်ရေပြင်ပေါ်မှာ ရှိနေတဲ့ တစ်ချောင်းထဲသောကြိုးကနေ စီးပြီး မြစ်ကို ဖြတ်ကူးဖို့ဆိုတာ ကလေးမပြောနဲ့ တချို့လူကြီးတွေတောင် ပြုလုပ်ဖို့ ခက်ခဲပါတယ်
Yu Yanqia ဆိုတဲ့ ဒီမိန်းကလေးကတော့ အဲဒီကြိုးကို စီးပြီး မြစ်ကိုဖြတ်ကူးကာ နေ့စဉ်ကျောင်းတက်ခဲ့ရပါတယ်

Yu Yanqia ရဲ့ အခက်အခဲနဲ့ ကြိုးစားမှုတွေကို သိရှိလာကြတဲ့ စေတနာကောင်းသူများစွာက သူမကို ကူညီကြပါတယ်။
အဲလိုကူညီမှုတွေရရှိခဲ့တဲ့အတွက် သူမဟာ နောင်တချိန်မှာ မိမိအနေနဲ့ တခြားလူတွေကိုလည်း ကူညီချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုချိန်မှာတော့ လီဆူမိန်းကလေး Yu Yanqia ဟာ ပြီးခဲ့တဲ့ဇွန်လက ကူမင်းဆေးတက္ကသိုလ်မှာ ဘွဲ့ရပြီး ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပါပြီ
သူမဟာ ဇာတိရပ်ရွာကို ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီး နုကျန်မြစ် ဒေသခွဲ ပြည်သူ့ဆေးရုံမှာ ဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

အခက်အခဲအမျိုးအမျိုးကို ကြိုးစားကျော်ဖြတ်ပြီး ကိုယ့် ဇာတိရပ်ရွာကို မမေ့တဲ့ ဒီလို မိန်းကလေးမျိုးကတော့ တကယ်ကို ချီးကျူးထိုက်ပါပေတယ်. . .

REF : CRI
စွယ်စုံသုတ
Zawgyi
တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်မြစ် ဒေသခွဲက လီဆူမိန်းကလေး Yu Yanqia ဟာ မူလတန်းကျောင်း ပထမနှစ်ကစပြီး နုကျန်မြစ် တစ်ဖက်ကမ်းမှာ မှာရှိတဲ့ ကျောင်းကို တက်ဖို့ Zipline လို့ခေါ်တဲ့ ကြိုးတစ်ချောင်း တံတားကို ဖြတ်ကူးပြီးသွားခဲ့ရပါတယ်
အဲဒီကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးဖို့ သ့ဆီမှာ ကိုယ်နဲ့မခွာဆောင်ထားတဲ့ ကြိုးတစ်ချောင်း ရှိပါတယ်

ကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးတဲ့အခါမှာ သူ့မှာဆောင်ထားတဲ့ကြိုးနဲ့ ချိတ်ပြီး ဖြတ်ကူးလေ့ရှိပါတယ်
မြစ်ရေပြင်ပေါ်မှာ ရှိနေတဲ့ တစ်ချောင်းထဲသောကြိုးကနေ စီးပြီး မြစ်ကို ဖြတ်ကူးဖို့ဆိုတာ ကလေးမပြောနဲ့ တချို့လူကြီးတွေတောင် ပြုလုပ်ဖို့ ခက်ခဲပါတယ်
Yu Yanqia ဆိုတဲ့ ဒီမိန်းကလေးကတော့ အဲဒီကြိုးကို စီးပြီး မြစ်ကိုဖြတ်ကူးကာ နေ့စဉ်ကျောင်းတက်ခဲ့ရပါတယ်

Yu Yanqia ရဲ့ အခက်အခဲနဲ့ ကြိုးစားမှုတွေကို သိရှိလာကြတဲ့ စေတနာကောင်းသူများစွာက သူမကို ကူညီကြပါတယ်တယ်။
အဲလိုကူညီမှုတွေရရှိခဲ့တဲ့အတွက် သူမဟာ နောင်တချိန်မှာ မိမိအနေနဲ့ တခြားလူူတွေကိုလည်း ကူညီချင်တယ်လို့ ပြောကြားခဲ့ပါတယ်။