ၾကားသိရသမွ်
ကိုဂျင်မီ ဖြိုးဇေယျာသော်အပါအ၀င် ၄ဦးတို့ရဲ့ နောက်ဆက်တွဲသတင်းအရင်းအမြစ်….
ကိုဂျင်မီ ဖြိုးဇေယျာသော်အပါအ၀င် ၄ဦးတို့ရဲ့ နောက်ဆက်တွဲသတင်းအရင်းအမြစ်….
ညအချိန်မတော် တနိုင်ငံလုံးကို မီးဖြတ်ပြီး ရာဇဝင်တွင်မယ့် ယုတ်မာမှုတခု လုပ်လိုက်ကြတယ် ။ တောက် !!!
ဇေယျာသော်၊ ကိုဂျင်မီအပါအဝင် သေဒဏ်ကျအကျဉ်းသား လေးဦးအား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း သတင်းထုတ်ပြန်
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော် အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင်
ဖြိုးဇေယျာသော် (ခ) မောင်ကျော် (ခ) ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊လှမျိုးအောင်
(ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရ ဇော် (ခ) ကတုံး (ခ) သူရတို့သည်
ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊
စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင် ကျူးလွန်းခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရမှု အတွက်
သက်ဆိုင်ရာ စစ်ခုံရုံးအသီးသီးက ကျူးလွန် သည့်ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများ၊
ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများ ဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံ လေးဦးအပေါ် သေဒဏ်ချမှတ်ရာ
အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများ အတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
Credit
zawgyi,
Credit