ဗဟုသုတ

ထူးဆန်းစွာဖြင့် အရှည်၂.၅မီတာအရှည်ထိ ငှက်ပျောသီးတွေက မရပ်တန့်နိုင်သေးပဲသီးပွင့်နေဆဲအဖြစ်အပျက်





Rain (For Ialinks)

Unicode

ထူးဆန်းစွာဖြင့် အရှည်၂.၅မီတာအရှည်ထိ ငှက်ပျောသီးတွေက မရပ်တန့်နိုင်သေးပဲသီးပွင့်နေဆဲအဖြစ်အပျက်

လောကကြီးတွင် ထူးဆန်းသောအဖြစ်အပျက်များသည် နေ့စဥ်နဲ့အမျှ တစ်မျိုးပြီးတစ်မျိုး သဘာဝတိုင်းဖြစ်ပေါ်လေ့ရှိရာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံဖူးကြမှာပါ။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Quang Ngaiပြည်နယ်တွင် နေထိုင်သော လယ်သမားအမျိုးသားတစ်ဦးသည် လွန်ခဲ့သောသုံးနှစ်လောက်က စိုက်ပျိုးထားသော ငှက်ပျောပင်တစ်ပင်က အသီးတွေရာထောင်ချီပြီး အရှည်၂.၅မီတာရှိတဲ့ထိကို သီးပွင့်နေဆဲပဲဖြစ်တာကြောင့် အံ့အားသင့်ခဲ့ရသည်။

လယ်သမားအမျိုးသားသည် ပြည်နယ်တစ်ခုမှာ စားဝတ်နေရေးအတွက် အလုပ်သွားရောက်လုပ်ခဲ့စဥ် ထိုကသူငယ်ချင်းမိတ်ဆွေတစ်ယောက်မှ အိမ်ပြန်လက်ဆောင်အနေနဲ့ ထိုငှက်ပျောပင်ကိုစိုက်ရန် ပေးခဲ့သည်။

အမျိုးသားလည်း သာမန်ငှက်ပျောပင်ထင်ပြီး စိုက်ပျိုးထားခဲ့ရာ တစ်နှစ်အကြာမှာတော့ အသီးတွေစတင်သီးပွင့်ခဲ့ရာ သုံးနှစ်အကြာမှာတော့ ငှက်ပျောဖူးတစ်ခိုင်ကနေ အသီးတွေထောင်ချီသီးလာပြီး မြေကြီးကိုထိခါနီးထိ အပင်ကသီးပွင့်နေဆဲဖြစ်တာကြောင့် မြေအောက်ကြွင်းပေါက်လေးကိုပါ တူးရန်စီစဥ်ခဲ့ကြရသည်။

Rain (For Ialinks)

Crd