“အလုပ်လုပ်ပြီး စုထားတဲ့ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်ကို ၂ထောင်ကျပ်ပဲဖယ်ပြီး ကျန်တာအကုန် လှူဒါန်းခဲ့တဲ့ အလှူရှင်”
ဦးသန်းစိန်က အဝီစိတွင်း စက်ရေတွင်း အငှားလိုက်တူးပေးပြီး ရေတွင်းတူးခများ ရရှိသမျှကို ခြိုးခြံချွေတာ စားသောက်နေထိုင်ပြီး
ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိကျပ် (လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်)ထဲမှ ၂၀၀ဝကိုသာ သုံးစွဲရန် ချန်ထားပြီး
လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းခဲ့ပါတယ်။
UPho Thar
#36myanmarchannel
unicode