ၾကားသိရသမွ်

ထိုင်းက လာတယ်ဆိုတဲ့ ဟော့ဒေါ့ချောင်း ၃ ချောင်း စားမိလို့ ဆေးရုံရောက်သွားရတဲ့ အဖြစ်

ထိုင်းက လာတယ်ဆိုတဲ့ ဟော့ဒေါ့ချောင်း (၃) ချောင်း စားမိလို့ ဆေးရုံရောက်သွားရတဲ့ အဖြစ်

အရေးကြီးလို့ ကလေးရှိတဲ့ မေမေတွေမကျော်သွားပါနဲ့နော်.. သားသားက ကိုရီးယားအကင် အရမ်းကြိုက်တဲ့ သူပါ.. မေမေကလည်း ကျွေးနေကျမို့ သူပူဆာလို့ ကျွေးမိပါတယ်..

ခုပြောချင်တာက ခါတိုင်းစားရင် ဘာမှ မဖြစ်တတ်ပဲ ဟော့ဒေါ့ချောင်း ကြက်နီ တံဆိပ်ကို အိမ်မှာ ဝယ်ပြီး ကြော်ကျွေးမိတယ်.. သားသားက ၃ ချောင်း စားမိတယ်..

စားပြီး တစ်နာရီကျော် ကြာတော့ သားသား မအီမလယ် ဖြစ်လာပါတယ်.. နှုတ်ခမ်းတွေ ပြာတတ်ပြီး ညတစ်ကိုယ်လုံး ဖြူစုတ်လာပါတယ်.. အစာမကြေဘူး ထင်ပြီး မေမေကတော့ မြန်မာ လျက်ဆား လေး ကျွေးတယ်..

ခဏနေတော့ သားသားက အကုန် ပြန် အန်ထွက်တယ်.. ဆေးခန်း သွားတော့ GP ဆရာဝန် က vitamin C 500 အား တိုက်ပြီး အခြေနေ ကြည့်ခိုင်းပါတယ်.. သားသားက နှုတ်ခမ်း ပြာတာတွေ မလျော့သွားပါဘူး..

အမျိူး ဆရာဝန်က အောက်ဆီဂျင်တိုင်း ခိုင်းတော့ 91 ပဲ ရှိတယ်.. ဆရာက သူ့ဆီ အမြန်လာခိုင်းတော့ ဆရာ့ဆီ ရောက်တော့ အောက်ဆီဂျင်က 76 ပဲရှိတော့တယ်.. ဆရာက ဆေးရုံ အမြန်ပြေးခိုင်းပါတယ်..

ဆေးရုံရောက်တော့ သားသားက ဒီ case နဲ့ ဆေးရုံ ရောက်လာတာ ၄ ယောက်မြောက်တဲ့.. အရင် လူတွေက သားသား ထက်ပိုဆိုးတယ်တဲ့.. ပြာပြီး တက်ပါ တက်တာတဲ့.. ဆရာဝန်တွေလဲ လို အပ်တာ လုပ်ပေးပီး ခုတော့ သားသား ပြန်သက်သာ လာပါပြီ.

အောက်ဆီဂျင်ကတော့ တစ်ညလုံး ရှုရပါတယ်.. သား ဆေးရုံကတောင် မဆင်းရသေးဘူး သားသားလိုမျိူး ကြက်အူချောင်းအနီ စားပီးဆေးရုံ ရောက်လာတာ နောက်ထပ် ၂ ယောက်.. ပြာတတ် လာပီး အောက်ဆီ ဂျင်တွေ ကျလာတာ.. ကလေးတွေ သနားပါတယ်။

ဆရာဝန် ကြီးတွေ round လှည့်တော့ သူတို့ဆေးရုံတွေမှာလည်း ကြက်အူချောင်း စားလို့ ရောက်လာတဲ့ ကလေးတွေ ၁၀ ယောက်လောက်ရှိပြီတဲ့.. ဒီမေမေလည်း အရမ်းပြာပီး ငိုဖို့ ကလွဲပီး ဘာမှ မတတ်နိုင်ခဲ့ဘူး..

သားသား လိုမျိူး ကလေးတွေ ထပ်မဖြစ်အောင် မေမေတွေ ဂရုစိုက်ပြီး ကျွေးပါနော်.. ဒေါက်တာညီညီ (အင်းစိန်) နှင့်ပါရမီဆေးရုံမှ ဆရာ ဆရာမ များကို ကျေးဇူးအထူးတင်ပါတယ်..

Hninsi Wah

ပုံမှာ ပြထားတဲ့ ထိုင်းကလာတယ်ဆိုတဲ့ ကြက်နီတံဆိပ် ဟော့ဒေါ့ချောင်းကို စားမိတဲ့ ကလေး တော်တော်များများ ဒီလို ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအောက်လမ်းကနေ ဝင်လာတဲ့ ဈေးသက်သာတဲ့ ဟော့ဒေါ့ချောင်းတွေဟာ ကျန်းမာရေး စစ်ဆေးမှု မရှိ၊ အာမခံချက်မရှိတဲ့ တရားမဝင် ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။

ယခုလို တာဝန်ခံမှု မရှိ၊ အုပ်ချုပ်မှု ပျက်ပြားနေတဲ့ ကာလမှာ အန္တရာယ် ရှိစေတဲ့ ဒီလို အစားအသောက်တွေ မြန်မာပြည်ထဲကို အများအပြား ဝင်လာနေပါတယ်။ တခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားရင် ဘာမှ မတတ်နိုင်ပါဘူး။ အဲဒါကြောင့် မိဘများအနေနဲ့ တတ်နိုင်သမျှ အပြင်စာတွေကို စိစစ်ပြီးမှ ကလေးတွေကို ကျွေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

ထိုင္းက လာတယ္ဆိုတဲ့ ေဟာ့ေဒါ့ေခ်ာင္း (၃) ေခ်ာင္း စားမိလို႔ ေဆး႐ုံေရာက္သြားရတဲ့ အျဖစ္

အေရးႀကီးလို႔ ကေလးရွိတဲ့ ေမေမေတြမေက်ာ္သြားပါနဲ႔ေနာ္.. သားသားက ကိုရီးယားအကင္ အရမ္းႀကိဳက္တဲ့ သူပါ.. ေမေမကလည္း ေကၽြးေနက်မို႔ သူပူဆာလို႔ ေကၽြးမိပါတယ္..

ခုေျပာခ်င္တာက ခါတိုင္းစားရင္ ဘာမွ မျဖစ္တတ္ပဲ ေဟာ့ေဒါ့ေခ်ာင္း ၾကက္နီ တံဆိပ္ကို အိမ္မွာ ဝယ္ၿပီး ေၾကာ္ေကၽြးမိတယ္.. သားသားက ၃ ေခ်ာင္း စားမိတယ္..

စားၿပီး တစ္နာရီေက်ာ္ ၾကာေတာ့ သားသား မအီမလယ္ ျဖစ္လာပါတယ္.. ႏႈတ္ခမ္းေတြ ျပာတတ္ၿပီး ညတစ္ကိုယ္လုံး ျဖဴစုတ္လာပါတယ္.. အစာမေၾကဘူး ထင္ၿပီး ေမေမကေတာ့ ျမန္မာ လ်က္ဆား ေလး ေကၽြးတယ္..

ခဏေနေတာ့ သားသားက အကုန္ ျပန္ အန္ထြက္တယ္.. ေဆးခန္း သြားေတာ့ GP ဆရာဝန္ က vitamin C 500 အား တိုက္ၿပီး အေျခေန ၾကည့္ခိုင္းပါတယ္.. သားသားက ႏႈတ္ခမ္း ျပာတာေတြ မေလ်ာ့သြားပါဘူး..

အမ်ိဴး ဆရာဝန္က ေအာက္ဆီဂ်င္တိုင္း ခိုင္းေတာ့ 91 ပဲ ရွိတယ္.. ဆရာက သူ႔ဆီ အျမန္လာခိုင္းေတာ့ ဆရာ့ဆီ ေရာက္ေတာ့ ေအာက္ဆီဂ်င္က 76 ပဲရွိေတာ့တယ္.. ဆရာက ေဆး႐ုံ အျမန္ေျပးခိုင္းပါတယ္..

ေဆး႐ုံေရာက္ေတာ့ သားသားက ဒီ case နဲ႔ ေဆး႐ုံ ေရာက္လာတာ ၄ ေယာက္ေျမာက္တဲ့.. အရင္ လူေတြက သားသား ထက္ပိုဆိုးတယ္တဲ့.. ျပာၿပီး တက္ပါ တက္တာတဲ့.. ဆရာဝန္ေတြလဲ လို အပ္တာ လုပ္ေပးပီး ခုေတာ့ သားသား ျပန္သက္သာ လာပါၿပီ.

ေအာက္ဆီဂ်င္ကေတာ့ တစ္ညလုံး ရႈရပါတယ္.. သား ေဆး႐ုံကေတာင္ မဆင္းရေသးဘူး သားသားလိုမ်ိဴး ၾကက္အူေခ်ာင္းအနီ စားပီးေဆး႐ုံ ေရာက္လာတာ ေနာက္ထပ္ ၂ ေယာက္.. ျပာတတ္ လာပီး ေအာက္ဆီ ဂ်င္ေတြ က်လာတာ.. ကေလးေတြ သနားပါတယ္။

ဆရာဝန္ ႀကီးေတြ round လွည့္ေတာ့ သူတို႔ေဆး႐ုံေတြမွာလည္း ၾကက္အူေခ်ာင္း စားလို႔ ေရာက္လာတဲ့ ကေလးေတြ ၁၀ ေယာက္ေလာက္ရွိၿပီတဲ့.. ဒီေမေမလည္း အရမ္းျပာပီး ငိုဖို႔ ကလြဲပီး ဘာမွ မတတ္နိုင္ခဲ့ဘူး..

သားသား လိုမ်ိဴး ကေလးေတြ ထပ္မျဖစ္ေအာင္ ေမေမေတြ ဂ႐ုစိုက္ၿပီး ေကၽြးပါေနာ္.. ေဒါက္တာညီညီ (အင္းစိန္) ႏွင့္ပါရမီေဆး႐ုံမွ ဆရာ ဆရာမ မ်ားကို ေက်းဇူးအထူးတင္ပါတယ္..

Hninsi Wah

ပုံမွာ ျပထားတဲ့ ထိုင္းကလာတယ္ဆိုတဲ့ ၾကက္နီတံဆိပ္ ေဟာ့ေဒါ့ေခ်ာင္းကို စားမိတဲ့ ကေလး ေတာ္ေတာ္မ်ားမ်ား ဒီလို ျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္းေအာက္လမ္းကေန ဝင္လာတဲ့ ေဈးသက္သာတဲ့ ေဟာ့ေဒါ့ေခ်ာင္းေတြဟာ က်န္းမာေရး စစ္ေဆးမႈ မရွိ၊ အာမခံခ်က္မရွိတဲ့ တရားမဝင္ ကုန္ပစၥည္းေတြ ျဖစ္ပါတယ္။

ယခုလို တာဝန္ခံမႈ မရွိ၊ အုပ္ခ်ဳပ္မႈ ပ်က္ျပားေနတဲ့ ကာလမွာ အႏၲရာယ္ ရွိေစတဲ့ ဒီလို အစားအေသာက္ေတြ ျမန္မာျပည္ထဲကို အမ်ားအျပား ဝင္လာေနပါတယ္။ တခုခု ဆိုးဆိုးဝါးဝါး ျဖစ္သြားရင္ ဘာမွ မတတ္နိုင္ပါဘူး။ အဲဒါေၾကာင့္ မိဘမ်ားအေနနဲ႔ တတ္နိုင္သမၽွ အျပင္စာေတြကို စိစစ္ၿပီးမွ ကေလးေတြကို ေကၽြးသင့္ေၾကာင္း တိုက္တြန္းလိုက္ရပါတယ္ ခင္ဗ်ာ။