ၾကားသိရသမွ်

မႏၲေလးသူေတြရဲ့ “ဖ်င္ၾကားညိဳ ျပႆ နာ”… စိတ္မဆိုးတတ္မွ အျပည့္အစုံဖတ္ၾကည့္ေနာ္..

မန္တလေးသူတွေရဲ့ “ဖျင်ကြားညို ပြဿ နာ”… စိတ်မဆိုးတတ်မှ အပြည့်အစုံဖတ်ကြည့်နော်..

ရဘူးနော် . . . .ခ်ခ်ခ်( စာရေးတဲ့သူ ပေါက်ပေါက်ရှာရှာတွေးတတ်ပုံများ)

“ဖင်ကြားညို ပြဿ နာ”

1. ဒီရက်ပိုင်းက ပြဿ ဒါးလွတ်ပုံ မရဘူး။

ဘာစာရေးရေး နောက်ဆက်တွဲ ပြဿ နာလေးတွေနဲ့။

2. တရက်က ရေးမိတယ်…

‘မန္တလေးသူ ဖင်ကြားညို’… လို့။

အဲ့ဒါကိုဗျာ မန္တလေးသူ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး ရန်လုပ်တယ်… …

“ဦးသန်ရာ… မန္တလေးသူဖင်ကြားညိုလို့တော့ သိမ်းကြုံးမပြောသင့်ပါဘူးဗျာ”

“ဟာ… သိမ်းကြုံးမပြောမိပါဘူး၊ ကိုယ့်လူကိုယ် ပြောတာပါ”

“ခုမှ မုန်လာဥလာမလုပ်နေနဲ့”

“ကဲ ဒါဆို ငါမေးမယ်၊ ကြမ်းပြင်ပေါ် တင်ပြင်ခွေပြီး အကြာကြီးထိုင်ရင် ခြေမျက်စေ့တွေ ဘာဖြစ်တတ်လဲ ဖြေ”

“ညို မဲ လာတာပေါ့ဗျ”’

“အေး… နောက်တခုမေးမယ်၊ အကြောင်းကြောင်းကြောင့် ဒူး ခဏခဏထောက်ရတဲ့သူတွေရဲ့ ဒူးက ကြာလာရင် ဘာဖြစ်မလဲ”

“ဒူးကြီး ညိုမဲလာတာပေါ့ဗျ”

“ဟုတ်ပြီ… ထပ်မေးမယ်၊ တချို့မိန်းကလေးတွေ ခြေဖနောင့် အထက်နားမှာ ဘာလို့ မဲမဲအကွက်လေး ဖြစ်နေတာလဲ”

“သူ့ ကြိုးသိုင်းဖိနပ်က ကြိုးနဲ့ ပွတ်မိလို့ပေါ့ဗျ”

“မှန်တာပေါ့… ကဲ မြန်မာပြည်မှာ မန္တလေးက စက်ဘီး ဆိုင်ကယ် အများဆုံး စီးတယ်ဆိုရင် နင် ငြင်းမလား”

“မငြင်းဘူး”

“အာ့ဆို… စက်ဘီးထိုင်ခုံနဲ့ အမြဲပွတ်တိုက်နေတဲ့ ဒို့ မန်းသူမန်းသားတွေရဲ့ ဖင်ကြားမှ မညိုရင် ဘယ်သူညိုမလဲ ကဲ”

“ဟာဗျာ… မသိဘူးဗျာ… ဘယ်သူညိုညို ကျနော်မညိုဘူးဗျာ… ‘

“ညည်း သေချာလို့လား အေ့”

“သေချာတယ်ဗျာ… ခင်ဗျားကြီး လူယုတ်မာကြီး၊ အကုန်လျှောက်စဉ်းစာနေတာ၊ တောက်စ်… မမြင်ဖူးဘဲနဲ့ကို မှန်အောင် ပြောနိုင်တာ၊ ရှက်တယ် ရှက်တယ် ဟင့် ဟင့်”

အဲ့ကလေးမလည်း ဖင်ကြားညိုကိစ္စကြောင့် လောကီကို စိတ်ကုန်ပြီး သီလရှင် ဝတ်သွားရှာတယ်သာဓု သာဓု သာဓု

3. တရက်က ဘယ်ခြေထောက် အရမ်းကိုက်နေလို့ ရုံးလစ်ပြီး ထိုင်းမာဆတ်မှာ သွားအနှိပ်ခံတယ်။

ကိုယ့်နှိပ်ပေးတဲ့ မိန်းကလေးက ကိုယ့်ကို သိနေတယ်… ….

“ဦးက ဦးသန်၄ကို မလား”

“ငင်… ဘယ်လိုသိလဲ”

“သမီးနဲ့က ဖေ့စ်ဘုတ်မှာ ဖရန့်လေ”

“”အော်… အေး အေး…၊ ငါ ဒီကိုလာတယ်လို့တော့ ပို့စ်မတင်နဲ့နော်”

“ဘာလို့လဲ ဦးရဲ့”

“မိန်းမယူခါနီး သူနဲ့ပြသနာမတက်ချင်ဘူးအေ”

“ဟုတ်ကဲ့ပါ… ဦးတို့က ဘာလို့ခုထိ မယူသေးတာလဲ”

“သူက သူ့အနုပညာအလုပ်တွေနဲ့ ရှုပ်နေတာလေ၊ သူ အကယ်ဒမီမရခင် လက်မထပ်ချင်သေးဘူးဆိုလို့ စောင့်နေရတာ”

“အော်… ဦး ချစ်သူက ရုပ်ရှင်မင်းသမီးပေါ့”

“အေး……”

“ဘယ်သူလဲ ဟင်”

“နန်းခင်ဇေယျာ…”

“ဖွီးစ်စ်… အဟုတ်မှတ်လို့ နားထောင်နေတာ၊ အနောက်သန်တယ် ဦးက”

“ဟီး… ဟီး…”

“ဒါနဲ့ ဦးကို ကြုံလို့ မေးအုံးမယ်”

“မေး…”

“မန္တလေးသူတွေက ဘာလို့ ဖင်ကြားညိုတာလဲဟင်…”

အင်း… ဒီကိစ္စက မပြီးသေးပါလား ဒုက္ခပါပဲ

မတတ်နိုင်ဘူး ကိုယ်စမိတဲ့ဇာတ်လမ်း

အမေးရှိက အဖြေရှိရတော့မှာပေါ့

4. အဲ့ဒါနဲ့…

ဟိုနေ့က မယ်သီလရှင် ဝတ်သွားတဲ့ ကလေးမကို ရှင်းပြသလိုပဲ သူ့ကို ရှင်းပြလိုက်တယ်။

“… … အဲ့လို စက်ဘီး ဆိုင်ကယ် စီးတာများလို့ ညိုတာအေ့၊ မဟုတ်ပါဘူးငြင်းရင် ညာတာ”

“အင်း… အဲ… ဦးကလည်း ရှက်စရာကြီး”

“ရှက်စရာ မဟုတ်ပါဘူး၊ ဒါ သဘာဝပါ၊ ဒါနဲ့ ညည်းကရော ဘယ်မြို့ကလည်း”

“သမီးက လမ်းပဲလျှောက်တာ”

“ဘယ်မြို့ကလည်း မေးတာအေ့၊ ညည်းကို လမ်းလျှောက်သလား စက်ဘီးဆိုင်ကယ် စီးသလား မေးနေတာမဟုတ်ဘူး”

“သမီးမြို့ကိုသိရင် သမီးစက်ဘီးဆိုင်ကယ် စီးတာ သိမှာပေါ့၊ အာ့ဆို ဦးက သမီးကို သမီးကို ဟိုဒင်းညိုတယ်လို့ တွေးနေမှာ..”

“ခက်ဖူးလား၊ ညည်းဟာက အန္တရာယ်ကို ကြိုမြင်လိုက်ပုံများ ဟိုပုံပြင်ထဲက သားဖွားမီးယပ် ဆရာဝန်ကြီးနဲ့ သူ့နပ်စ်မလေးလို ဖြစ်နေပြီ”

“ပြောပါအုံး… အဲ့ပုံပြင်…”

5. ဒါနဲ့ သူ့ကို ပုံပြင်ပြောပြရတယ်။

ကြားဖူးနားဝပါ ဘယ်သူက မူရင်းလဲတော့ မသိတော့ပါဘူး။

ဒီလို…

တခါက သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးတစ်ယောက် ရှိသတဲ့။

မွေးလူနာတွေ ကလေးမွေးပြီးရင် မိန်းမကိုယ် မွေးလမ်းကြောင်းကို ပြန်ချုပ်တဲ့အခါတိုင်း… ဆရာဝန်ကြီးက ထမကြည့်ဘဲနဲ့ သူ့နပ်စ်မလေးကို ခိုင်းသတဲ့… ..

“ဆရာမရေ… နံပတ် ၁ မွေးလူနာကို ၃ ချက် ချုပ်လိုက်ပါ”

“ဟုတ်ကဲ့ ဆရာ”

“ဆရာမရေ… နံပတ် ၂ မွေးလူနာကို ၂ ချက်ပဲ ချုပ်ပါ”

“ဟုတ်ကဲ့ ဆရာ”

“ဆရာမရေ… နံပတ် ၃ မွေးလူနာကိုတော့၆ ချက် ချုပ်ပါ”

“ဟုတ်ကဲ့ ဆရာ”

ဒါနဲ့ နပ်စ်မလေးက မေးတယ်… …

“ဆရာရယ်… မွေးလူနာကို ထတောင်မကြည့်ဘဲနဲ့ ဘယ်နှချက်ချုပ်ပါလို့ ဆရာကပြောတယ်၊ ပြောတဲ့အတိုင်း ကျမချုပ်လိုက်တာ ကွက်တိချည်းပါပဲ၊ ဘယ်နှချက်ချုပ် ရမယ်ဆိုတာကို ဆရာ ဘယ်လိုများ သိလဲဟင်…”

“လွယ်ပါတယ် ဆရာမရယ်… သူ့ပါးစပ်ကို ကြည့်ပြီးပြောတာပါ၊ တိုက်ရိုက်အချိုးတူတယ် ဆရာမရဲ့”

အဲ့လိုလည်း ပြောရော…

ဆရာမလေးခများ ရှက်ကိုးရှက်ကန်းနဲ့ နူတ်ခမ်းကိုချွန် ပါးစပ်ကိုစိပြီး ပြောသတဲ့… ….

“ဟွန့်… ချရာကရဲ… ဟုရဲဟုပဲနဲ့”

ဆရာမလေးက နူတ်ခမ်းထူထူကလေးနဲ့ ဆိုကိုး…
😃😃😃

6. “ဟီး… ဟီး… ဦးကလေ… တကယ်ပဲတော့်”

“ညည်းလည်း ကလေးမွေးရင် အဲ့ဆရာဝန်ဆီ မသွားနဲ့”

“အမလေး… ကလေးမွေးဖို့မပြောနဲ့ ရည်းစားတောင် မရှိသေးဘူး”

“ယုံပါဘူးအေ…”

“တကယ်ပြောတာ… ဦး တပည့်တွေထဲက ချောထောတော် ရှိရင် စပ်ပေးအုံး”

“ဘာလဲဟ… ချောထောတော်ကြီးက”

“ဦးကလည်း ပိန်းလိုက်တာ၊ ရုပ်ချော ငွေထော ပညာတော် တဲ့လူလေ”

“အော်… အဲ့လို ချောထောတော်တော့ မရှိဘူး… မာ၊ ကြီး၊ ရှည် တွေတော့ ရှိတယ် ယူမလား”

“ဟင့်… ကြောက်စရာကြီး မယူုချင်ပါဘူး”

“ဟဲ့… လိမ်မာ သဘောထားကြီး စိတ်ရှည်တဲ့လူကို ပြောတာ”

“ဟွင်းး… အာ့ဆိုရင်တော့ ယူမယ် စပ်ပေး”

ဒါနဲ့…

အလုပ်ထဲက အင်ဂျင်နီယာပေါက်စတွေရဲ့ ဖုန်းနံပတ်တွေ တန်းစီပြီး ပေးထားခဲ့တယ်၊၊

ကုသိုလ်ရပါတယ်လေ…. အောင်သွယ်လုပ်ရတာ။

ဟုတ်ဘူးလား။

7. ပြန်မယ်လုပ်တော့မှ ကလေးမက မေးတယ်… ….

“ဦးက နှံ့စပ်တဲ့သူဆိုတော့ အကြံပေးခဲ့အုံး”

“အင်း… ပြော ဘာလဲ”

“ဟိုလေ… ဟွာလေ… ညိုတဲ့ဟာလေ အာ့လေ ပြန်ဖြူအောင် ဘာလုပ်ရမလဲငင်…”

“L’OREAL က Day cream, night cream လိမ်းပေါ့အေ့၊ ဖြူပြီး ညက်လာလိမ့်မယ်”

“ဟွန့်… တခြားမြန်မြန်ဖြူတဲ့နည်း မရှိဘူးလား”

“အာ့ဆိုလည်း ဖင်ကို ပေါင်းတင်အေ…”

“ငင်… ဘယ်ဆိုင်က တင်ပေးမှာလဲ ဦးရယ်”

“ဈေးပိုပေးပြီး ညှိကြည့်ပေါ့ ရမှာပါ”

“ရတယ်ပဲထား… စဉ်းစားကြည့်မိတယ်၊ ထိုင်ခုံပေါ်တက် ဖင်ဗူးတောင်းထောင်ထားတာကို ပေါင်းတင်တဲ့ အုပ်ဆောင်းကြီးနဲ့ အုပ်၊ ညောင်းကညောင်း ပူကပူ၊ လူမြင်လို့လည်း မကောင်း၊ အမလေး တော်ပြီတော်ပြီ ဖင်မဲလို့ ကြိုက်မယ့်သူမရှိလည်း အပျိုကြီးပဲ လုပ်တော့မယ်”

“ဟား… ဟား… သွားပြီအေ၊ ငါ ဖင်ပေါင်းတင်တဲ့ဆိုင်ဖွင့်ရင် လာ အားပေးအုံး”

“ဟွန့်…”

#သန်၄ကို – #ပေါက်ကရ၄၀

မႏၲေလးသူေတြရဲ့ “ဖ်င္ၾကားညိဳ ျပႆ နာ”… စိတ္မဆိုးတတ္မွ အျပည့္အစုံဖတ္ၾကည့္ေနာ္..

ရဘူးေနာ္ . . . .ခ္ခ္ခ္( စာေရးတဲ့သူ ေပါက္ေပါက္ရွာရွာေတြးတတ္ပုံမ်ား)

“ဖင္ၾကားညိဳ ျပႆ နာ”

1. ဒီရက္ပိုင္းက ျပႆ ဒါးလြတ္ပုံ မရဘူး။

ဘာစာေရးေရး ေနာက္ဆက္တြဲ ျပႆ နာေလးေတြနဲ႔။

2. တရက္က ေရးမိတယ္…

‘မႏၲေလးသူ ဖင္ၾကားညိဳ’… လို႔။

အဲ့ဒါကိုဗ်ာ မႏၲေလးသူ သူငယ္ခ်င္းတစ္ေယာက္က ဖုန္းဆက္ၿပီး ရန္လုပ္တယ္… …

“ဦးသန္ရာ… မႏၲေလးသူဖင္ၾကားညိဳလို႔ေတာ့ သိမ္းၾကဳံးမေျပာသင့္ပါဘူးဗ်ာ”

“ဟာ… သိမ္းၾကဳံးမေျပာမိပါဘူး၊ ကိုယ့္လူကိုယ္ ေျပာတာပါ”

“ခုမွ မုန္လာဥလာမလုပ္ေနနဲ႔”

“ကဲ ဒါဆို ငါေမးမယ္၊ ၾကမ္းျပင္ေပၚ တင္ျပင္ေခြၿပီး အၾကာႀကီးထိုင္ရင္ ေျခမ်က္ေစ့ေတြ ဘာျဖစ္တတ္လဲ ေျဖ”

“ညိဳ မဲ လာတာေပါ့ဗ်”’

“ေအး… ေနာက္တခုေမးမယ္၊ အေၾကာင္းေၾကာင္းေၾကာင့္ ဒူး ခဏခဏေထာက္ရတဲ့သူေတြရဲ့ ဒူးက ၾကာလာရင္ ဘာျဖစ္မလဲ”

“ဒူးႀကီး ညိဳမဲလာတာေပါ့ဗ်”

“ဟုတ္ၿပီ… ထပ္ေမးမယ္၊ တခ်ိဳ႕မိန္းကေလးေတြ ေျခဖေနာင့္ အထက္နားမွာ ဘာလို႔ မဲမဲအကြက္ေလး ျဖစ္ေနတာလဲ”

“သူ႔ ႀကိဳးသိုင္းဖိနပ္က ႀကိဳးနဲ႔ ပြတ္မိလို႔ေပါ့ဗ်”

“မွန္တာေပါ့… ကဲ ျမန္မာျပည္မွာ မႏၲေလးက စက္ဘီး ဆိုင္ကယ္ အမ်ားဆုံး စီးတယ္ဆိုရင္ နင္ ျငင္းမလား”

“မျငင္းဘူး”

“အာ့ဆို… စက္ဘီးထိုင္ခုံနဲ႔ အျမဲပြတ္တိုက္ေနတဲ့ ဒို႔ မန္းသူမန္းသားေတြရဲ့ ဖင္ၾကားမွ မညိဳရင္ ဘယ္သူညိဳမလဲ ကဲ”

“ဟာဗ်ာ… မသိဘူးဗ်ာ… ဘယ္သူညိဳညိဳ က်ေနာ္မညိဳဘူးဗ်ာ… ‘

“ညည္း ေသခ်ာလို႔လား ေအ့”

“ေသခ်ာတယ္ဗ်ာ… ခင္ဗ်ားႀကီး လူယုတ္မာႀကီး၊ အကုန္ေလၽွာက္စဥ္းစာေနတာ၊ ေတာက္စ္… မျမင္ဖူးဘဲနဲ႔ကို မွန္ေအာင္ ေျပာနိုင္တာ၊ ရွက္တယ္ ရွက္တယ္ ဟင့္ ဟင့္”

အဲ့ကေလးမလည္း ဖင္ၾကားညိဳကိစၥေၾကာင့္ ေလာကီကို စိတ္ကုန္ၿပီး သီလရွင္ ဝတ္သြားရွာတယ္သာဓု သာဓု သာဓု

3. တရက္က ဘယ္ေျခေထာက္ အရမ္းကိုက္ေနလို႔ ႐ုံးလစ္ၿပီး ထိုင္းမာဆတ္မွာ သြားအႏွိပ္ခံတယ္။

ကိုယ့္ႏွိပ္ေပးတဲ့ မိန္းကေလးက ကိုယ့္ကို သိေနတယ္… ….

“ဦးက ဦးသန္၄ကို မလား”

“ငင္… ဘယ္လိုသိလဲ”

“သမီးနဲ႔က ေဖ့စ္ဘုတ္မွာ ဖရန႔္ေလ”

“”ေအာ္… ေအး ေအး…၊ ငါ ဒီကိုလာတယ္လို႔ေတာ့ ပို႔စ္မတင္နဲ႔ေနာ္”

“ဘာလို႔လဲ ဦးရဲ့”

“မိန္းမယူခါနီး သူနဲ႔ျပသနာမတက္ခ်င္ဘူးေအ”

“ဟုတ္ကဲ့ပါ… ဦးတို႔က ဘာလို႔ခုထိ မယူေသးတာလဲ”

“သူက သူ႔အႏုပညာအလုပ္ေတြနဲ႔ ရႈပ္ေနတာေလ၊ သူ အကယ္ဒမီမရခင္ လက္မထပ္ခ်င္ေသးဘူးဆိုလို႔ ေစာင့္ေနရတာ”

“ေအာ္… ဦး ခ်စ္သူက ႐ုပ္ရွင္မင္းသမီးေပါ့”

“ေအး……”

“ဘယ္သူလဲ ဟင္”

“နန္းခင္ေဇယ်ာ…”

“ဖြီးစ္စ္… အဟုတ္မွတ္လို႔ နားေထာင္ေနတာ၊ အေနာက္သန္တယ္ ဦးက”

“ဟီး… ဟီး…”

“ဒါနဲ႔ ဦးကို ၾကဳံလို႔ ေမးအုံးမယ္”

“ေမး…”

“မႏၲေလးသူေတြက ဘာလို႔ ဖင္ၾကားညိဳတာလဲဟင္…”

အင္း… ဒီကိစၥက မၿပီးေသးပါလား ဒုကၡပါပဲ

မတတ္နိုင္ဘူး ကိုယ္စမိတဲ့ဇာတ္လမ္း

အေမးရွိက အေျဖရွိရေတာ့မွာေပါ့

4. အဲ့ဒါနဲ႔…

ဟိုေန႔က မယ္သီလရွင္ ဝတ္သြားတဲ့ ကေလးမကို ရွင္းျပသလိုပဲ သူ႔ကို ရွင္းျပလိုက္တယ္။

“… … အဲ့လို စက္ဘီး ဆိုင္ကယ္ စီးတာမ်ားလို႔ ညိဳတာေအ့၊ မဟုတ္ပါဘူးျငင္းရင္ ညာတာ”

“အင္း… အဲ… ဦးကလည္း ရွက္စရာႀကီး”

“ရွက္စရာ မဟုတ္ပါဘူး၊ ဒါ သဘာဝပါ၊ ဒါနဲ႔ ညည္းကေရာ ဘယ္ၿမိဳ႕ကလည္း”

“သမီးက လမ္းပဲေလၽွာက္တာ”

“ဘယ္ၿမိဳ႕ကလည္း ေမးတာေအ့၊ ညည္းကို လမ္းေလၽွာက္သလား စက္ဘီးဆိုင္ကယ္ စီးသလား ေမးေနတာမဟုတ္ဘူး”

“သမီးၿမိဳ႕ကိုသိရင္ သမီးစက္ဘီးဆိုင္ကယ္ စီးတာ သိမွာေပါ့၊ အာ့ဆို ဦးက သမီးကို သမီးကို ဟိုဒင္းညိဳတယ္လို႔ ေတြးေနမွာ..”

“ခက္ဖူးလား၊ ညည္းဟာက အႏၲရာယ္ကို ႀကိဳျမင္လိုက္ပုံမ်ား ဟိုပုံျပင္ထဲက သားဖြားမီးယပ္ ဆရာဝန္ႀကီးနဲ႔ သူ႔နပ္စ္မေလးလို ျဖစ္ေနၿပီ”

“ေျပာပါအုံး… အဲ့ပုံျပင္…”

5. ဒါနဲ႔ သူ႔ကို ပုံျပင္ေျပာျပရတယ္။

ၾကားဖူးနားဝပါ ဘယ္သူက မူရင္းလဲေတာ့ မသိေတာ့ပါဘူး။

ဒီလို…

တခါက သားဖြားမီးယပ္အထူးကု ဆရာဝန္ႀကီးတစ္ေယာက္ ရွိသတဲ့။

ေမြးလူနာေတြ ကေလးေမြးၿပီးရင္ မိန္းမကိုယ္ ေမြးလမ္းေၾကာင္းကို ျပန္ခ်ဳပ္တဲ့အခါတိုင္း… ဆရာဝန္ႀကီးက ထမၾကည့္ဘဲနဲ႔ သူ႔နပ္စ္မေလးကို ခိုင္းသတဲ့… ..

“ဆရာမေရ… နံပတ္ ၁ ေမြးလူနာကို ၃ ခ်က္ ခ်ဳပ္လိုက္ပါ”

“ဟုတ္ကဲ့ ဆရာ”

“ဆရာမေရ… နံပတ္ ၂ ေမြးလူနာကို ၂ ခ်က္ပဲ ခ်ဳပ္ပါ”

“ဟုတ္ကဲ့ ဆရာ”

“ဆရာမေရ… နံပတ္ ၃ ေမြးလူနာကိုေတာ့၆ ခ်က္ ခ်ဳပ္ပါ”

“ဟုတ္ကဲ့ ဆရာ”

ဒါနဲ႔ နပ္စ္မေလးက ေမးတယ္… …

“ဆရာရယ္… ေမြးလူနာကို ထေတာင္မၾကည့္ဘဲနဲ႔ ဘယ္ႏွခ်က္ခ်ဳပ္ပါလို႔ ဆရာကေျပာတယ္၊ ေျပာတဲ့အတိုင္း က်မခ်ဳပ္လိုက္တာ ကြက္တိခ်ည္းပါပဲ၊ ဘယ္ႏွခ်က္ခ်ဳပ္ ရမယ္ဆိုတာကို ဆရာ ဘယ္လိုမ်ား သိလဲဟင္…”

“လြယ္ပါတယ္ ဆရာမရယ္… သူ႔ပါးစပ္ကို ၾကည့္ၿပီးေျပာတာပါ၊ တိုက္ရိုက္အခ်ိဳးတူတယ္ ဆရာမရဲ့”

အဲ့လိုလည္း ေျပာေရာ…

ဆရာမေလးခမ်ား ရွက္ကိုးရွက္ကန္းနဲ႔ ႏူတ္ခမ္းကိုခၽြန္ ပါးစပ္ကိုစိၿပီး ေျပာသတဲ့… ….

“ဟြန႔္… ခ်ရာကရဲ… ဟုရဲဟုပဲနဲ႔”

ဆရာမေလးက ႏူတ္ခမ္းထူထူကေလးနဲ႔ ဆိုကိုး…
😃😃😃

6. “ဟီး… ဟီး… ဦးကေလ… တကယ္ပဲေတာ့္”

“ညည္းလည္း ကေလးေမြးရင္ အဲ့ဆရာဝန္ဆီ မသြားနဲ႔”

“အမေလး… ကေလးေမြးဖို႔မေျပာနဲ႔ ရည္းစားေတာင္ မရွိေသးဘူး”

“ယုံပါဘူးေအ…”

“တကယ္ေျပာတာ… ဦး တပည့္ေတြထဲက ေခ်ာေထာေတာ္ ရွိရင္ စပ္ေပးအုံး”

“ဘာလဲဟ… ေခ်ာေထာေတာ္ႀကီးက”

“ဦးကလည္း ပိန္းလိုက္တာ၊ ႐ုပ္ေခ်ာ ေငြေထာ ပညာေတာ္ တဲ့လူေလ”

“ေအာ္… အဲ့လို ေခ်ာေထာေတာ္ေတာ့ မရွိဘူး… မာ၊ ႀကီး၊ ရွည္ ေတြေတာ့ ရွိတယ္ ယူမလား”

“ဟင့္… ေၾကာက္စရာႀကီး မယူုခ်င္ပါဘူး”

“ဟဲ့… လိမ္မာ သေဘာထားႀကီး စိတ္ရွည္တဲ့လူကို ေျပာတာ”

“ဟြင္းး… အာ့ဆိုရင္ေတာ့ ယူမယ္ စပ္ေပး”

ဒါနဲ႔…

အလုပ္ထဲက အင္ဂ်င္နီယာေပါက္စေတြရဲ့ ဖုန္းနံပတ္ေတြ တန္းစီၿပီး ေပးထားခဲ့တယ္၊၊

ကုသိုလ္ရပါတယ္ေလ…. ေအာင္သြယ္လုပ္ရတာ။

ဟုတ္ဘူးလား။

7. ျပန္မယ္လုပ္ေတာ့မွ ကေလးမက ေမးတယ္… ….

“ဦးက ႏွံ့စပ္တဲ့သူဆိုေတာ့ အႀကံေပးခဲ့အုံး”

“အင္း… ေျပာ ဘာလဲ”

“ဟိုေလ… ဟြာေလ… ညိဳတဲ့ဟာေလ အာ့ေလ ျပန္ျဖဴေအာင္ ဘာလုပ္ရမလဲငင္…”

“L’OREAL က Day cream, night cream လိမ္းေပါ့ေအ့၊ ျဖဴၿပီး ညက္လာလိမ့္မယ္”

“ဟြန႔္… တျခားျမန္ျမန္ျဖဴတဲ့နည္း မရွိဘူးလား”

“အာ့ဆိုလည္း ဖင္ကို ေပါင္းတင္ေအ…”

“ငင္… ဘယ္ဆိုင္က တင္ေပးမွာလဲ ဦးရယ္”

“ေဈးပိုေပးၿပီး ညႇိၾကည့္ေပါ့ ရမွာပါ”

“ရတယ္ပဲထား… စဥ္းစားၾကည့္မိတယ္၊ ထိုင္ခုံေပၚတက္ ဖင္ဗူးေတာင္းေထာင္ထားတာကို ေပါင္းတင္တဲ့ အုပ္ေဆာင္းႀကီးနဲ႔ အုပ္၊ ေညာင္းကေညာင္း ပူကပူ၊ လူျမင္လို႔လည္း မေကာင္း၊ အမေလး ေတာ္ၿပီေတာ္ၿပီ ဖင္မဲလို႔ ႀကိဳက္မယ့္သူမရွိလည္း အပ်ိဳႀကီးပဲ လုပ္ေတာ့မယ္”

“ဟား… ဟား… သြားၿပီေအ၊ ငါ ဖင္ေပါင္းတင္တဲ့ဆိုင္ဖြင့္ရင္ လာ အားေပးအုံး”

“ဟြန႔္…”

#သန္၄ကို – #ေပါက္ကရ၄၀