နီကြောင်ကြောင်နဲ့ ပါးပါးလေးဖြစ်နေတဲ့ ဆံပင်ဟာ သန်စွမ်းနက်မှောင်လာတာ ဒီဆေးနည်းကြောင့်ပါ ။
ဆံပင်အတွက် ဆေးတလက်
စာရေးသူဟာ ငယ်ရွယ်သူဖြစ်တဲ့အတွက် ဆံပင်ကို အမျိုးမျိုး ပြုပြင်ပြီး နေပါတယ်..။ ဆံပင်မဖြူဘဲနဲ့လဲ အနက်ဆေးဆိုးပါတယ်။ တခါ သူများတွေနီပြန်တော့ လိုက်နီလိုက်ပါတယ်။ အဝါပေါ်ပြန်တော့ ထပ်ဝါလိုက်ပါသေးတယ်။ ဆံပင်ကိုလဲ တပတ်တခါ ခေါင်းလျှော်ပြီးတိုင်း ဖြောင့်စက်နဲ့ ဖြောင့်ပါတယ်။
တနှစ်ကျော် ကြာလာတဲ့အခါမှာတော့ စာရေးသူရဲ့ ဆံပင်တွေဟာ နီကြောင်ကြောင်နဲ့ ပါးပါးလေး ဖြစ်လာပါတယ်။ ဒါကြောင့် ဆံပင်ကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်ပါတယ်။ အခုတော့ စာရေးသူရဲ့ ဆံပင်ဟာ အရင်လို သန်စွမ်းနက်မှောင်လာပါပြီ။ ဘာကြောင့်လဲဆိုတာကို အခု တင်ပြပါ့မယ်။

တနေ့မှာ စာရေးသူရဲ့ အဘွာလေးတော်သူ အမေတင်ဟာ ရန်ကုန်မြို့မှ စာရေးသူတို့ထံ အလည်ရောက်ရှိလာပါတယ်။ နောက်တနေ့ နေ့လယ်မှာ စာရေးသူနဲ့ အမေတင် စကားပြောရင်း အမေတင့်ခေါင်းက ဆံပင်ကို သတိထားမိလိုက်ပါတယ်။
အမေတင် ဆံပင်တွေ မဖြူတော့ပါလား၊ ဆေးဆိုးထားတာလားဟု မေးလိုက်ပါတယ်။ အမယ်လေးအေ၊ အသက်ကြီးမှတော့ ဆေးမဆိုးပါဘူး။ ဒါဖြင့် ဘာလို့နက်နေတာလဲ အရင်တုန်းက ဖြူနေတဲ့ဟာကို၊ ဒါကတော့ ကိုယ့်နည်းနဲ့ကိုယ်ပေါ့၊ နည်းကောင်းရှိရင် ပြောပြပါဦး။
သမီးဆံပင်တွေလဲ ပျက်စီးနေလို့။ ညည်းတို့က ခေတ်ပေါ်နည်းတွေ လျှောက်လုပ်တာကိုး၊ ပျက်မှာပေါ့။ ဒါပေမယ့် မပူပါနဲ့၊ အခု အဘွားပြောပြတဲ့နည်းကို (၆)လလောက် လုပ်ကြည့်ပါ။ အရင်လို ပြန်ဖြစ်လာပါလိမ့်မယ်။
ဆေးနည်းက လွယ်ပါတယ်။ ဘာမှမခက်ပါဘူ..း။ အရင်ဆုံး အိမ်သုံးလက်ဖက်ခြောက် (အဖန်ခြောက်)ကို ဒယ်အိုးထဲထည့်ပြီး တူးခြစ်သွားအောင် လှော်ပါ။ ပြီးရင် ညက်မှုန့်နေအောင် ထောင်းပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီး အုန်းဆီနဲ့ ဖျော်ပါ။
ပြီးရင် ဒန်အိုးထဲ ရေထည့်ပါ။ အလယ်ကောင်မှာ အုန်းဆီနဲ့ လက်ဖက်ခြောက်မှုန့် ဖျော်ထားတဲ့ ပန်းကန် ထည့်ပြီး ဆီပွက်လာတဲ့အထိ ပေါင်းပါ။ ဆီပွက်ရင် မီးဖိုမှချပြီး အအေးခံကာ လေလုံသောပုလင်းထဲသို့ ထည့်ပြီး နေ့စဉ် မှန်မှန်လိမ်းပေးပါက ဆံပင်များ နက်မှောင်သန်စွမ်းလာပါလိမ့်မယ်။

ဖြူသောဆံပင်လဲ နက်လာပါလိမ့်မယ်။ ဆေးဆိုးစရာ မလိုပါ။ ဆေးဆိုး၍ ဆံပင်များ နီကြောင်ကြောင် ဖြစ်နေပါက ဤနည်းကို ယုံကြည်စွာ လုပ်ကြည့်ပါ။ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။
Credit – (မေသက်ပိုင်ထွန်း-မိတ္ထီလာ)
နီေၾကာင္ေၾကာင္နဲ႔ ပါးပါးေလးၿဖစ္ေနတဲ႔ ဆံပင္ဟာ သန္စြမ္းနက္ေမွာင္လာတာ ဒီေဆးနည္းေႀကာင္႔ပါ ။
ဆံပင္အတြက္ ေဆးတလက္
စာေရးသူဟာ ငယ္႐ြယ္သူျဖစ္တဲ့အတြက္ ဆံပင္ကို အမ်ိဳးမ်ိဳး ျပဳျပင္ၿပီး ေနပါတယ္။ ဆံပင္မျဖဴဘဲနဲ႔လဲ အနက္ေဆးဆိုးပါတယ္။ တခါ သူမ်ားေတြနီျပန္ေတာ့ လိုက္နီလိုက္ပါတယ္..။ အဝါေပၚျပန္ေတာ့ ထပ္ဝါလိုက္ပါေသးတယ္။ ဆံပင္ကိုလဲ တပတ္တခါ ေခါင္းေလွ်ာ္ၿပီးတိုင္း ေျဖာင့္စက္နဲ႔ ေျဖာင့္ပါတယ္။
တႏွစ္ေက်ာ္ ၾကာလာတဲ့အခါမွာေတာ့ စာေရးသူရဲ႕ ဆံပင္ေတြဟာ နီေၾကာင္ေၾကာင္နဲ႔ ပါးပါးေလး ျဖစ္လာပါတယ္။ ဒါေၾကာင့္ ဆံပင္ကို ဘာမွမလုပ္ဘဲ ဒီအတိုင္းထားလိုက္ပါတယ္။ အခုေတာ့ စာေရးသူရဲ႕ ဆံပင္ဟာ အရင္လို သန္စြမ္းနက္ေမွာင္လာပါၿပီ။ ဘာေၾကာင့္လဲဆိုတာကို အခု တင္ျပပါ့မယ္။
တေန႔မွာ စာေရးသူရဲ႕ အဘြာေလးေတာ္သူ အေမတင္ဟာ ရန္ကုန္ၿမိဳ႕မွ စာေရးသူတို႔ထံ အလည္ေရာက္ရွိလာပါတယ္။ ေနာက္တေန႔ ေန႔လယ္မွာ စာေရးသူနဲ႔ အေမတင္ စကားေျပာရင္း အေမတင့္ေခါင္းက ဆံပင္ကို သတိထားမိလိုက္ပါတယ္။
အေမတင္ ဆံပင္ေတြ မျဖဴေတာ့ပါလား ၊ ေဆးဆိုးထားတာလားဟု ေမးလိုက္ပါတယ္။ အမယ္ေလးေအ၊ အသက္ႀကီးမွေတာ့ ေဆးမဆိုးပါဘူး။ ဒါျဖင့္ ဘာလို႔နက္ေနတာလဲ အရင္တုန္းက ျဖဴေနတဲ့ဟာကို၊ ဒါကေတာ့ ကိုယ့္နည္းနဲ႔ကိုယ္ေပါ့၊ နည္းေကာင္းရွိရင္ ေျပာျပပါဦး..။
သမီးဆံပင္ေတြလဲ ပ်က္စီးေနလို႔။ ညည္းတို႔က ေခတ္ေပၚနည္းေတြ ေလွ်ာက္လုပ္တာကိုး၊ ပ်က္မွာေပါ့။ ဒါေပမယ့္ မပူပါနဲ႔၊ အခု အဘြားေျပာျပတဲ့နည္းကို (၆)လေလာက္ လုပ္ၾကည့္ပါ။ အရင္လို ျပန္ျဖစ္လာပါလိမ့္မယ္။
ေဆးနည္းက လြယ္ပါတယ္။ ဘာမွမခက္ပါဘူး..။ အရင္ဆုံး အိမ္သုံးလက္ဖက္ေျခာက္ (အဖန္ေျခာက္)ကို ဒယ္အိုးထဲထည့္ၿပီး တူးျခစ္သြားေအာင္ ေလွာ္ပါ။ ၿပီးရင္ ညက္မႈန႔္ေနေအာင္ ေထာင္းပါ။ ၿပီးရင္..ပန္းကန္ထဲထည့္ၿပီး အုန္းဆီနဲ႔ ေဖ်ာ္ပါ။
ၿပီးရင္ ဒန္အိုးထဲ ေရထည့္ပါ။ အလယ္ေကာင္မွာ အုန္းဆီနဲ႔ လက္ဖက္ေျခာက္မႈန႔္ ေဖ်ာ္ထားတဲ့ ပန္းကန္ ထည့္ၿပီး ဆီပြက္လာတဲ့အထိ ေပါင္းပါ။ ဆီပြက္ရင္ မီးဖိုမွခ်ၿပီး အေအးခံကာ ေလလုံေသာပုလင္းထဲသို႔ ထည့္ၿပီး ေန႔စဥ္ မွန္မွန္လိမ္းေပးပါက ဆံပင္မ်ား နက္ေမွာင္သန္စြမ္းလာပါလိမ့္မယ္။
ျဖဴေသာဆံပင္လဲ နက္လာပါလိမ့္မယ္။ ေဆးဆိုးစရာ မလိုပါ။ ေဆးဆိုး၍ ဆံပင္မ်ား နီေၾကာင္ေၾကာင္ ျဖစ္ေနပါက ဤနည္းကို ယုံၾကည္စြာ လုပ္ၾကည့္ပါ။ နဂိုအတိုင္း ျပန္လည္ေကာင္းမြန္လာပါလိမ့္မယ္။
Credit – (ေမသက္ပိုင္ထြန္း-မိတၳီလာ)



